(၂၈)နှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးရှုံးပွဲရင်ဆိုင်ရခဲ့ပြီးတဲ့နောက် နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ စပိန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဟောင်းစပိန်အသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆွီဒင်အသင်းကို (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီး (၂၈)နှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ရပေမယ့် မနေ့က,ကစားခဲ့တဲ့ ဂျော်ဂျီယာနဲ့ပွဲမှာတော့ (၄-၀)ဂိုးပြတ်နဲ့ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။

စတော့ဟုမ်းမှာကစားခဲ့တဲ့ ဆွီဒင်နဲ့ပွဲမှာ စပိန်အသင်းအတွက် ပွဲအစ(၅)မိနစ်မှာ တိုက်စစ်မှူးကားလို့စ်ဆိုလာက အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် တစ်မိနစ်လောက်အကြာမှာပဲ အိုက်ဆက်က ချေပဂိုးပြန်သွင်းခဲ့သလို

ဒုတိယပိုင်း(၅၇)မိနစ်မှာတော့ ဆီလက်ဆန်က အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ၁၉၉၃ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတဲ့အပြင် စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးပွဲမရှိမှတ်တမ်းကလည်း (၆၆)ပွဲမှာရပ်တန့်သွားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်တုန်းက စပိန်အသင်းကို အနိုင်ယူခဲ့တာကလည်း ဆွီဒင်လိုပဲ စကင်ဒီနေဗီးယန်းနိုင်ငံဖြစ်တဲ့ ဒိန်းမတ်အသင်းပဲဖြစ်ပြီး (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီနောက်ပိုင်း စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက် (၅၂)ပွဲနိုင်၊ (၁၄)ပွဲသရေကျခဲ့ပေမယ့် (၆၇)ပွဲမြောက်မှာ ရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဆွီဒင်နဲ့ပွဲအပြီးမှာ စပိန်အသင်းနည်းပြအင်းနရစ်က “ပြိုင်ဘက်နဲ့တစ်ယောက်ချင်းရင်ဆိုင်အတွေ့မှာ ကျွန်တော့်ကစားသမားတွေ ဘောလုံးဆုံးရှုံးမှုအကြိမ်အရမ်းများခဲ့ပါတယ်။

ကစားပုံက ဒီလောက်အဆိုးကြီးမဟုတ်ပေမယ့် ကွင်းလယ်မှာ ပြိုင်ဘက်နဲ့ တစ်ယောက်ချင်းဆုံတွေ့တဲ့အခါတိုင်း ဘောလုံးဆုံးရှုံးတာတွေများခဲ့ပြီး ဆွီဒင်အသင်းရဲ့ ကစားပုံအပြောင်းအလဲတွေကလည်း ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ စပိန်အသင်းဟာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့ပြီးရက်ပိုင်းအကြာမှာပဲ ဂျော်ဂျီယာအသင်းကို ဂိုးပြတ်အနိုင်ပြန်ယူခဲ့သလို စပိန်အသင်းအတွက်ဂိုးတွေကို ဂါယာ၊ ကားလို့စ်ဆိုလာ၊ ဖာရန်တောရက်စ်နဲ့ ဆာရာဘီယာတို့က သွင်းယူခဲ့ကြပါတယ်။

အခုလောလောဆယ် စပိန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၅)ပွဲကစားအပြီး (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၁၀)မှတ်နဲ့ ထိပ်ဆုံးမှာရပ်တည်နေပေမယ့်

သူတို့နောက်က ဆွီဒင်အသင်းက (၃)ပွဲသာကစားရသေးသလို ပွဲတိုင်းအနိုင်ယူပြီးတော့ (၉)မှတ်အပြည့်ရထားတာကြောင့် စပိန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ လက်ကျန်ပွဲတွေမှာ အမှားလုပ်လို့မရတော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၂၈)ႏွစ္အတြင္း ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပထမဆုံးရႈံးပြဲရင္ဆိုင္ရခဲ့ၿပီးတဲ့ေနာက္ ႏိုင္ပြဲျပန္ရွာေတြ႕ခဲ့တဲ့ စပိန္

၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံေဟာင္းစပိန္အသင္းဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ဆြီဒင္အသင္းကို (၂-၁)ဂိုးနဲ႔မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ၿပီး (၂၈)ႏွစ္အတြင္း ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပထမဆုံးရႈံးပြဲနဲ႔ရင္ဆိုင္ရေပမယ့္ မေန႔က,ကစားခဲ့တဲ့ ေဂ်ာ္ဂ်ီယာနဲ႔ပြဲမွာေတာ့ (၄-၀)ဂိုးျပတ္နဲ႔ ႏိုင္ပြဲျပန္ရွာေတြ႕ခဲ့ပါတယ္။ စေတာ့ဟုမ္းမွာကစားခဲ့တဲ့ ဆြီဒင္နဲ႔ပြဲမွာ စပိန္အသင္းအတြက္ ပြဲအစ(၅)မိနစ္မွာ တိုက္စစ္မႉးကားလို႔စ္ဆိုလာက အဖြင့္ဂိုးသြင္းယူခဲ့ေပမယ့္ တစ္မိနစ္ေလာက္အၾကာမွာပဲ အိုက္ဆက္က ေခ်ပဂိုးျပန္သြင္းခဲ့သလို ဒုတိယပိုင္း(၅၇)မိနစ္မွာေတာ့ ဆီလက္ဆန္က အႏိုင္ဂိုးသြင္းယူခဲ့တာေၾကာင့္ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္း ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ရတဲ့အျပင္ စပိန္အသင္းရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲရႈံးပြဲမရွိမွတ္တမ္းကလည္း (၆၆)ပြဲမွာရပ္တန႔္သြားခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္တုန္းက စပိန္အသင္းကို အႏိုင္ယူခဲ့တာကလည္း ဆြီဒင္လိုပဲ စကင္ဒီေနဗီးယန္းႏိုင္ငံျဖစ္တဲ့ ဒိန္းမတ္အသင္းပဲျဖစ္ၿပီး (၁-၀)ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။ အဲဒီေနာက္ပိုင္း စပိန္အသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲတစ္ေလွ်ာက္ (၅၂)ပြဲႏိုင္၊ (၁၄)ပြဲသေရက်ခဲ့ေပမယ့္ (၆၇)ပြဲေျမာက္မွာ ရႈံးပြဲနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဆြီဒင္နဲ႔ပြဲအၿပီးမွာ စပိန္အသင္းနည္းျပအင္းနရစ္က “ၿပိဳင္ဘက္နဲ႔တစ္ေယာက္ခ်င္းရင္ဆိုင္အေတြ႕မွာ ကြၽန္ေတာ့္ကစားသမားေတြ ေဘာလုံးဆုံးရႈံးမႈအႀကိမ္အရမ္းမ်ားခဲ့ပါတယ္။ ကစားပုံက ဒီေလာက္အဆိုးႀကီးမဟုတ္ေပမယ့္ ကြင္းလယ္မွာ ၿပိဳင္ဘက္နဲ႔ တစ္ေယာက္ခ်င္းဆုံေတြ႕တဲ့အခါတိုင္း ေဘာလုံးဆုံးရႈံးတာေတြမ်ားခဲ့ၿပီး ဆြီဒင္အသင္းရဲ႕ ကစားပုံအေျပာင္းအလဲေတြကလည္း ကြၽန္ေတာ္တို႔ကို ဒုကၡေပးႏိုင္ခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ စပိန္အသင္းဟာ ဆြီဒင္ကို ရႈံးနိမ့္ခဲ့ၿပီးရက္ပိုင္းအၾကာမွာပဲ ေဂ်ာ္ဂ်ီယာအသင္းကို ဂိုးျပတ္အႏိုင္ျပန္ယူခဲ့သလို စပိန္အသင္းအတြက္ဂိုးေတြကို ဂါယာ၊ ကားလို႔စ္ဆိုလာ၊ ဖာရန္ေတာရက္စ္နဲ႔ ဆာရာဘီယာတို႔က သြင္းယူခဲ့ၾကပါတယ္။ အခုေလာေလာဆယ္ စပိန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ(၅)ပြဲကစားအၿပီး (၃)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁)ပြဲရႈံး ရမွတ္(၁၀)မွတ္နဲ႔ ထိပ္ဆုံးမွာရပ္တည္ေနေပမယ့္ သူတို႔ေနာက္က ဆြီဒင္အသင္းက (၃)ပြဲသာကစားရေသးသလို ပြဲတိုင္းအႏိုင္ယူၿပီးေတာ့ (၉)မွတ္အျပည့္ရထားတာေၾကာင့္ စပိန္အသင္းအေနနဲ႔ ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ လက္က်န္ပြဲေတြမွာ အမွားလုပ္လို႔မရေတာ့ပါဘူး။