၂၅ ပွဲဆက်ဂိုးပေါက်ပျောက်မှုကို ဟက်ထရစ်နဲ့အဆုံးသတ်နိုင်ခဲ့လို့ စိတ်သက်သာသွားတဲ့ မေဆန်မောင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူ့ရဲ့ပထမဆုံးချဲလ်ဆီးဟက်ထရစ်ရရှိခဲ့ပြီးနောက် ပွဲကန်တဲ့ဘောလုံးကိုကိုင်ထားတဲ့ ချဲလ်ဆီးကွင်းလယ်လူမေဆန်မောင့်တစ်ယောက် အပြုံးမရပ်နိုင် ဖြစ်နေပါတယ်။

သူကိုယ်တိုင်ကလည်း ကြာရှည်တဲ့ဂိုးပေါက်ပျောက်မှုမှာ ဖိအားအောက်ရောက်ခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။

မေဆန်မောင့်ဟာ ကလပ်နဲ့နိုင်ငံအတွက် ၂၅ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားအောက်ခြေက နော်ဝစ်ချ်နဲ့ပွဲကျမှ ၃ ဂိုးသွင်းနိုင်ခဲ့တာပါ။

အဲဒီပွဲက သူ့ရဲ့ဟက်ထရစ်မှာ ပြိုင်ဘက်ဂိုးသမားရဲ့ကာကွယ်မှုကြောင့် နှစ်ဆင့်ပြန်ကန်ခဲ့ရတဲ့ပင်နယ်တီလည်း ပါဝင်ပါတယ်။

”ဒီပွဲမတိုင်ခင်က ဂိုးသွင်းဖို့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ဖိအားပေးထားမိပါတယ်။

အဲဒီနောက် ၃ ဂိုးသွင်းနိုင်ခဲ့တာပါ။

ဒါဟာ ကြီးမားတဲ့အခိုက်အတန့်တစ်ခုဖြစ်ပြီး ကျွန်တော်အမှတ်ရနေမယ့် ပွဲတစ်ပွဲပါ”လို့ မေဆန်မောင့်က ဝန်ခံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မေဆန်မောင့်က”ဒါမျိုးအချိန်ကို ကျွန်တော်စောင့်ဆိုင်းနေခဲ့တာ ကြာပါပြီ။

ဂိုးသွင်းဖို့ အခြေအနေကောင်းတွေရရှိခဲ့ပေမယ့် မသွင်းနိုင်ခဲ့ဘဲ ဒီနေ့ကျမှ အဆင်ပြေသွားခဲ့တာပါ။

ကျွန်တော်က ပွဲတိုင်းကစားချင်ပေမယ့် တစ်ခါတစ်ရံမှာ ခြေတစ်လှမ်ဆုတ်ပြီး အားယူရတာလည်း ရှိပါတယ်။

ကျွန်တော့်အတွက်ကတော့ ကြီးမားတဲ့အခိုက်အတန့်တစ်ခုပေါ့။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၃ ဂိုးသွင်းရတာဟာလည်း ထူးရှယ်ပါပဲ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကလည်း ၂၂ နှစ်အရွယ် မေဆန်မောင့်ရဲ့ထပ်တူပဲဆိုတာ အခုလို ပြောခဲ့ပါတယ်။

”မေဆန်မောင့်အတွက် ဟက်ထရစ်ဆိုတာ အရမ်းကိုကြီးမားပါတယ်။

ကျွန်တော်လည်း အရမ်းဂုဏ်ယူရတယ်။ သူက သူ့ကိုယ်သူဖိအားပေးထားတာပါ။

အခုတော့ သူဟာ ပိုပေါ့ပေါ့ပါးပါးရှိသွားပြီး ပိုပြီးလွတ်လပ်စွာနဲ့ကစားနိုင်တော့မှာပါ။

သူဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပွဲတွေအများကြီး ကစားထားရပေမယ့် အရမ်းကို ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး

သူလိုချင်တဲ့ဂိုးအရေအတွက်လည်း အရမ်းကို ရောက်ချင်တာပါ”လို့ တူချယ်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် တူချယ်ဟာ အဲဒီပွဲမှာ အိုဒွိုင်းဂိုးသွင်းနိုင်ခဲ့တာကို ကျေနပ်နေပေမယ့် ဒီတောင်ပံကစားသမားဟာ ခြေစွမ်းပုံမှန်ရှိမှုကို ပိုပြနိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၅ ပြဲဆက္ဂိုးေပါက္ေပ်ာက္မႈကို ဟက္ထရစ္နဲ႔အဆုံးသတ္ႏိုင္ခဲ့လို႔ စိတ္သက္သာသြားတဲ့ ေမဆန္ေမာင့္

သူ႔ရဲ႕ပထမဆုံးခ်ဲလ္ဆီးဟက္ထရစ္ရရွိခဲ့ၿပီးေနာက္ ပြဲကန္တဲ့ေဘာလုံးကိုကိုင္ထားတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူေမဆန္ေမာင့္တစ္ေယာက္ အၿပဳံးမရပ္ႏိုင္ ျဖစ္ေနပါတယ္။

သူကိုယ္တိုင္ကလည္း ၾကာရွည္တဲ့ဂိုးေပါက္ေပ်ာက္မႈမွာ ဖိအားေအာက္ေရာက္ခဲ့တယ္လို႔လည္း ဝန္ခံထားပါတယ္။

ေမဆန္ေမာင့္ဟာ ကလပ္နဲ႔ႏိုင္ငံအတြက္ ၂၅ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားေအာက္ေျခက ေနာ္ဝစ္ခ်္နဲ႔ပြဲက်မွ ၃ ဂိုးသြင္းႏိုင္ခဲ့တာပါ။

အဲဒီပြဲက သူ႔ရဲ႕ဟက္ထရစ္မွာ ၿပိဳင္ဘက္ဂိုးသမားရဲ႕ကာကြယ္မႈေၾကာင့္ ႏွစ္ဆင့္ျပန္ကန္ခဲ့ရတဲ့ပင္နယ္တီလည္း ပါဝင္ပါတယ္။

”ဒီပြဲမတိုင္ခင္က ဂိုးသြင္းဖို႔အတြက္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဖိအားေပးထားမိပါတယ္။ အဲဒီေနာက္ ၃ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါဟာ ႀကီးမားတဲ့အခိုက္အတန႔္တစ္ခုျဖစ္ၿပီး ကြၽန္ေတာ္အမွတ္ရေနမယ့္ ပြဲတစ္ပြဲပါ”လို႔ ေမဆန္ေမာင့္က ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ေမဆန္ေမာင့္က”ဒါမ်ိဳးအခ်ိန္ကို ကြၽန္ေတာ္ေစာင့္ဆိုင္းေနခဲ့တာ ၾကာပါၿပီ။ ဂိုးသြင္းဖို႔ အေျခအေနေကာင္းေတြရရွိခဲ့ေပမယ့္ မသြင္းႏိုင္ခဲ့ဘဲ ဒီေန႔က်မွ အဆင္ေျပသြားခဲ့တာပါ။ ကြၽန္ေတာ္က ပြဲတိုင္းကစားခ်င္ေပမယ့္ တစ္ခါတစ္ရံမွာ ေျခတစ္လွမ္ဆုတ္ၿပီး အားယူရတာလည္း ရွိပါတယ္။

ကြၽန္ေတာ့္အတြက္ကေတာ့ ႀကီးမားတဲ့အခိုက္အတန႔္တစ္ခုေပါ့။ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ၃ ဂိုးသြင္းရတာဟာလည္း ထူးရွယ္ပါပဲ”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကလည္း ၂၂ ႏွစ္အ႐ြယ္ ေမဆန္ေမာင့္ရဲ႕ထပ္တူပဲဆိုတာ အခုလို ေျပာခဲ့ပါတယ္။ ”ေမဆန္ေမာင့္အတြက္ ဟက္ထရစ္ဆိုတာ အရမ္းကိုႀကီးမားပါတယ္။ ကြၽန္ေတာ္လည္း အရမ္းဂုဏ္ယူရတယ္။ သူက သူ႔ကိုယ္သူဖိအားေပးထားတာပါ။

အခုေတာ့ သူဟာ ပိုေပါ့ေပါ့ပါးပါးရွိသြားၿပီး ပိုၿပီးလြတ္လပ္စြာနဲ႔ကစားႏိုင္ေတာ့မွာပါ။ သူဟာ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ပြဲေတြအမ်ားႀကီး ကစားထားရေပမယ့္ အရမ္းကို ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္ၿပီး သူလိုခ်င္တဲ့ဂိုးအေရအတြက္လည္း အရမ္းကို ေရာက္ခ်င္တာပါ”လို႔ တူခ်ယ္က ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ တူခ်ယ္ဟာ အဲဒီပြဲမွာ အိုဒြိဳင္းဂိုးသြင္းႏိုင္ခဲ့တာကို ေက်နပ္ေနေပမယ့္ ဒီေတာင္ပံကစားသမားဟာ ေျခစြမ္းပုံမွန္ရွိမႈကို ပိုျပႏိုင္ရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။