၂၅ နှစ်အတွင်း အဆိုးရွားဆုံးဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာရဲ့ဒီရာသီလာလီဂါအစပိုင်းဟာ စိုးရိမ်ဖွယ်ရာဖြစ်နေပြီး နည်းပြရော်နယ်ကိုးမန်းအနေနဲ့လည်း အက်သလက်တီကိုကိုရှုံးပြီးတဲ့နောက် ဒီထက်ဆိုးတဲ့စတင်မှုမျိုး ရှိနိုင်မှာ မဟုတ်ပါဘူး။

မနေ့ည အက်သလက်တီကိုအရှုံးကြောင့် ဘာစီလိုနာဟာ လာလီဂါမှာ ပထမဆုံးရရှိနိုင်မယ့် ၂၄ မှတ်ထဲက ၁၁ မှတ်သာ ယူထားနိုင်ပါတယ်။

ဒီရာသီကစားခဲ့တဲ့ လာလီဂါ ၈ ပွဲမှာ ၃ ပွဲသာနိုင်ခဲ့ပြီး ၂ ပွဲသရေနဲ့ ၃ ပွဲရှုံးထားတာကြောင့် ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ စီစဉ်ထားတဲ့အသင်းတစ်သင်းအနေနဲ့ ဖြစ်သင့်တဲ့အနေအထား မဟုတ်ပါဘူး။

နည်းပြကိုးမန်းရဲ့အသင်းဟာ အမှတ်ဆုံးရှုံးမှုတွေများခဲ့တာကြောင့် နောက်ဆုံး ၂၅ နှစ်အတွင်းမှာ အဆိုးရွားဆုံးဘာစီလိုနာဖြစ်လာခဲ့ပါတယ်။

၁၉၉၅-၉၆ ရာသီနောက်ပိုင်းကတည်းက ဒီလောက်တာထွက်ဆိုးတာမျိုး မရှိခဲ့တာကြောင့် ဒီအသင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုကြီးထွားလာခဲ့ကြတာပါ။

၂၀၀၂-၀၃ နဲ့ ၂၀၀၃-၀၄ ရာသီတွေမှာလည်း အခုလိုမျိုး တာထွက်ဆိုးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အဖွင့် ၈ ပွဲမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ၂ ပွဲသာရှုံးခဲ့ပြီး ၁၂ မှတ်ရခဲ့လို့ ကိုးမန်းကိုင်တဲ့အသင်းထက် တစ်မှတ်ပိုပါတယ်။

ရာသီအစ ၈ ပွဲမှာ ၃ ပွဲရှုံးတာကတော့ ဘာစီလိုနာလိုအသင်းအတွက် အတော်လေးကိုများသွားပြီး အရင့်အရင်ကတောင် အဲဒီလိုဖြစ်ခဲ့သလားဆိုတာ ပြန်ရှာဖို့ ခက်ပါတယ်။

သူတို့ဟာ ၂၀၀၀-၀၁ ရာသီတုန်းက အစပိုင်း ၃ ပွဲရှုံးခဲ့တာမှန်ပေမယ့် ၄ ပွဲအနိုင်ရခဲ့ပြီး ၁၃ မှတ်ရခဲ့တာကြောင့် လက်ရှိအခြေအနေထက် ပိုသာပါသေးတယ်။

အခုတော့ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာကိုရောက်ရှိနေပြီး ဒီလိုနှုန်းနဲ့ဆိုရင်တော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မသေချာဘူးလို့ စပိန်သတင်းစာမာကာရဲ့ဂျာနယ်လစ်တစ်ယောက်က သုံးသပ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၅ ႏွစ္အတြင္း အဆိုးရြားဆုံးဘာစီလုိနာ

ဘာစီလိုနာရဲ႕ဒီရာသီလာလီဂါအစပိုင္းဟာ စိုးရိမ္ဖြယ္ရာျဖစ္ေနၿပီး နည္းျပေရာ္နယ္ကိုးမန္းအေနနဲ႔လည္း အက္သလက္တီကိုကိုရႈံးၿပီးတဲ့ေနာက္ ဒီထက္ဆိုးတဲ့စတင္မႈမ်ိဳး ရွိနိုင္မွာ မဟုတ္ပါဘူး။

မေန႔ည အက္သလက္တီကိုအရႈံးေၾကာင့္ ဘာစီလုိနာဟာ လာလီဂါမွာ ပထမဆုံးရရွိႏိုင္မယ့္ ၂၄ မွတ္ထဲက ၁၁ မွတ္သာ ယူထားႏိုင္ပါတယ္။

ဒီရာသီကစားခဲ့တဲ့ လာလီဂါ ၈ ပြဲမွာ ၃ ပြဲသာႏိုင္ခဲ့ၿပီး ၂ ပြဲသေရနဲ႔ ၃ ပြဲရႈံးထားတာေၾကာင့္ ခ်န္ပီယံဆုစိန္ေခၚႏိုင္ဖို႔ စီစဥ္ထားတဲ့အသင္းတစ္သင္းအေနနဲ႔ ျဖစ္သင့္တဲ့အေနအထား မဟုတ္ပါဘူး။

နည္းျပကိုးမန္းရဲ႕အသင္းဟာ အမွတ္ဆုံးရႈံးမႈေတြမ်ားခဲ့တာေၾကာင့္ ေနာက္ဆုံး ၂၅ ႏွစ္အတြင္းမွာ အဆုိးရြားဆုံးဘာစီလုိနာျဖစ္လာခဲ့ပါတယ္။

၁၉၉၅-၉၆ ရာသီေနာက္ပိုင္းကတည္းက ဒီေလာက္တာထြက္ဆုိးတာမ်ိဳး မရွိခဲ့တာေၾကာင့္ ဒီအသင္းနဲ႔ပတ္သက္လုိ႔ စိုးရိမ္မႈေတြ ပိုႀကီးထြားလာခဲ့ၾကတာပါ။

၂၀၀၂-၀၃ နဲ႔ ၂၀၀၃-၀၄ ရာသီေတြမွာလည္း အခုလိုမ်ိဳး တာထြက္ဆုိးခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဲဒီတုန္းက အဖြင့္ ၈ ပြဲမွာ ၃ ပြဲႏုိင္၊ ၃ ပြဲသေရနဲ႔ ၂ ပြဲသာရႈံးခဲ့ၿပီး ၁၂ မွတ္ရခဲ့လုိ႔ ကုိးမန္းကိုင္တဲ့အသင္းထက္ တစ္မွတ္ပုိပါတယ္။

ရာသီအစ ၈ ပြဲမွာ ၃ ပြဲရႈံးတာကေတာ့ ဘာစီလုိနာလုိအသင္းအတြက္ အေတာ္ေလးကိုမ်ားသြားၿပီး အရင့္အရင္ကေတာင္ အဲဒီလိုျဖစ္ခဲ့သလားဆုိတာ ျပန္ရွာဖုိ႔ ခက္ပါတယ္။

သူတုိ႔ဟာ ၂၀၀၀-၀၁ ရာသီတုန္းက အစပိုင္း ၃ ပြဲရႈံးခဲ့တာမွန္ေပမယ့္ ၄ ပဲြအႏိုင္ရခဲ့ၿပီး ၁၃ မွတ္ရခဲ့တာေၾကာင့္ လက္ရွိအေျခအေနထက္ ပိုသာပါေသးတယ္။

အခုေတာ့ ဘာစီလုိနာဟာ လာလီဂါအမွတ္ေပးဇယားမွာ အဆင့္ ၁၀ ေနရာကိုေရာက္ရွိေနၿပီး ဒီလုိႏႈန္းနဲ႔ဆိုရင္ေတာ့ လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ေတာင္ မေသခ်ာဘူးလုိ႔ စပိန္သတင္းစာမာကာရဲ႕ဂ်ာနယ္လစ္တစ္ေယာက္က သုံးသပ္ပါတယ္။