(၂၄)နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲခွင့်ရဖို့ ခြေတစ်လှမ်းသာလိုတော့တဲ့ စကော့တလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပနာမည်ကျော်အသင်းတစ်သင်းဖြစ်တဲ့ စကော့တလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မော်လ်ဒိုဗာနဲ့ကစားခဲ့တဲ့ပွဲမှာ (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး အုပ်စုဒုတိယအဖြစ်နဲ့ Play-offs ကစားခွင့်ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

စကော့တလန်အသင်းအတွက်ဂိုးတွေကို နာသန်ပက်ဒါဆင်နဲ့ရှေးအဒမ်တို့က သွင်းယူခဲ့တာဖြစ်ပြီး စကော့တလန်အသင်းဟာ လက်ကျန်တစ်ပွဲသာကစားဖို့ရှိနေချိန်မှာ ရမှတ်(၂၀)နဲ့အုပ်စုဒုတိယနေရာရရှိခဲ့ပါတယ်။

အဲဒါကြောင့် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း (၂၄)နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ စကော့တလန်အသင်း နောက်ထပ်ခြေတစ်လှမ်းသာလိုတော့ပြီး

လာမယ့်မတ်လအတွင်းကစားမယ့် Play-offs နှစ်ပွဲမှာသာ ရလဒ်ကောင်းခဲ့မယ်ဆိုရင်တော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် ကာတာနိုင်ငံဆီအရောက်ချီတက်နိုင်မှာပဲဖြစ်ပါတယ်။

မော်လ်ဒိုဗာနဲ့ပွဲအပြီးမှာ စကော့တလန်အသင်းနည်းပြစတိဗ်ကလာ့ခ်က “ဒီပွဲဟာ ကျွန်တော်တို့အတွက်အရေးပါတဲ့ပွဲဖြစ်ပြီး ပွဲမတိုင်ခင်ကတည်းက Play-offs ကစားခွင့်ရယူနိုင်မယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

အုပ်စုတွင်းမှာ ကျွန်တော်တို့ ရပ်တည်မှုက ကျေနပ်စရာဖြစ်ခဲ့သလို ဒိန်းမတ်အသင်းနဲ့ကစားမယ့်အိမ်ကွင်းပွဲမှာ ရလဒ်ကောင်းရယူပြီးတော့ အကောင်းဆုံးလုပ်ပြနိုင်ဖို့ကြိုးစားသွားမှာပါ။

ပြီးခဲ့တဲ့မတ်လတုန်းက ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့အတွက် (၁၀)ပွဲ၊ (၁၂)ပွဲလောက်အထိယှဉ်ပြိုင်ကစားဖို့လိုခဲ့ပေမယ့် အခုအချိန်မှာတော့ ကာတာနိုင်ငံကို သွားရောက်ခွင့်ရဖို့ နောက်ထပ်(၂)ပွဲသာလိုပါတော့တယ်။

အခုအချိန်က ကျွန်တော်တို့ အောင်ပွဲခံရမယ့်အချိန်မဟုတ်သေးဘဲ Play-offs အဆင့်ကိုကျော်ဖြတ်ပြီးတော့ ကာတာနိုင်ငံဆီအရောက်သွားနိုင်ဖို့ ပစ်မှတ်ထားကြိုးစားရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အုပ်စု(F)မှာ ဒိန်းမတ်အသင်းဟာ အခုတစ်ပတ်မတိုင်ခင်ကတည်းက ပွဲတိုင်းကိုအနိုင်ကစားပြီးတော့ အုပ်စုဗိုလ်အဖြစ် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး စကော့တလန်အသင်းက (၇)မှတ်အကွာနဲ့ ဒုတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၂၄)ႏွစ္အတြင္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ပါဝင္ဆင္ႏႊဲခြင့္ရဖို႔ ေျခတစ္လွမ္းသာလိုေတာ့တဲ့ စေကာ့တလန္

ဥေရာပနာမည္ေက်ာ္အသင္းတစ္သင္းျဖစ္တဲ့ စေကာ့တလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ေမာ္လ္ဒိုဗာနဲ႔ကစားခဲ့တဲ့ပြဲမွာ (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အုပ္စုဒုတိယအျဖစ္နဲ႔ Play-offs ကစားခြင့္ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။ စေကာ့တလန္အသင္းအတြက္ဂိုးေတြကို နာသန္ပက္ဒါဆင္နဲ႔ေရွးအဒမ္တို႔က သြင္းယူခဲ့တာျဖစ္ၿပီး စေကာ့တလန္အသင္းဟာ လက္က်န္တစ္ပြဲသာကစားဖို႔ရွိေနခ်ိန္မွာ ရမွတ္(၂၀)နဲ႔အုပ္စုဒုတိယေနရာရရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း (၂၄)ႏွစ္အတြင္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ စေကာ့တလန္အသင္း ေနာက္ထပ္ေျခတစ္လွမ္းသာလိုေတာ့ၿပီး လာမယ့္မတ္လအတြင္းကစားမယ့္ Play-offs ႏွစ္ပြဲမွာသာ ရလဒ္ေကာင္းခဲ့မယ္ဆိုရင္ေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမယ့္ ကာတာႏိုင္ငံဆီအေရာက္ခ်ီတက္ႏိုင္မွာပဲျဖစ္ပါတယ္။

ေမာ္လ္ဒိုဗာနဲ႔ပြဲအၿပီးမွာ စေကာ့တလန္အသင္းနည္းျပစတိဗ္ကလာ့ခ္က “ဒီပြဲဟာ ကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ပြဲျဖစ္ၿပီး ပြဲမတိုင္ခင္ကတည္းက Play-offs ကစားခြင့္ရယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။ အုပ္စုတြင္းမွာ ကြၽန္ေတာ္တို႔ ရပ္တည္မႈက ေက်နပ္စရာျဖစ္ခဲ့သလို ဒိန္းမတ္အသင္းနဲ႔ကစားမယ့္အိမ္ကြင္းပြဲမွာ ရလဒ္ေကာင္းရယူၿပီးေတာ့ အေကာင္းဆုံးလုပ္ျပႏိုင္ဖို႔ႀကိဳးစားသြားမွာပါ။

ၿပီးခဲ့တဲ့မတ္လတုန္းက ကြၽန္ေတာ္တို႔အသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔အတြက္ (၁၀)ပြဲ၊ (၁၂)ပြဲေလာက္အထိယွဥ္ၿပိဳင္ကစားဖို႔လိုခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ကာတာႏိုင္ငံကို သြားေရာက္ခြင့္ရဖို႔ ေနာက္ထပ္(၂)ပြဲသာလိုပါေတာ့တယ္။ အခုအခ်ိန္က ကြၽန္ေတာ္တို႔ ေအာင္ပြဲခံရမယ့္အခ်ိန္မဟုတ္ေသးဘဲ Play-offs အဆင့္ကိုေက်ာ္ျဖတ္ၿပီးေတာ့ ကာတာႏိုင္ငံဆီအေရာက္သြားႏိုင္ဖို႔ ပစ္မွတ္ထားႀကိဳးစားရမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အုပ္စု(F)မွာ ဒိန္းမတ္အသင္းဟာ အခုတစ္ပတ္မတိုင္ခင္ကတည္းက ပြဲတိုင္းကိုအႏိုင္ကစားၿပီးေတာ့ အုပ္စုဗိုလ္အျဖစ္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး စေကာ့တလန္အသင္းက (၇)မွတ္အကြာနဲ႔ ဒုတိယေနရာရရွိခဲ့တာျဖစ္ပါတယ္။