(၂၄)နာရီနီးပါးအကြာမှာပဲ မက်ဆီရဲ့ ပယ်နယ်တီမပါဘဲသွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့တဲ့စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်း ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ (၂၄)နာရီနီးပါးအကြာမှာပဲ အဓိကပြိုင်ဘက်မက်ဆီရဲ့ ပယ်နယ်တီမပါဘဲသွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့က အတ္တလန်တာအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ

အသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် သူ့ကစားသမားဘဝတစ်လျှောက်မှာ ပယ်နယ်တီမပါဝင်ဘဲ သွင်းဂိုး(၆၅၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

PSG ကစားသမားမက်ဆီက ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက လိုက်ပ်ဇစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့ပြီး

စီရော်နယ်လ်ဒိုမတိုင်ခင် ပယ်နယ်တီမပါဘဲသွင်းဂိုးအရေအတွက် (၆၅၄)ဂိုးပြည့်မြောက်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာပဲ စီရော်နယ်လ်ဒိုက အမီလိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ မက်ဆီဟာ အဲဒီသွင်းဂိုးအရေအတွက်ကို ပွဲပေါင်း(၉၄၀)နဲ့သွင်းယူခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုကတော့ (၁၀၈၅)ပွဲမှ (၆၅၄)ဂိုးပြည့်ခဲ့တာဖြစ်တဲ့အတွက် မက်ဆီထက် (၁၄၅)ပွဲပိုများခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် Open Play ဒါမှမဟုတ် ဖရီးကစ်တွေကနေသွင်းယူခဲ့တာက (၁၁၉)ဂိုးအထိရှိခဲ့ပေမယ့် မက်ဆီကတော့ (၁၀၆)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မိနစ်အလိုက်ပျမ်းမျှသွင်းဂိုးရရှိမှုမှာတော့ မက်ဆီက စီရော်နယ်လ်ဒိုကို ပြန်အသာရခဲ့ပြန်ပါတယ်။

ဒီကစားသမားနှစ်ဦးရဲ့ကစားသမားဘဝတစ်လျှောက် သွင်းယူခဲ့တဲ့ဂိုးအရေအတွက်ကို နှိုင်းယှဉ်ကြည့်ရင်

စီရော်နယ်လ်ဒိုက ပွဲပေါင်း(၁၀၈၅)ပွဲကစား(၇၉၃)ဂိုးသွင်းယူထားပြီး မက်ဆီက ပွဲပေါင်း(၉၄၀)မှာ (၇၅၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

နှစ်ယောက်စလုံးက ဒီရာသီမှာ ကလပ်အသင်းအပြောင်းအလဲဖြစ်ခဲ့ပေမယ့် သက်ဆိုင်ရာအသင်းတွေအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေဆဲဖြစ်သလို

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲကစား၊ (၆)ဂိုးသွင်းယူထားပြီးတော့ မက်ဆီက PSG အသင်းအတွက် (၆)ပွဲကစား၊ (၃)ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi(၂၄)နာရီနီးပါးအၾကာမွာပဲ မက္ဆီရဲ႕ ပယ္နယ္တီမပါဘဲသြင္းဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ခဲ့တဲ့စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္း ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ (၂၄)နာရီနီးပါးအၾကာမွာပဲ အဓိကၿပိဳင္ဘက္မက္ဆီရဲ႕ ပယ္နယ္တီမပါဘဲသြင္းဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ခဲ့ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ဗုဒၶဟူးေန႔က အတၱလန္တာအသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ အသင္းအတြက္အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့ၿပီး အခုဆိုရင္ သူ႔ကစားသမားဘဝတစ္ေလွ်ာက္မွာ ပယ္နယ္တီမပါဝင္ဘဲ သြင္းဂိုး(၆၅၄)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ PSG ကစားသမားမက္ဆီက ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက လိုက္ပ္ဇစ္အသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္(၂)ဂိုးသြင္းယူခဲ့ၿပီး စီေရာ္နယ္လ္ဒိုမတိုင္ခင္ ပယ္နယ္တီမပါဘဲသြင္းဂိုးအေရအတြက္ (၆၅၄)ဂိုးျပည့္ေျမာက္ခဲ့ေပမယ့္ နာရီပိုင္းအၾကာမွာပဲ စီေရာ္နယ္လ္ဒိုက အမီလိုက္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ မက္ဆီဟာ အဲဒီသြင္းဂိုးအေရအတြက္ကို ပြဲေပါင္း(၉၄၀)နဲ႔သြင္းယူခဲ့တာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုကေတာ့ (၁၀၈၅)ပြဲမွ (၆၅၄)ဂိုးျပည့္ခဲ့တာျဖစ္တဲ့အတြက္ မက္ဆီထက္ (၁၄၅)ပြဲပိုမ်ားခဲ့ပါတယ္။စီေရာ္နယ္လ္ဒိုက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ Open Play ဒါမွမဟုတ္ ဖရီးကစ္ေတြကေနသြင္းယူခဲ့တာက (၁၁၉)ဂိုးအထိရွိခဲ့ေပမယ့္ မက္ဆီကေတာ့ (၁၀၆)ဂိုးသာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မိနစ္အလိုက္ပ်မ္းမွ်သြင္းဂိုးရရွိမႈမွာေတာ့ မက္ဆီက စီေရာ္နယ္လ္ဒိုကို ျပန္အသာရခဲ့ျပန္ပါတယ္။ ဒီကစားသမားႏွစ္ဦးရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ သြင္းယူခဲ့တဲ့ဂိုးအေရအတြက္ကို ႏႈိင္းယွဥ္ၾကည့္ရင္ စီေရာ္နယ္လ္ဒိုက ပြဲေပါင္း(၁၀၈၅)ပြဲကစား(၇၉၃)ဂိုးသြင္းယူထားၿပီး မက္ဆီက ပြဲေပါင္း(၉၄၀)မွာ (၇၅၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးက ဒီရာသီမွာ ကလပ္အသင္းအေျပာင္းအလဲျဖစ္ခဲ့ေပမယ့္ သက္ဆိုင္ရာအသင္းေတြအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူေနဆဲျဖစ္သလို စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၈)ပြဲကစား၊ (၆)ဂိုးသြင္းယူထားၿပီးေတာ့ မက္ဆီက PSG အသင္းအတြက္ (၆)ပြဲကစား၊ (၃)ဂိုးသြင္းယူထားပါတယ္။