၂၁ ရာစုအတွင်း ရီးယဲလ်အသင်းအတွက်ပွဲဦးထွက်ဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက်ဆယ်ကျော်သက်ကစားသမားအဖြစ် ကာမာဗင်ဂါမှတ်တမ်းဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆယ်လ်တာဗီဂိုအသင်းကို (၅-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲမှာ ရီးယဲလ်အသင်းအတွက်ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းခဲ့တဲ့ကာမာဗင်ဂါဟာ ၂၁ ရာစုအတွင်း ရီးယဲလ်အသင်းအတွက်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ပြင်သစ်လူငယ်ကွင်းလယ်လူကာမာဗင်ဂါဟာ ပွဲထွက်စာရင်းမှာမပါဝင်ခဲ့ပေမယ့် (၆၆)မိနစ်မှာတော့ ဟာဇက်အစား လူစားဝင်ကစားခဲ့ပြီး (၆)မိနစ်အကြာမှာပဲ ရီးယဲလ်ကစားသမားဘဝပထမဆုံးဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီဂိုးသွင်းယူချိန်မှာ ကာမာဗင်ဂါရဲ့အသက်က (၁၈)နှစ်၊ (၃၀၆)ရက်သာရှိသေးတာကြောင့် ၂၀၁၉၊ စက်တင်ဘာလတုန်းက အိုဆာဆူနာနဲ့ပွဲမှာဂိုးသွင်းခဲ့တဲ့ ရိုဒရီဂို(၁၈နှစ်၊ ၂၅၉ရက်)နောက်ပိုင်း ရီးယဲလ်အသင်းအတွက် ပွဲဦးထွက်မှာပဲ ဂိုးသွင်းခဲ့တဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ကာမာဗင်ဂါကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်၊ PSG စတဲ့ဥရောပထိပ်သီးအသင်းတွေက အပြိုအဆိုင်ကြိုးပမ်းခဲ့ပြီး ရီးယဲလ်အသင်းက တခြားအသင်းတွေထက်လက်ဦးမှုရယူပြီးတော့ ပေါင်(၂၇)သန်းနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်းစ်အသင်းဆီကနေ ကာမာဗင်ဂါကို ခေါ်ယူခဲ့တုန်းက ရီးယဲလ်လိုထိပ်သီးအသင်းမျိုးမှာ ကာမာဗင်ဂါရုန်းကန်ရနိုင်တယ်လို့ သံသယတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကာမာဗင်ဂါဟာ ပွဲဦးထွက်ကစားပြီး (၆)မိနစ်အကြာမှာပဲ ဂိုးသွင်းယူပြီးတော့ အဲဒီသံသယတွေကို ချေဖျက်နိုင်ခဲ့ပါပြီ။

ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ကာမာဗင်ဂါအပြင် ၀ါရင့်တိုက်စစ်မှူးဘန်ဇီမာကလည်း ခြေစွမ်းပြကစားခဲ့ပြီး ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

ဘန်ဇီမာဟာ ပထမပိုင်း(၂၄)မိနစ်မှာ ဗယ်လ်ဗာဒီရဲ့ဖန်တီးပေးမှုကနေ ချေပဂိုး၊ ဒုတိယပိုင်းစစချင်းမှာပဲ ဒုတိယမြောက်ချေပဂိုးသွင်းယူခဲ့သလို ပွဲပြီးခါနီးမှာ ပယ်နယ်တီကနေ ဟက်ထရစ်ဖြစ်စေမယ့်ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

လာလီဂါရာသီအစ(၄)ပွဲကစားပြီးချိန်မှာ ဘန်ဇီမာက (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပြီး သူပါဝင်ပတ်သက်ခဲ့တဲ့ဂိုးအရေအတွက်က (၉)ဂိုးအထိရှိခဲ့တာကြောင့်

စီရော်နယ်လ်ဒို (၂၀၁၄-၁၅/၉ဂိုး)ပြီးရင် ၂၁ ရာစုအတွင်း လာလီဂါရာသီအစ(၄)ပွဲကစားပြီးချိန်မှာ ပါဝင်ပတ်သက်ခဲ့တဲ့သွင်းဂိုးအရေအတွက် (၉)ဂိုးအထိရှိအောင်စွမ်းဆောင်ခဲ့သူအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၁ ရာစုအတြင္း ရီးယဲလ္အသင္းအတြက္ပြဲဦးထြက္ဂိုးသြင္းခဲ့တဲ့ ဒုတိယေျမာက္ဆယ္ေက်ာ္သက္ကစားသမားအျဖစ္ ကာမာဗင္ဂါမွတ္တမ္းဝင္

ဆယ္လ္တာဗီဂိုအသင္းကို (၅-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လာလီဂါပြဲမွာ ရီးယဲလ္အသင္းအတြက္ပြဲဦးထြက္ပါဝင္ကစားခဲ့ၿပီး ဂိုးသြင္းခဲ့တဲ့ကာမာဗင္ဂါဟာ ၂၁ ရာစုအတြင္း ရီးယဲလ္အသင္းအတြက္ပြဲဦးထြက္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ဆယ္ေက်ာ္သက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ျပင္သစ္လူငယ္ကြင္းလယ္လူကာမာဗင္ဂါဟာ ပြဲထြက္စာရင္းမွာမပါဝင္ခဲ့ေပမယ့္ (၆၆)မိနစ္မွာေတာ့ ဟာဇက္အစား လူစားဝင္ကစားခဲ့ၿပီး (၆)မိနစ္အၾကာမွာပဲ ရီးယဲလ္ကစားသမားဘဝပထမဆုံးဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီဂိုးသြင္းယူခ်ိန္မွာ ကာမာဗင္ဂါရဲ႕အသက္က (၁၈)ႏွစ္၊ (၃၀၆)ရက္သာရွိေသးတာေၾကာင့္ ၂၀၁၉၊ စက္တင္ဘာလတုန္းက အိုဆာဆူနာနဲ႔ပြဲမွာဂိုးသြင္းခဲ့တဲ့ ႐ိုဒရီဂို(၁၈ႏွစ္၊ ၂၅၉ရက္)ေနာက္ပိုင္း ရီးယဲလ္အသင္းအတြက္ ပြဲဦးထြက္မွာပဲ ဂိုးသြင္းခဲ့တဲ့ ဆယ္ေက်ာ္သက္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ေႏြရာသီကာလတုန္းက ကာမာဗင္ဂါကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္၊ ရီးယဲလ္၊ PSG စတဲ့ဥေရာပထိပ္သီးအသင္းေတြက အၿပိဳအဆိုင္ႀကိဳးပမ္းခဲ့ၿပီး ရီးယဲလ္အသင္းက တျခားအသင္းေတြထက္လက္ဦးမႈရယူၿပီးေတာ့ ေပါင္(၂၇)သန္းနဲ႔ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ရန္းစ္အသင္းဆီကေန ကာမာဗင္ဂါကို ေခၚယူခဲ့တုန္းက ရီးယဲလ္လိုထိပ္သီးအသင္းမ်ိဳးမွာ ကာမာဗင္ဂါ႐ုန္းကန္ရႏိုင္တယ္လို႔ သံသယေတြထြက္ေပၚခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ကာမာဗင္ဂါဟာ ပြဲဦးထြက္ကစားၿပီး (၆)မိနစ္အၾကာမွာပဲ ဂိုးသြင္းယူၿပီးေတာ့ အဲဒီသံသယေတြကို ေခ်ဖ်က္ႏိုင္ခဲ့ပါၿပီ။ ဆယ္လ္တာဗီဂိုနဲ႔ပြဲမွာ ကာမာဗင္ဂါအျပင္ ၀ါရင့္တိုက္စစ္မႉးဘန္ဇီမာကလည္း ေျခစြမ္းျပကစားခဲ့ၿပီး ဟက္ထရစ္သြင္းယူခဲ့ပါတယ္။

ဘန္ဇီမာဟာ ပထမပိုင္း(၂၄)မိနစ္မွာ ဗယ္လ္ဗာဒီရဲ႕ဖန္တီးေပးမႈကေန ေခ်ပဂိုး၊ ဒုတိယပိုင္းစစခ်င္းမွာပဲ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူခဲ့သလို ပြဲၿပီးခါနီးမွာ ပယ္နယ္တီကေန ဟက္ထရစ္ျဖစ္ေစမယ့္ဂိုးေတြ သြင္းယူခဲ့တာျဖစ္ပါတယ္။ လာလီဂါရာသီအစ(၄)ပြဲကစားၿပီးခ်ိန္မွာ ဘန္ဇီမာက (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ထားၿပီး သူပါဝင္ပတ္သက္ခဲ့တဲ့ဂိုးအေရအတြက္က (၉)ဂိုးအထိရွိခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒို (၂၀၁၄-၁၅/၉ဂိုး)ၿပီးရင္ ၂၁ ရာစုအတြင္း လာလီဂါရာသီအစ(၄)ပြဲကစားၿပီးခ်ိန္မွာ ပါဝင္ပတ္သက္ခဲ့တဲ့သြင္းဂိုးအေရအတြက္ (၉)ဂိုးအထိရွိေအာင္စြမ္းေဆာင္ခဲ့သူအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။