၂၁ ရာစုအတွင်း ဘယ်လ်ဂျီယံကို တစ်ခါမှမရှုံးဖူးသေးတဲ့မှတ်တမ်း ပေါ်တူဂီ ဆက်ထိန်းနိုင်မလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နာမည်ကြီးဘယ်လ်ဂျီယံနဲ့ လက်ရှိချန်ပီယံပေါ်တူဂီအသင်းတို့ဟာ ဒီနေ့ည(မြန်မာစံတော်ချိန် တနင်္လာမနက် ၁:၃၀)မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဒီဘရိုင်းနား၊ လူကာကူ၊ ဟာဇက်တို့လို ကမ္ဘာ့အဆင့်ကစားသမားတွေပါဝင်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ယူရို-၂၀၂၀ပြိုင်ပွဲမှာ

ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမား စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့်ခြေစွမ်းပြသနေဆဲဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ပြိုင်ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေ အများကြီးရယူထားနိုင်ပြီး

ယူရိုပြိုင်ပွဲအကြိမ်အများဆုံးကစားသူ၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား၊ ဥရောပကစားသမားတွေထဲမှာ ယူရို+ကမ္ဘာ့ဖလားနှစ်ခုပေါင်း သွင်းဂိုးအများဆုံးကစားသမားစတဲ့စံချိန်တွေအပြင်

အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီတင်ရှိထားတဲ့ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကိုလည်း အမီလိုက်နိုင်ခဲ့ပါပြီ။

စီရော်နယ်လ်ဒိုဟာ အခု ဘယ်လ်ဂျီယံနဲ့ကစားမယ့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ စုစုပေါင်းသွင်းဂိုး(၁၁၀)နဲ့ ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်နိုင်မှာပါ။

နှစ်သင်းစလုံးမှာ ကမ္ဘာ့အဆင့်ကစားသမားတွေပါဝင်နေတာကြောင့် ကွာတားဖိုင်နယ်တက်ခွင့်ကို ဘယ်အသင်းရယူနိုင်မလဲဆိုတာ ခက်မှန်းရခက်ပါတယ်။

ဒါပေမဲ့ အစဉ်အလာမှတ်တမ်းတွေအရတော့ ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံအသင်းကို အသာရနေတာတွေ့ရမှာပါ။

ပေါ်တူဂီနဲ့ဘယ်လ်ဂျီယံအသင်းတို့ဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ တစ်ခါမှဆုံတွေ့ဖူးတာမျိုးမရှိဘဲ အခုမှ ပထမဆုံးအကြိမ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ထိပ်တိုက်တွေ့နေတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအတွက် အားသာနေတာက ၁၉၉၀ တုန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့ကစားခဲ့တဲ့အဝေးကွင်းပွဲမှာ (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၂၁ ရာစုအတွင်း တစ်ခါမှမရှုံးသေးတာပါပဲ။

ပြီးခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်ကာလအတွင်း ဒီနှစ်သင်း စုစုပေါင်း(၅)ကြိမ်ဆုံတွေ့ခဲ့တာမှာ ပေါ်တူဂီက (၃)ကြိမ်နိုင်၊ (၂)ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိခဲ့ပါဘူး။

၂၀၁၈ ခုနှစ်မှာ နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့တဲ့ ခြေစမ်းပွဲတုန်းက ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

အဲဒါကြောင့် အခု (၆)ကြိမ်မြောက်ဆုံတွေ့မယ့်ပွဲမှာ ဘယ်လ်ဂျီယံအသင်းက ပေါ်တူဂီကို ၂၁ ရာစုအတွင်း ပထမဆုံးအကြိမ်နိုင်ပွဲရယူနိုင်မလား၊ ပေါ်တူဂီအသင်းကပဲ မှတ်တမ်းကောင်းကို ဆက်ထိန်းပြီး ကွာတားဖိုင်နယ်တက်ခွင့်ရယူနိုင်မလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂၁ ရာစုအတြင္း ဘယ္လ္ဂ်ီယံကို တစ္ခါမွမရႈံးဖူးေသးတဲ့မွတ္တမ္း ေပၚတူဂီ ဆက္ထိန္းႏိုင္မလား?

ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ နာမည္ႀကီးဘယ္လ္ဂ်ီယံနဲ႔ လက္ရွိခ်န္ပီယံေပၚတူဂီအသင္းတို႔ဟာ ဒီေန႔ည(ျမန္မာစံေတာ္ခ်ိန္ တနလၤာမနက္ ၁:၃၀)မွာယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ဒီဘ႐ိုင္းနား၊ လူကာကူ၊ ဟာဇက္တို႔လို ကမာၻ႔အဆင့္ကစားသမားေတြပါဝင္ေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမား စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္းဟာ လက္ရွိခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ဖို႔ ပစ္မွတ္ထားေနတာပါ။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ထိပ္တန္းအဆင့္ေျခစြမ္းျပသေနဆဲျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြ အမ်ားႀကီးရယူထားႏိုင္ၿပီး ယူ႐ိုၿပိဳင္ပြဲအႀကိမ္အမ်ားဆုံးကစားသူ၊ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား၊ ဥေရာပကစားသမားေတြထဲမွာ ယူ႐ို+ကမာၻ႔ဖလားႏွစ္ခုေပါင္း သြင္းဂိုးအမ်ားဆုံးကစားသမားစတဲ့စံခ်ိန္ေတြအျပင္ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီတင္ရွိထားတဲ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကိုလည္း အမီလိုက္ႏိုင္ခဲ့ပါၿပီ။

စီေရာ္နယ္လ္ဒိုဟာ အခု ဘယ္လ္ဂ်ီယံနဲ႔ကစားမယ့္ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့မယ္ဆိုရင္ေတာ့ စုစုေပါင္းသြင္းဂိုး(၁၁၀)နဲ႔ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္မွာပါ။

ႏွစ္သင္းစလုံးမွာ ကမာၻ႔အဆင့္ကစားသမားေတြပါဝင္ေနတာေၾကာင့္ ကြာတားဖိုင္နယ္တက္ခြင့္ကို ဘယ္အသင္းရယူႏိုင္မလဲဆိုတာ ခက္မွန္းရခက္ပါတယ္။ ဒါေပမဲ့ အစဥ္အလာမွတ္တမ္းေတြအရေတာ့ ေပၚတူဂီအသင္းဟာ ဘယ္လ္ဂ်ီယံအသင္းကို အသာရေနတာေတြ႕ရမွာပါ။ ေပၚတူဂီနဲ႔ဘယ္လ္ဂ်ီယံအသင္းတို႔ဟာ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ တစ္ခါမွဆုံေတြ႕ဖူးတာမ်ိဳးမရွိဘဲ အခုမွ ပထမဆုံးအႀကိမ္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ ထိပ္တိုက္ေတြ႕ေနတာျဖစ္ပါတယ္။

ေပၚတူဂီအသင္းအတြက္ အားသာေနတာက ၁၉၉၀ တုန္းက ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဘယ္လ္ဂ်ီယံနဲ႔ကစားခဲ့တဲ့အေဝးကြင္းပြဲမွာ (၃)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၂၁ ရာစုအတြင္း တစ္ခါမွမရႈံးေသးတာပါပဲ။ ၿပီးခဲ့တဲ့ႏွစ္ေပါင္း(၃၀)ေက်ာ္ကာလအတြင္း ဒီႏွစ္သင္း စုစုေပါင္း(၅)ႀကိမ္ဆုံေတြ႕ခဲ့တာမွာ ေပၚတူဂီက (၃)ႀကိမ္ႏိုင္၊ (၂)ပြဲသေရက်ခဲ့ၿပီး ရႈံးပြဲမရွိခဲ့ပါဘူး။ ၂၀၁၈ ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္ဆုံေတြ႕ခဲ့တဲ့ ေျခစမ္းပြဲတုန္းက ဂိုးမရွိသေရနဲ႔ၿပီးဆုံးခဲ့ပါတယ္။

အဲဒါေၾကာင့္ အခု (၆)ႀကိမ္ေျမာက္ဆုံေတြ႕မယ့္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းက ေပၚတူဂီကို ၂၁ ရာစုအတြင္း ပထမဆုံးအႀကိမ္ႏိုင္ပြဲရယူႏိုင္မလား၊ ေပၚတူဂီအသင္းကပဲ မွတ္တမ္းေကာင္းကို ဆက္ထိန္းၿပီး ကြာတားဖိုင္နယ္တက္ခြင့္ရယူႏိုင္မလားဆိုတာကေတာ့ . . .