၂၁ ရာစုအတွက် ပင်နယ်တီလွဲချော်မှုအများဆုံးကစားသမား ၂ဦးက မက်ဆီနဲ့ ရော်နယ်ဒိုဖြစ်နေ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ယခုရာသီမှာ ပင်နယ်တီကနေ ဂိုးသွင်းယူမှု သိသိသာသာများပြားလာပြီး ယခုရာသီမှာ သွင်းယူထားတဲ့ ၆ဂိုးအနက် ၅ဂိုးမှာ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။
ရွှေဘောလုံးဆု စံချိန်တင် ၆ကြိမ်ရရှိထားတဲ့ တိုက်စစ်မှူး မက်ဆီဟာ ၂၁ရာစုအတွင်း ပင်နယ်တီလွဲချော်မှုအများဆုံးကစားသမားစာရင်းမှာတော့ လွဲချော်တဲ့အရေအတွက်အများဆုံးကစားသမားအဖြစ် ပြိုင်ဘက်ကြီး ရော်နယ်ဒိုနဲ့ပူးတွဲရပ်တည်နေပါတယ်။
မက်ဆီဟာ ၂၁ရာစုအတွင်း ပင်နယ်တီကန်သွင်းမှု ၁၂၆ ကြိမ်မှာ ၂၇ကြိမ် လွဲချော်ထားပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက ၁၆၂ ကြိမ်မှာ ၂၇ကြိမ်လွဲချော်ထားပါတယ်။ ၂၁ရာစုအတွင်း ပင်နယ်တီလွဲချော်မှုအများဆုံးကစားသမား ၁၀ဦးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁ – လီယွန်နယ်မက်ဆီ |ပင်နယ်တီလွဲချော်မှု – ၂၇ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၁၂၆ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၂၁.၄%
၂ – ခရစ္စတီယာနိုရော်နယ်ဒို | ပင်နယ်တီလွဲချော်မှု – ၂၇ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၁၆၂ကြိမ် |လွဲချော်မှုရာခိုင်နှုန်း – ၁၆.၇%
၃ – ဖရန်ဆက်စကိုတော့တီ | ပင်နယ်တီလွဲချော်မှု – ၁၉ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၉၉ကြိမ် |လွဲချော်မှုရာခိုင်နှုန်း – ၁၉။၂%
၄ – အီဘရာဟီမိုဗစ် | ပင်နယ်တီလွဲချော်မှု – ၁၆ကြိမ် |ပင်နယ်တီကန်သွင်းမှု – ၉၂ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၁၇.၄%
၅ – အန်တိုနီယိုဒီနာတယ်လီ | ပင်နယ်တီလွဲချော်မှု – ၁၅ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၅၈ကြိမ် |လွဲချော်မှုရာခိုင်နှုန်း – ၂၅.၉%
၆ – အက်ဒင်ဆန်ကာဗာနီ | ပင်နယ်တီလွဲချော်မှု – ၁၄ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၇၃ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၁၉။၂%
၇ – ဝိန်းရွန်းနီ | ပင်နယ်တီလွဲချော်မှု – ၁၃ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၅၃ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၂၄.၅%
၈ – ရော်နယ်ဒင်ဟို | ပင်နယ်တီလွဲချော်မှု – ၁၃ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၆၈ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၁၉.၁%
၉ – ဖရန့်လမ်းပတ် | ပင်နယ်တီလွဲချော်မှု – ၁၃ကြိမ် | ပင်နယ်တီကန်သွင်းမှု – ၈၀ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၁၆.၃%
၁၀ – ဆာဂျီယိုအဂွဲရိုး | ပင်နယ်တီလွဲချော်မှု – ၁၂ကြိမ် |ပင်နယ်တီကန်သွင်းမှု – ၆၁ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၁၉.၇%
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၎ – အီဘရာဟီမိုဗစ် | ပင်နယ်တီလွဲချော်မှု – ၁၆ကြိမ် |ပင်နယ်တီကန်သွင်းမှု – ၉၂ကြိမ် | လွဲချော်မှုရာခိုင်နှုန်း – ၁၇.၄%