၂၁ ရာစုရဲ့ဟက်ထရစ်အကြိမ်အများဆုံးစံချိန်ရှင် စီရော်နယ်လ်ဒိုကို လိုက်မီဖို့ မက်ဆီ ပိုမိုနီးစပ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၁ ရာစုအတွင်း ဟက်ထရစ်အကြိမ်အများဆုံးသွင်းယူခဲ့သူအဖြစ် စံချိန်တင်ထားတဲ့စီရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်အရေအတွက်ကို အဓိကပြိုင်ဘက်ဖြစ်သူ မက်ဆီ အမီလိုက်နိုင်ဖို့နီးစပ်နေပြီး အခုဆိုရင် စီရော်နယ်လ်ဒိုနဲ့မက်ဆီအကြား ဟက်ထရစ်(၂)ကြိမ်သာကွာဟနေတာဖြစ်ပါတယ်။

အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီဟာ ပြီးခဲ့တဲ့သောကြာနေ့က ဘိုလစ်ဗီးယားအသင်းကို (၃-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး အခုဆိုရင် ကစားသမားဘဝတစ်လျှောက် နိုင်ငံနဲ့ကလပ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တာက (၅၅)ကြိမ်အထိရှိနေပါပြီ။

မက်ဆီဟာ ဘိုလစ်ဗီးယားနဲ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် (၇၉)ဂိုးမြောက်သွင်းယူခဲ့တာကြောင့် ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးကြီးပီလီတင်ရှိထားတဲ့ တောင်အမေရိကဘောလုံးသမိုင်းတစ်လျှောက် လက်ရွေးစင်အသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်လ်ဒို တင်ရှိထားတဲ့ ဟက်ထရစ်အကြိမ်အများဆုံး(၅၇)ကြိမ်စံချိန်ကို မီဖို့ နောက်ထပ်(၂)ကြိမ်သာလိုတော့တာပါ။

တစ်ခုရှိတာက စီရော်နယ်လ်ဒိုကလည်း အခုအချိန်အထိ ဘောလုံးလောကမှာဆက်လက်ကျင်လည်နေဆဲဖြစ်သလို အခုည နယူးကာဆယ်နဲ့ကစားမယ့်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားဖို့ရှိနေပြီး

နောက်ထပ်ဟက်ထရစ်တွေသွင်းယူနိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်တာကြောင့် မက်ဆီအနေနဲ့ စီရော်နယ်လ်ဒိုကို အမီလိုက်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရဦးမှာဖြစ်ပါတယ်။

၂၁ ရာစုအတွင်း ဟက်ထရစ်အကြိမ်အများဆုံးသွင်းယူထားတဲ့ကစားသမားစာရင်းမှာ ဒီကစားသမားနှစ်ဦးနဲ့ ကျန်တဲ့ကစားသမားတွေကြား ဟက်ထရစ်အကြိမ်အရေအတွက်ကွာခြားချက်က ကြီးမားလွန်းပြီး

စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့နောက်မှာရပ်တည်နေတဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူးဆွာရက်ဇ်ရဲ့ ဟက်ထရစ်အရေအတွက်က (၂၉)ကြိမ်သာရှိပါသေးတယ်။

ဘိုင်ယန်မြူးနစ် တိုက်စ်မှူးလီဝန်ဒေါစကီးက (၂၄)ကြိမ်၊ ဘိုင်ယန်တိုက်စစ်မှူးဟောင်းမာရီယိုဂိုးမက်ဇ်၊ နယ်သာလန်နာမည်ကျော်တိုက်စစ်မှူးဟောင်းဟန်တယ်လားနဲ့ ဘာစီလိုနာတိုက်စစ်မှူးအဂွဲရိုးတို့က စုစုပေါင်း(၁၈)ကြိမ်စီ သွင်းယူထားပြီး

အခုစာရင်းရဲ့ထိပ်ဆုံး(၁၀)ဦးမှာ အီဘရာဟီမိုဗစ်(၁ရကြိမ်)၊ ဟယ်ရီကိန်း(၁၅ကြိမ်)၊ ကာဗာနီ(၁၅ကြိမ်)တို့လည်း ပါဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၁ ရာစုရဲ႕ဟက္ထရစ္အႀကိမ္အမ်ားဆုံးစံခ်ိန္ရွင္ စီေရာ္နယ္လ္ဒိုကို လိုက္မီဖို႔ မက္ဆီ ပိုမိုနီးစပ္လာ

၂၁ ရာစုအတြင္း ဟက္ထရစ္အႀကိမ္အမ်ားဆုံးသြင္းယူခဲ့သူအျဖစ္ စံခ်ိန္တင္ထားတဲ့စီေရာ္နယ္လ္ဒိုရဲ႕ ဟက္ထရစ္အေရအတြက္ကို အဓိကၿပိဳင္ဘက္ျဖစ္သူ မက္ဆီ အမီလိုက္ႏိုင္ဖို႔နီးစပ္ေနၿပီး အခုဆိုရင္ စီေရာ္နယ္လ္ဒိုနဲ႔မက္ဆီအၾကား ဟက္ထရစ္(၂)ႀကိမ္သာကြာဟေနတာျဖစ္ပါတယ္။ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမားမက္ဆီဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ဘိုလစ္ဗီးယားအသင္းကို (၃-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး အခုဆိုရင္ ကစားသမားဘဝတစ္ေလွ်ာက္ ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ ဟက္ထရစ္သြင္းယူခဲ့တာက (၅၅)ႀကိမ္အထိရွိေနပါၿပီ။

မက္ဆီဟာ ဘိုလစ္ဗီးယားနဲ႔ပြဲမွာ လက္ေ႐ြးစင္အသင္းအတြက္ (၇၉)ဂိုးေျမာက္သြင္းယူခဲ့တာေၾကာင့္ ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႉးႀကီးပီလီတင္ရွိထားတဲ့ ေတာင္အေမရိကေဘာလုံးသမိုင္းတစ္ေလွ်ာက္ လက္ေ႐ြးစင္အသင္းတစ္သင္းအတြက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္လ္ဒို တင္ရွိထားတဲ့ ဟက္ထရစ္အႀကိမ္အမ်ားဆုံး(၅၇)ႀကိမ္စံခ်ိန္ကို မီဖို႔ ေနာက္ထပ္(၂)ႀကိမ္သာလိုေတာ့တာပါ။

တစ္ခုရွိတာက စီေရာ္နယ္လ္ဒိုကလည္း အခုအခ်ိန္အထိ ေဘာလုံးေလာကမွာဆက္လက္က်င္လည္ေနဆဲျဖစ္သလို အခုည နယူးကာဆယ္နဲ႔ကစားမယ့္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားဖို႔ရွိေနၿပီး ေနာက္ထပ္ဟက္ထရစ္ေတြသြင္းယူႏိုင္ဖို႔ အခြင့္အေရးရွိေနဆဲျဖစ္တာေၾကာင့္ မက္ဆီအေနနဲ႔ စီေရာ္နယ္လ္ဒိုကို အမီလိုက္ႏိုင္ဖို႔ ခက္ခက္ခဲခဲႀကိဳးစားရဦးမွာျဖစ္ပါတယ္။

၂၁ ရာစုအတြင္း ဟက္ထရစ္အႀကိမ္အမ်ားဆုံးသြင္းယူထားတဲ့ကစားသမားစာရင္းမွာ ဒီကစားသမားႏွစ္ဦးနဲ႔ က်န္တဲ့ကစားသမားေတြၾကား ဟက္ထရစ္အႀကိမ္အေရအတြက္ကြာျခားခ်က္က ႀကီးမားလြန္းၿပီး စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ရဲ႕ေနာက္မွာရပ္တည္ေနတဲ့ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးဆြာရက္ဇ္ရဲ႕ ဟက္ထရစ္အေရအတြက္က (၂၉)ႀကိမ္သာရွိပါေသးတယ္။ ဘိုင္ယန္ျမဴးနစ္ တိုက္စ္မႉးလီဝန္ေဒါစကီးက (၂၄)ႀကိမ္၊ ဘိုင္ယန္တိုက္စစ္မႉးေဟာင္းမာရီယိုဂိုးမက္ဇ္၊ နယ္သာလန္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းဟန္တယ္လားနဲ႔ ဘာစီလိုနာတိုက္စစ္မႉးအဂြဲ႐ိုးတို႔က စုစုေပါင္း(၁၈)ႀကိမ္စီ သြင္းယူထားၿပီး အခုစာရင္းရဲ႕ထိပ္ဆုံး(၁၀)ဦးမွာ အီဘရာဟီမိုဗစ္(၁ရႀကိမ္)၊ ဟယ္ရီကိန္း(၁၅ႀကိမ္)၊ ကာဗာနီ(၁၅ႀကိမ္)တို႔လည္း ပါဝင္ခဲ့ပါတယ္။