၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဂျူဗင်တပ်နောက်ခံလူဒီလစ်ဆွတ်ခူး

photo-AP

photo-reuters

Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ ရွေးချယ်ချီးမြှင့်ခဲ့တဲ့ အသက် ၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Kopa Trophy ဂျူဗင်တပ်နောက်ခံလူဒီလစ်က ရရှိသွားပါတယ်။ ဒီလစ်ဟာ အဲဒီဆုအတွက် ဆန်ခါတင် ၁၀ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဒေ့ါမန်တောင်ပံကစားသမားဆန်ချို၊ အက်သလက်တီကိုကြယ်ပွင့်ဂျာအိုဖိလစ်နဲ့ နာမည်ကြီးနေတဲ့ လေဗာကူဆင်ကွင်းလယ်လူကိုင်ဟာဗက်ဇ်တို့ကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာပါ။

photo-gettyimages

အဲဒီနယ်သာလန်သားဟာ ၂၀၁၉ အတွင်းမှာ အံ့သြစရာစွမ်းဆောင်နိုင်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်းအေဂျက်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အေဂျက်က ခြေစွမ်းကြောင့်ပဲ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးယူရို ၇၅ သန်းနဲ့ ဂျူဗင်တပ်ရဲ့ခေါ်ယူခြင်းကို ခံခဲ့ရတာပါ။ ဂျူဗင်တပ်ဟာ မန်ယူနဲ့ဘာစီလိုနာတို့လိုအပြိုင်အဆိုင်တွေကြားကပဲ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့တာပါ။

photo-gettyimages

အသက် ၂၀ အရွယ်ဒီလစ်ဟာ အသင်းသစ်ဂျူဗင်တပ်နဲ့ တာထွက်မကောင်းခဲ့ပေမယ့် မကြာသေးခင်ရက်သတ္တပတ်တွေမှတော့ ခြေစွမ်းပြလာနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းနယ်သာလန်မှာလည်း သူဟာ ဗန်ဒစ်ဂျ်နဲ့အတွဲညီခဲ့ပြီး နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ခဲ့သေးတာပါ။ ဒီလစ်ဟာ ပြီးခဲ့တဲ့နှစ်ဆုရှင်ဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဆီကနေ ဆုလက်ခံရယူခဲ့ပါတယ်။

[Zawgyi]

၂၁ ႏွစ္ေအာက္ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ဂ်ဴဗင္တပ္ေနာက္ခံလူဒီလစ္ဆြတ္ခူး

Ballon d’Or ဆုေပးပြဲအခမ္းအနားမွာ ေရြးခ်ယ္ခ်ီးျမွင့္ခဲ့တဲ့ အသက္ ၂၁ ႏွစ္ေအာက္ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Kopa Trophy ဂ်ဴဗင္တပ္ေနာက္ခံလူဒီလစ္က ရရွိသြားပါတယ္။ ဒီလစ္ဟာ အဲဒီဆုအတြက္ ဆန္ခါတင္ ၁၀ ေယာက္ထဲမွာ တစ္ေယာက္အပါအ၀င္ျဖစ္ၿပီး ေဒ့ါမန္ေတာင္ပံကစားသမားဆန္ခ်ိဳ၊ အက္သလက္တီကိုၾကယ္ပြင့္ဂ်ာအိုဖိလစ္နဲ႔ နာမည္ႀကီးေနတဲ့ ေလဗာကူဆင္ကြင္းလယ္လူကိုင္ဟာဗက္ဇ္တုိ႔ကို ေက်ာ္ျဖတ္ဆြတ္ခူးခဲ့တာပါ။

အဲဒီနယ္သာလန္သားဟာ ၂၀၁၉ အတြင္းမွာ အံ့ၾသစရာစြမ္းေဆာင္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕အသင္းေဟာင္းေအဂ်က္ကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ေအဂ်က္က ေျခစြမ္းေၾကာင့္ပဲ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကးယူရို ၇၅ သန္းနဲ႔ ဂ်ဴဗင္တပ္ရဲ႕ေခၚယူျခင္းကို ခံခဲ့ရတာပါ။ ဂ်ဴဗင္တပ္ဟာ မန္ယူနဲ႔ဘာစီလိုနာတုိ႔လိုအၿပိဳင္အဆိုင္ေတြၾကားကပဲ ဒီလစ္ကို ေခၚယူႏိုင္ခဲ့တာပါ။

အသက္ ၂၀ အရြယ္ဒီလစ္ဟာ အသင္းသစ္ဂ်ဴဗင္တပ္နဲ႔ တာထြက္မေကာင္းခဲ့ေပမယ့္ မၾကာေသးခင္ရက္သတၱပတ္ေတြမွေတာ့ ေျခစြမ္းျပလာႏိုင္ခဲ့ပါတယ္။ ႏုိင္ငံအသင္းနယ္သာလန္မွာလည္း သူဟာ ဗန္ဒစ္ဂ်္နဲ႔အတြဲညီခဲ့ၿပီး ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ဗုိလ္လုပြဲေရာက္ခဲ့ေသးတာပါ။ ဒီလစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ဆုရွင္ျဖစ္တဲ့ ပီအက္စ္ဂ်ီတုိက္စစ္မႈးအမ္ဘက္ပီဆီကေန ဆုလက္ခံရယူခဲ့ပါတယ္။