၂၁ နှစ်သာရှိသေးတဲ့ စပိန်လူငယ်နည်းပြတစ်ယောက် ကိုရိုနာကြောင့် သေဆုံး

photo-credit

photo-facebook

စပိန်လူငယ်နည်းပြတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။ ၂၁ နှစ်သာရှိသေးတဲ့ ဖရန်ဆစ်စကိုဂါစီယာဟာ မာလာဂါအခြေစိုက်အသင်းတစ်သင်းဖြစ်တဲ့ ပေါ်တာဒါအော်လ်တာကလပ်ရဲ့လူငယ်အသင်းနည်းပြအဖြစ် ၂၀၁၆ ကတည်းက လုပ်ကိုင်နေတာပါ။ သူဟာ ပြင်းထန်တဲ့ဗိုင်းရပ်စ်လက္ခဏာကြောင့် ဆေးရုံကို အရေးပေါ်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

photo-facebook

ဒါပေမဲ့ သူရောက်လာချိန်မှာ ဆရာဝန်တွေက သူ့ဆီမှာ သွေးကင်ဆာရောဂါရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ သူသာ အရင်ရောဂါဖြစ်တဲ့သွေးကင်ဆာသာ မခံစားရရင် အသက်ရှင်နိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့လာမှုကို တားဆီးတဲ့အနေနဲ့ စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်တုန်းက အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူူးစက်ခံရသူပေါင်း ၈၀၀၀ ကျော်ရှိပြီး ၂၉၇ ယောက်သေဆုံးထားလို့လည်း စပိန်ဟာ ကိုရိုနာနဲ့ပတ်သက်ရင် ဥရောပနိုင်ငံတွေထဲမှာ ဒုတိယအဆိုးဆုံးဖြစ်နေပါတယ်။

photo-AP

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကနေ မရှောင်ပြေးနိုင်ခဲ့တဲ့ လူငယ်နည်းပြလေးဂါစီယာဟာ ဥရောပမှာ(အာရှမှာလည်း ဖြစ်ဖွယ်ရှိ) အဲဒါကြောင့် သေဆုံးရတဲ့အသက်အငယ်ဆုံးသူလို့ ယုံကြည်ရပါတယ်။ လက်ရှိမှာလည်း ပိုမိုဆိုးရွားလာတဲ့ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် စပိန်နိုင်ငံမှာ ပိတ်ဆို့မှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် စပိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု စတုတ္တအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

[Zawgyi]

၂၁ ႏွစ္သာရွိေသးတဲ့ စပိန္လူငယ္နည္းျပတစ္ေယာက္ ကိုရိုနာေၾကာင့္ ေသဆုံး

စပိန္လူငယ္နည္းျပတစ္ေယာက္ဟာ ကုိရိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသြားတယ္လုိ႔ သိရပါတယ္။ ၂၁ ႏွစ္သာရွိေသးတဲ့ ဖရန္ဆစ္စကိုဂါစီယာဟာ မာလာဂါအေျခစိုက္အသင္းတစ္သင္းျဖစ္တဲ့့ ေပၚတာဒါေအာ္လ္တာကလပ္ရဲ႕လူငယ္အသင္းနည္းျပအျဖစ္ ၂၀၁၆ ကတည္းက လုပ္ကုိင္ေနတာပါ။ သူဟာ ျပင္းထန္တဲ့ဗိုင္းရပ္စ္လကၡဏာေၾကာင့္ ေဆးရုံကို အေရးေပၚေရာက္လာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူေရာက္လာခ်ိန္မွာ ဆရာ၀န္ေတြက သူ႔ဆီမွာ ေသြးကင္ဆာေရာဂါရွိေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ သူသာ အရင္ေရာဂါျဖစ္တဲ့ေသြးကင္ဆာသာ မခံစားရရင္ အသက္ရွင္ႏိုင္တယ္လို႔ ဆရာ၀န္ေတြက ေျပာပါတယ္။ ဗုိင္းရပ္စ္ျပန္႔ႏွံ႔လာမႈကို တားဆီးတဲ့အေနနဲ႔ စပိန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့အပတ္တုန္းက အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ရပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ကူူးစက္ခံရသူေပါင္း ၈၀၀၀ ေက်ာ္ရွိၿပီး ၂၉၇ ေယာက္ေသဆုံးထားလုိ႔လည္း စပိန္ဟာ ကိုရိုနာနဲ႔ပတ္သက္ရင္ ဥေရာပႏိုင္ငံေတြထဲမွာ ဒုတိယအဆိုးဆုံးျဖစ္ေနပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ကပ္ေဘးကေန မေရွာင္ေျပးႏိုင္ခဲ့တဲ့ လူငယ္နည္းျပေလးဂါစီယာဟာ ဥေရာပမွာ(အာရွမွာလည္း ျဖစ္ဖြယ္ရွိ) အဲဒါေၾကာင့္ ေသဆုံးရတဲ့အသက္အငယ္ဆုံးသူလုိ႔ ယုံၾကည္ရပါတယ္။ လက္ရွိမွာလည္း ပိုမိုဆိုးရြားလာတဲ့ကိုိရိုနာဗုိင္းရပ္စ္အေျခအေနေၾကာင့္ စပိန္ႏိုင္ငံမွာ ပိတ္ဆို႔မႈေတြ ျပဳလုပ္ေနပါတယ္။ ဒါ့အျပင္ စပိန္ဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရမႈ စတုတၱအမ်ားဆုံးႏိုင္ငံလည္း ျဖစ္လာပါတယ္။