၂၀၂၃ ခုနှစ်ထဲမှာ ရှုံးပွဲမရှိစံချိန်ကို ထိန်းပြီး ပုံစံကောင်းရနေတဲ့ မန်ယူ အမျိုးသမီးအသင်း

၂၀၂၃ ခုနှစ်ဟာ မန်ချက်စတာယူနိုက်တက် အသိုက်အဝန်းတစ်ခုလုံးအတွက်

လာခြင်းကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုရင် မှားမယ်မထင်မိပါဘူး။

နည်းပြ အဲရစ်တန်ဟတ်ရဲ့ စီနီယာအသင်းကြီးဟာ ၂၀၂၃ ခုနှစ်ထဲကို

ချင်းနင်းဝင်ရောက် လာတဲ့အချိန်မှာ ပြိုင်ပွဲ ၄ ရပ်စလုံးကို အသက်ဆက်ခွင့်ရနေသေးတဲ့

တစ်သင်းတည်းသော ပရီးမီးယားလိဂ် အသင်းဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ပြိုင်ပွဲ ၄ ရပ်စလုံးမှာလည်း ချန်ပီယံလမ်းကြောင်းပေါ်ကနေပြီး

ဘေးထွက်ပေး ရတဲ့ပြိုင်ပွဲ တစ်ခုမှ မရှိသေးပါဘူး။ မန်ယူမှာ ဒါတင်ပဲလားကွာဆိုရင်တော့

ကျန်ပါသေးတယ်လို့ပဲ ပြောရမှာပေါ့။ မန်ယူအသင်းကြီးနဲ့အတူ စင်ပြိုင် နိုင်ပွဲ တွေ

ဆက်နေတဲ့ အမျိုးသမီးအသင်းကလည်း ၂၀၂၃ ခုနှစ်ကို လာခြင်း ကောင်းမှုတွေနဲ့အတူ စတင်ခဲ့တာပါ။

၂၀၂၃ ခုနှစ် ဇန်နဝါရီရဲ့ ပထမဆုံးပွဲ စဉ်ဖြစ်တဲ့ မော်လ်တာကလပ် ဘာကီယာကာရာအသင်းနဲ့

ခြေစမ်းပွဲမှာ မန်ယူ အမျိုးသမီးအသင်းဟာ ၁၀-၀ ဂိုး ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

လီဗာပူး၊ ရီး ဒင်းတို့နဲ့ ကစားခဲ့တဲ့ အင်္ဂလန် အမျိုးသမီး စူပါလိဂ် ပွဲစဉ်တွေကို ဆက်တိုက်

အနိုင်ရခဲ့သလို ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အမျိုးသမီး အက်ဖ်အေဖလားပွဲ မှာလည်း

၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့

အိမ်ကွင်းပွဲမှာတော့ မန်ယူအမျိုးသမီးအသင်းဟာ ဂိုး မရှိ သရေကစားနိုင်ခဲ့ပါတယ်။

ဆိုရရင် ယူနိုက်တက် အမျိုးသမီးအသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေအားလုံးမှာ

ရှုံးပွဲလုံး၀ မရှိခဲ့သလို စုစုပေါင်း သွင်းဂိုးအရေအတွက်က ၁၉ ဂိုးအထိ ရှိခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံသူ မာ့ခ်စကင်နာ ဦးဆောင်နေတဲ့ ယူနိုက်တက် အမျိုးသမီး အသင်းဟာ

စူပါလိဂ် အမှတ်ပေးဇယားမှာဆိုရင် ၁၂ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက

ချဲလ်ဆီးတစ်သင်းတည်းကိုပဲ ရှုံးထားပြီး ရမှတ် ၂၉ မှတ်နဲ့ ဒုတိယနေရာ မှာ ရှိနေပါတယ်။

နောက်ပြီး ချဲလ်ဆီးအမျိုးသမီးအသင်းနဲ့လည်း ၂ မှတ်ပဲ ကွာနေတာကြောင့်

ချန်ပီယံဆုအတွက် လက်တစ်ကမ်းအလိုမှာရှိနေပြီး ပထမနေရာကို အချိန်မရွေး ရောက်သွားနိုင်ပါတယ်။

ဒါကြောင့် ၂၀၂၃ ခုနှစ် ထဲမှာ လာခြင်းကောင်းတဲ့ မန်ယူအမျိုးသမီးအသင်းဟာ

ပုံစံကောင်းကို ဆက်ထိန်းပြီး အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို

ရယူသွားနိုင်မှာလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။

zawgyi

၂၀၂၃ ခုႏွစ္ထဲမွာ ရႈံးပြဲမရွိစံခ်ိန္ကို ထိန္းၿပီး ပုံစံေကာင္းရေနတဲ့ မန္ယူ အမ်ိဳးသမီးအသင္း

၂၀၂၃ ခုႏွစ္ဟာ မန္ခ်က္စတာယူႏိုက္တက္ အသိုက္အဝန္းတစ္ခုလုံးအတြက္

လာျခင္းေကာင္းတဲ့ ႏွစ္တစ္ႏွစ္လို႔ ဆိုရင္ မွားမယ္မထင္မိပါဘူး။

နည္းျပ အဲရစ္တန္ဟတ္ရဲ႕ စီနီယာအသင္းႀကီးဟာ ၂၀၂၃ ခုႏွစ္ထဲကို

ခ်င္းနင္းဝင္ေရာက္ လာတဲ့အခ်ိန္မွာ ၿပိဳင္ပြဲ ၄ ရပ္စလုံးကို အသက္ဆက္ခြင့္ရေနေသးတဲ့

တစ္သင္းတည္းေသာ ပရီးမီးယားလိဂ္ အသင္းျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီ ၿပိဳင္ပြဲ ၄ ရပ္စလုံးမွာလည္း ခ်န္ပီယံလမ္းေၾကာင္းေပၚကေနၿပီး

ေဘးထြက္ေပး ရတဲ့ၿပိဳင္ပြဲ တစ္ခုမွ မရွိေသးပါဘူး။ မန္ယူမွာ ဒါတင္ပဲလားကြာဆိုရင္ေတာ့

က်န္ပါေသးတယ္လို႔ပဲ ေျပာရမွာေပါ့။ မန္ယူအသင္းႀကီးနဲ႔အတူ စင္ၿပိဳင္ ႏိုင္ပြဲ ေတြ

ဆက္ေနတဲ့ အမ်ိဳးသမီးအသင္းကလည္း ၂၀၂၃ ခုႏွစ္ကို လာျခင္း ေကာင္းမႈေတြနဲ႔အတူ စတင္ခဲ့တာပါ။

၂၀၂၃ ခုႏွစ္ ဇန္နဝါရီရဲ႕ ပထမဆုံးပြဲ စဥ္ျဖစ္တဲ့ ေမာ္လ္တာကလပ္ ဘာကီယာကာရာအသင္းနဲ႔

ေျခစမ္းပြဲမွာ မန္ယူ အမ်ိဳးသမီးအသင္းဟာ ၁၀-၀ ဂိုး ရလဒ္နဲ႔ အႏိုင္ယူႏိုင္ခဲ့တာပါ။

လီဗာပူး၊ ရီး ဒင္းတို႔နဲ႔ ကစားခဲ့တဲ့ အဂၤလန္ အမ်ိဳးသမီး စူပါလိဂ္ ပြဲစဥ္ေတြကို ဆက္တိုက္

အႏိုင္ရခဲ့သလို ဆန္းဒါးလန္းနဲ႔ ရင္ဆိုင္ခဲ့တဲ့ အမ်ိဳးသမီး အက္ဖ္ေအဖလားပြဲ မွာလည္း

၂-၁ ရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ကစားခဲ့တဲ့ အဲဗာတန္နဲ႔

အိမ္ကြင္းပြဲမွာေတာ့ မန္ယူအမ်ိဳးသမီးအသင္းဟာ ဂိုး မရွိ သေရကစားႏိုင္ခဲ့ပါတယ္။

ဆိုရရင္ ယူႏိုက္တက္ အမ်ိဳးသမီးအသင္းဟာ ၂၀၂၃ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ပြဲစဥ္ေတြအားလုံးမွာ

ရႈံးပြဲလုံး၀ မရွိခဲ့သလို စုစုေပါင္း သြင္းဂိုးအေရအတြက္က ၁၉ ဂိုးအထိ ရွိခဲ့ပါတယ္။

အဂၤလန္ႏိုင္ငံသူ မာ့ခ္စကင္နာ ဦးေဆာင္ေနတဲ့ ယူႏိုက္တက္ အမ်ိဳးသမီး အသင္းဟာ

စူပါလိဂ္ အမွတ္ေပးဇယားမွာဆိုရင္ ၁၂ပြဲ ကစားၿပီးခ်ိန္မွာ အမွတ္ေပးဇယား ထိပ္ဆုံးက

ခ်ဲလ္ဆီးတစ္သင္းတည္းကိုပဲ ရႈံးထားၿပီး ရမွတ္ ၂၉ မွတ္နဲ႔ ဒုတိယေနရာ မွာ ရွိေနပါတယ္။

ေနာက္ၿပီး ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းနဲ႔လည္း ၂ မွတ္ပဲ ကြာေနတာေၾကာင့္

ခ်န္ပီယံဆုအတြက္ လက္တစ္ကမ္းအလိုမွာရွိေနၿပီး ပထမေနရာကို အခ်ိန္မေ႐ြး ေရာက္သြားႏိုင္ပါတယ္။

ဒါေၾကာင့္ ၂၀၂၃ ခုႏွစ္ ထဲမွာ လာျခင္းေကာင္းတဲ့ မန္ယူအမ်ိဳးသမီးအသင္းဟာ

ပုံစံေကာင္းကို ဆက္ထိန္းၿပီး အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံဆုကို

ရယူသြားႏိုင္မွာလားဆိုတာကေတာ့ စိတ္ဝင္စားဖို႔ ေကာင္းေနၿပီျဖစ္ပါတယ္။