၂၀၂၃ ကျရင် ဘာစီလိုနာအသင်းဆီအလွတ်နဲ့ပြန်ရောက်လာဖို့ရှိတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့အာဂျင်တီးနားနာမည်ကျော်တိုက်စစ်ကစားသမား မက်ဆီဟာ ၂၀၂၃ ခုနှစ်ကျရင် သူ့အသင်းဟောင်းဘာစီလိုနာအသင်းဆီ အလွတ်နဲ့ပြန်လည်ရောက်လာဖို့ရှိတယ်လို့ စပိန်မီဒီယာတွေကခန့်မှန်းနေကြပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက (၁၇)နှစ်ကြာကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့လမ်းခွဲခဲ့ပြီး ဘာစီလိုနာအသင်းက မက်ဆီရဲ့လစာငွေကိုပေးချေနိုင်တဲ့ဘဏ္ဍာရေးအင်အားမရှိတာကြောင့် လက်လွှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ မက်ဆီနဲ့ဘာစီလိုနာအသင်းတို့လမ်းခွဲလိုက်ချိန်ကတည်းက မက်ဆီသာမက ဘာစီလိုနာအသင်းပါ ရုန်းကန်နေရပြီး မက်ဆီဟာ PSG အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းပြမကစားနိုင်သေးဘဲ

ဘာစီလိုနာအသင်းဟာလည်း ရလဒ်ဆိုးတွေကြောင့် နည်းပြရော်နယ်လ်ကိုးမန်းကို ရာထူးကထုတ်ပယ်ခဲ့ပြီးတော့ ဂန္ထဝင်ကစားသမားဇာဗီကို မကြာသေးခင်ကမှ နည်းပြသစ်ခန့်ခဲ့ပါတယ်။

PSG နဲ့မက်ဆီတို့ရဲ့စာချုပ်က ၂၀၂၂-၂၃ ရာသီကုန်ကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ကုန်ဆုံးမယ့်အချိန်ကျရင် မက်ဆီအနေနဲ့ အသက်(၁၃)နှစ်အရွယ်ကတည်းကရောက်ရှိခဲ့တဲ့ ဘာစီလိုနာအသင်းဆီပြန်လာဖို့ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာနည်းပြသစ်ဖြစ်လာတဲ့ ဇာဗီနဲ့မက်ဆီတို့ဟာ ဘောလုံးသမားဘဝကတည်းက ခင်မင်ရင်းနှီးတဲ့သူတွေဖြစ်တာကြောင့်

မက်ဆီရဲ့နူးကမ့်တစ်ကျော့ပြန်ခရီးမှာ ဇာဗီက အဓိကအခန်းကဏ္ဍကနေပါဝင်လာဖို့ရှိနေတယ်လို့ စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က သုံးသပ်ခဲ့ပါတယ်။

မက်ဆီနဲ့ဇာဗီတို့ဟာ ၂၀၁၅ ခုနှစ်မတိုင်ခင်အထိ ဘာစီလိုနာအသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာလက်တွဲကစားခဲ့သလို ကြီးမားတဲ့အောင်မြင်မှုတွေလည်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာနဲ့လမ်းခွဲပြီး အယ်လ်ဆက်ဒ်အသင်းကို ဇာဗီပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာလည်း ဇာဗီနဲ့မက်ဆီတို့ဟာ အဆက်အသွယ်မပြတ်ဘဲ ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ်ဆက်ရှိနေဆဲပါပဲ။

မက်ဆီကိုယ်တိုင်ကလည်း တစ်ချိန်ကျရင် ဘာစီလိုနာအသင်းဆီပြန်ချင်တယ်လို့ဝန်ခံပြောဆိုခဲ့ပြီး အားကစားဒါရိုက်တာအဖြစ်ဆောင်ရွက်ဖို့ဆန္ဒရှိနေပါတယ်။

PSG အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်ကျရင် မက်ဆီရဲ့အသက်က(၃၆)နှစ်အရွယ်ရှိမှာဖြစ်ပေမယ့်

သူ့ပြိုင်ဘက်စီရော်နယ်လ်ဒိုလိုပဲ အသက်(၃၆)နှစ်အရွယ်မှာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့သလို မက်ဆီကလည်း ဘာစီလိုနာအသင်းဆီပြန်လာဖို့ရှိနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၃ က်ရင္ ဘာစီလိုနာအသင္းဆီအလြတ္နဲ႔ျပန္ေရာက္လာဖို႔ရွိတဲ့ မက္ဆီ

PSG အသင္းရဲ႕အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္ကစားသမား မက္ဆီဟာ ၂၀၂၃ ခုႏွစ္က်ရင္ သူ႔အသင္းေဟာင္းဘာစီလိုနာအသင္းဆီ အလြတ္နဲ႔ျပန္လည္ေရာက္လာဖို႔ရွိတယ္လို႔ စပိန္မီဒီယာေတြကခန႔္မွန္းေနၾကပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီက (၁၇)ႏွစ္ၾကာကစားခဲ့တဲ့ ဘာစီလိုနာအသင္းနဲ႔လမ္းခြဲခဲ့ၿပီး ဘာစီလိုနာအသင္းက မက္ဆီရဲ႕လစာေငြကိုေပးေခ်ႏိုင္တဲ့ဘ႑ာေရးအင္အားမရွိတာေၾကာင့္ လက္လႊတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမဲ့ မက္ဆီနဲ႔ဘာစီလိုနာအသင္းတို႔လမ္းခြဲလိုက္ခ်ိန္ကတည္းက မက္ဆီသာမက ဘာစီလိုနာအသင္းပါ ႐ုန္းကန္ေနရၿပီး မက္ဆီဟာ PSG အသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ေျခစြမ္းျပမကစားႏိုင္ေသးဘဲ ဘာစီလိုနာအသင္းဟာလည္း ရလဒ္ဆိုးေတြေၾကာင့္ နည္းျပေရာ္နယ္လ္ကိုးမန္းကို ရာထူးကထုတ္ပယ္ခဲ့ၿပီးေတာ့ ဂႏၴဝင္ကစားသမားဇာဗီကို မၾကာေသးခင္ကမွ နည္းျပသစ္ခန႔္ခဲ့ပါတယ္။

PSG နဲ႔မက္ဆီတို႔ရဲ႕စာခ်ဳပ္က ၂၀၂၂-၂၃ ရာသီကုန္က်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္ကုန္ဆုံးမယ့္အခ်ိန္က်ရင္ မက္ဆီအေနနဲ႔ အသက္(၁၃)ႏွစ္အ႐ြယ္ကတည္းကေရာက္ရွိခဲ့တဲ့ ဘာစီလိုနာအသင္းဆီျပန္လာဖို႔ရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာနည္းျပသစ္ျဖစ္လာတဲ့ ဇာဗီနဲ႔မက္ဆီတို႔ဟာ ေဘာလုံးသမားဘဝကတည္းက ခင္မင္ရင္းႏွီးတဲ့သူေတြျဖစ္တာေၾကာင့္ မက္ဆီရဲ႕ႏူးကမ့္တစ္ေက်ာ့ျပန္ခရီးမွာ ဇာဗီက အဓိကအခန္းက႑ကေနပါဝင္လာဖို႔ရွိေနတယ္လို႔ စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က သုံးသပ္ခဲ့ပါတယ္။

မက္ဆီနဲ႔ဇာဗီတို႔ဟာ ၂၀၁၅ ခုႏွစ္မတိုင္ခင္အထိ ဘာစီလိုနာအသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာလက္တြဲကစားခဲ့သလို ႀကီးမားတဲ့ေအာင္ျမင္မႈေတြလည္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ဘာစီလိုနာနဲ႔လမ္းခြဲၿပီး အယ္လ္ဆက္ဒ္အသင္းကို ဇာဗီေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္းမွာလည္း ဇာဗီနဲ႔မက္ဆီတို႔ဟာ အဆက္အသြယ္မျပတ္ဘဲ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြအျဖစ္ဆက္ရွိေနဆဲပါပဲ။

မက္ဆီကိုယ္တိုင္ကလည္း တစ္ခ်ိန္က်ရင္ ဘာစီလိုနာအသင္းဆီျပန္ခ်င္တယ္လို႔ဝန္ခံေျပာဆိုခဲ့ၿပီး အားကစားဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ဖို႔ဆႏၵရွိေနပါတယ္။ PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္အခ်ိန္က်ရင္ မက္ဆီရဲ႕အသက္က(၃၆)ႏွစ္အ႐ြယ္ရွိမွာျဖစ္ေပမယ့္ သူ႔ၿပိဳင္ဘက္စီေရာ္နယ္လ္ဒိုလိုပဲ အသက္(၃၆)ႏွစ္အ႐ြယ္မွာ အသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သလို မက္ဆီကလည္း ဘာစီလိုနာအသင္းဆီျပန္လာဖို႔ရွိေနတာျဖစ္ပါတယ္။