၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေ အခက်ကြုံရဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပွဲတွေကို အပြောင်းအလဲလုပ်ခဲ့ရတဲ့အတွက် ကလပ်အသင်းတွေအနေနဲ့ အခက်ကြုံရဖို့ရှိနေပါပြီ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ (၁၂)လလောက်သာလိုတော့ပြီး ပြိုင်ပွဲကို လာမယ့်နှစ်၊ နိုဝင်ဘာ(၂၁)ရက်ကနေ ဒီဇင်ဘာ(၁၈)ရက်အထိကျင်းပသွားမှာဖြစ်တဲ့အတွက် ဥရောပဘောလုံးရာသီအလယ်မှာပြိုင်ပွဲတွေကို ခဏရပ်နားပြီးတော့

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရမှာဖြစ်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဘယ်လိုပြင်ဆင်မှုလုပ်ထားလဲဆိုတာထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

၂၀၂၂-၂၃ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို ပုံမှန်ကျင်းပနေတဲ့ရက်ထက်တစ်ပတ်စောပြီးတော့ သြဂုတ်လ(၆)ရက်မှာ စတင်သွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲစဖို့ တစ်ပတ်အလို နိုဝင်ဘာ(၁၂-၁၃)ရက်တွေမှာ ခဏရပ်နားမှာပါ။

နိုဝင်ဘာ(၁၄)ရက်ကျရင် ကလပ်အသင်းတွေက,ကစားသမားတွေအနေနဲ့ သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေဆီ သွားရောက်ပူးပေါင်းမှာဖြစ်ပြီး

ဒီဇင်ဘာ(၁၈)ရက်အထိကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၂၊ Boxing Day (ဒီဇင်ဘာ ၂၆)မှာ ပရီးမီးယားလိဂ်ပွဲတွေကို ပြန်လည်စတင်မှာဖြစ်သလို လိဂ်ဖလားစတုတ္ထအဆင့်ပွဲကို

ခရစ္စမတ်ကာလမတိုင်ခင် ကြားရက်မှာယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် ကမ္ဘာ့ဖလားကပြန်လာတဲ့ကစားသမားတွေအနေနဲ့ နားရက်လုံလုံလောက်လောက်ရဖို့မရှိပါဘူး။

၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲတွေကို ၂၀၂၃၊ မေလ(၂၈)ရက်မှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ရာသီပိတ်ပွဲပြီးတာနဲ့တစ်ပတ်အကြာမှာ FA ဖလားဗိုလ်လုပွဲကို ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲပြီးတာနဲ့ ကလပ်အသင်းနဲ့အတူ အမှတ်ပေးပြိုင်ပွဲ၊ တခြားပြည်တွင်းဖလားပြိုင်ပွဲတေကို ရက်ပိုင်းအကြာမှာပဲ ကစားရဖို့ရှိနေတဲ့အပြင်

ထိပ်သီးအသင်းက,ကစားသမားတွေကတော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ Europa Conference League တို့လိုပြိုင်ပွဲတွေယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ၂၀၂၂-၂၃ ရာသီကုန်မှသာ အပြည့်အဝအနားယူရဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ကလပ္ေတြ အခက္ႀကဳံရဖို႔ရွိ

ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္ပြဲေတြကို အေျပာင္းအလဲလုပ္ခဲ့ရတဲ့အတြက္ ကလပ္အသင္းေတြအေနနဲ႔ အခက္ႀကဳံရဖို႔ရွိေနပါၿပီ။ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပဖို႔ (၁၂)လေလာက္သာလိုေတာ့ၿပီး ၿပိဳင္ပြဲကို လာမယ့္ႏွစ္၊ ႏိုဝင္ဘာ(၂၁)ရက္ကေန ဒီဇင္ဘာ(၁၈)ရက္အထိက်င္းပသြားမွာျဖစ္တဲ့အတြက္ ဥေရာပေဘာလုံးရာသီအလယ္မွာၿပိဳင္ပြဲေတြကို ခဏရပ္နားၿပီးေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲဆင္ႏႊဲရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ဘယ္လိုျပင္ဆင္မႈလုပ္ထားလဲဆိုတာထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။

၂၀၂၂-၂၃ ရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ပုံမွန္က်င္းပေနတဲ့ရက္ထက္တစ္ပတ္ေစာၿပီးေတာ့ ၾသဂုတ္လ(၆)ရက္မွာ စတင္သြားမွာျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲစဖို႔ တစ္ပတ္အလို ႏိုဝင္ဘာ(၁၂-၁၃)ရက္ေတြမွာ ခဏရပ္နားမွာပါ။ ႏိုဝင္ဘာ(၁၄)ရက္က်ရင္ ကလပ္အသင္းေတြက,ကစားသမားေတြအေနနဲ႔ သက္ဆိုင္ရာလက္ေ႐ြးစင္အသင္းေတြဆီ သြားေရာက္ပူးေပါင္းမွာျဖစ္ၿပီး ဒီဇင္ဘာ(၁၈)ရက္အထိက်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာပါဝင္ဆင္ႏႊဲၾကမွာျဖစ္ပါတယ္။

အဲဒီေနာက္ ၂၀၂၂၊ Boxing Day (ဒီဇင္ဘာ ၂၆)မွာ ပရီးမီးယားလိဂ္ပြဲေတြကို ျပန္လည္စတင္မွာျဖစ္သလို လိဂ္ဖလားစတုတၳအဆင့္ပြဲကို ခရစၥမတ္ကာလမတိုင္ခင္ ၾကားရက္မွာယွဥ္ၿပိဳင္သြားမွာျဖစ္တဲ့အတြက္ ကမာၻ႔ဖလားကျပန္လာတဲ့ကစားသမားေတြအေနနဲ႔ နားရက္လုံလုံေလာက္ေလာက္ရဖို႔မရွိပါဘူး။

၂၀၂၂-၂၃ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲေတြကို ၂၀၂၃၊ ေမလ(၂၈)ရက္မွာယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ရာသီပိတ္ပြဲၿပီးတာနဲ႔တစ္ပတ္အၾကာမွာ FA ဖလားဗိုလ္လုပြဲကို ဆက္လက္ကစားသြားမွာျဖစ္ပါတယ္။ ကစားသမားေတြဟာ ကမာၻ႔ဖလားၿပိဳင္ပြဲဆင္ႏႊဲၿပီးတာနဲ႔ ကလပ္အသင္းနဲ႔အတူ အမွတ္ေပးၿပိဳင္ပြဲ၊ တျခားျပည္တြင္းဖလားၿပိဳင္ပြဲေတကို ရက္ပိုင္းအၾကာမွာပဲ ကစားရဖို႔ရွိေနတဲ့အျပင္ ထိပ္သီးအသင္းက,ကစားသမားေတြကေတာ့ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊ Europa Conference League တို႔လိုၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ၂၀၂၂-၂၃ ရာသီကုန္မွသာ အျပည့္အဝအနားယူရဖို႔ရွိေနပါၿပီ။