
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာက လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
နေမာဟာ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ဖိအားဒဏ်နဲ့ရင်ဆိုင်နေရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူ့အသက်က (၃၀)နှစ်သာရှိဦးမှာဖြစ်ပေမယ့် လက်ရွေးစင်အသင်းကနေ စောစောစီးစီးအနားယူဖို့စဉ်းစားနေတာပါ။
၂၀၁၀ ခုနှစ်တုန်းက ဘရာဇီးလ်အသင်းအတွက်ပွဲဦးထွက်ခွင့်ရခဲ့သူ နေမာဟာ လက်ရွေးစင်ကစားသမားဘဝ(၁၁)နှစ်တာကာလအတွင်း အသင်းအတွက် (၁၁၃)ပွဲကစား၊ (၆၉)ဂိုးသွင်းယူထားပါတယ်။
ဒါပေမဲ့လည်း နေမာက နိုင်ငံအသင်းမှာ ဆက်လက်ကစားဖို့ စိတ်ပိုင်းဆိုင်ရာခွန်အားအပြည့်ရှိနိုင်ပါ့မလားဆိုတာ မသေချာသေးဖူးလို့ဝန်ခံပြောဆိုခဲ့ပါတယ်။ နေမာက “၂၀၂၂ ကမ္ဘာ့ဖလားဟာ ကျွန်တော့်အတွက် နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။
ဘောလုံးဆက်ကစားဖို့အတွက် ကျွန်တော့်မှာ စိတ်ဓာတ်ကြံ့ခိုင်မှုဆက်ရှိနေမလားဆိုတာ ကျွန်တော်ကိုယ်တိုင်မသိသေးလို့ပါပဲ။
ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး နိုင်ငံအသင်းအတွက် အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် ဘာမဆိုပေးဆပ်သွားမှာပါ။
ဒါက ကျွန်တော် ငယ်ငယ်လေးကတည်းက မက်ခဲ့ရတဲ့အိပ်မက်ဖြစ်ပြီး ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်လို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကတည်းက နေမာနဲ့ဘရာဇီးလ်ပရိသတ်တွေကြားမှာ ဆက်ဆံရေးအဆင်မပြေမှုတွေစတင်ခဲ့ပြီး ခန္ဓာကိုယ်အဝလွန်လာတယ်လို့ ပရိသတ်တွေက လှောင်ပြောင်ဝေဖန်ခဲ့ကြတာကြောင့် နေမာက သူ့ကိုလေးစားမှုရှိဖို့ ပရိသတ်တွေကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
နေမာဟာ နိုင်ငံအသင်းအတွက်ကစားနေတာ ဆယ်စုနှစ်တစ်ခုကျော်အထိကြာမြင့်နေပြီဖြစ်ပေမယ့် အခုအချိန်အထိ ကြီးကြီးမားမားအောင်မြင်မှုမရသေးပါဘူး။
အခုနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းဟာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ခဲ့ပေမယ့် မက်ဆီရဲ့အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ပဲကျေနပ်ခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း နေမာရဲ့ဒဏ်ရာပြဿနာနဲ့အတူ ဘရာဇီးလ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းကို (၇-၁)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး စတုတ္ထနေရာသာရရှိခဲ့ပါတယ်။
နေမာအနေနဲ့ နိုင်ငံအသင်းကအနားယူဖို့ တကယ်ပဲဆုံးဖြတ်ထားပြီးပြီဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုရယူပြီးတော့ လက်ရွေးစင်ကစားသမားဘဝကို အောင်မြင်မှုနဲ့အဆုံးသတ်နိုင်ဖို့ကြိုးစားရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္လာႏိုင္တယ္လို႔ ေနမာဝန္ခံ
ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာက လာမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝေနာက္ဆုံးၿပိဳင္ပြဲျဖစ္လာႏိုင္တယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ ေနမာဟာ ႏိုင္ငံတကာၿပိဳင္ပြဲေတြရဲ႕ဖိအားဒဏ္နဲ႔ရင္ဆိုင္ေနရၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ သူ႔အသက္က (၃၀)ႏွစ္သာရွိဦးမွာျဖစ္ေပမယ့္ လက္ေ႐ြးစင္အသင္းကေန ေစာေစာစီးစီးအနားယူဖို႔စဥ္းစားေနတာပါ။
၂၀၁၀ ခုႏွစ္တုန္းက ဘရာဇီးလ္အသင္းအတြက္ပြဲဦးထြက္ခြင့္ရခဲ့သူ ေနမာဟာ လက္ေ႐ြးစင္ကစားသမားဘဝ(၁၁)ႏွစ္တာကာလအတြင္း အသင္းအတြက္ (၁၁၃)ပြဲကစား၊ (၆၉)ဂိုးသြင္းယူထားပါတယ္။ ဒါေပမဲ့လည္း ေနမာက ႏိုင္ငံအသင္းမွာ ဆက္လက္ကစားဖို႔ စိတ္ပိုင္းဆိုင္ရာခြန္အားအျပည့္ရွိႏိုင္ပါ့မလားဆိုတာ မေသခ်ာေသးဖူးလို႔ဝန္ခံေျပာဆိုခဲ့ပါတယ္။ ေနမာက “၂၀၂၂ ကမာၻ႔ဖလားဟာ ကြၽန္ေတာ့္အတြက္ ေနာက္ဆုံးႏိုင္ငံတကာၿပိဳင္ပြဲျဖစ္လာႏိုင္ပါတယ္။ ေဘာလုံးဆက္ကစားဖို႔အတြက္ ကြၽန္ေတာ့္မွာ စိတ္ဓာတ္ႀကံ့ခိုင္မႈဆက္ရွိေနမလားဆိုတာ ကြၽန္ေတာ္ကိုယ္တိုင္မသိေသးလို႔ပါပဲ။ ဒါေပမဲ့ အေကာင္းဆုံးျဖစ္ေအာင္ ဆက္လက္ႀကိဳးစားသြားမွာျဖစ္ၿပီး ႏိုင္ငံအသင္းအတြက္ ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔အတြက္ ဘာမဆိုေပးဆပ္သြားမွာပါ။ ဒါက ကြၽန္ေတာ္ ငယ္ငယ္ေလးကတည္းက မက္ခဲ့ရတဲ့အိပ္မက္ျဖစ္ၿပီး ဒီအိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့လပိုင္းကတည္းက ေနမာနဲ႔ဘရာဇီးလ္ပရိသတ္ေတြၾကားမွာ ဆက္ဆံေရးအဆင္မေျပမႈေတြစတင္ခဲ့ၿပီး ခႏၶာကိုယ္အဝလြန္လာတယ္လို႔ ပရိသတ္ေတြက ေလွာင္ေျပာင္ေဝဖန္ခဲ့ၾကတာေၾကာင့္ ေနမာက သူ႔ကိုေလးစားမႈရွိဖို႔ ပရိသတ္ေတြကို ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ေနမာဟာ ႏိုင္ငံအသင္းအတြက္ကစားေနတာ ဆယ္စုႏွစ္တစ္ခုေက်ာ္အထိၾကာျမင့္ေနၿပီျဖစ္ေပမယ့္ အခုအခ်ိန္အထိ ႀကီးႀကီးမားမားေအာင္ျမင္မႈမရေသးပါဘူး။
အခုႏွစ္အေစာပိုင္းက က်င္းပခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းဟာ ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ခဲ့ေပမယ့္ မက္ဆီရဲ႕အာဂ်င္တီးနားအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယေနရာနဲ႔ပဲေက်နပ္ခဲ့ရပါတယ္။ ဒါ့အျပင္ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း ေနမာရဲ႕ဒဏ္ရာျပႆနာနဲ႔အတူ ဘရာဇီးလ္အသင္းဟာ ဆီမီးဖိုင္နယ္မွာ ဂ်ာမနီအသင္းကို (၇-၁)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး စတုတၳေနရာသာရရွိခဲ့ပါတယ္။ ေနမာအေနနဲ႔ ႏိုင္ငံအသင္းကအနားယူဖို႔ တကယ္ပဲဆုံးျဖတ္ထားၿပီးၿပီဆိုရင္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆုရယူၿပီးေတာ့ လက္ေ႐ြးစင္ကစားသမားဘဝကို ေအာင္ျမင္မႈနဲ႔အဆုံးသတ္ႏိုင္ဖို႔ႀကိဳးစားရမွာပါ။