၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့ နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာမယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နိုင်ငံအတွက် နောက်ဆုံးပွဲ

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အကောင်းဆုံးအဆင့်မှာ ကစားနိုင်သေးသလို ထိပ်တန်းခြေစွမ်းရှိတဲ့ စီရော်နယ်ဒိုဟာ အရင်တုန်းက အသက် ၄၀ အထိ ကစားသွားဖို့ ရည်မှန်းထားပေမယ့် အခုအခါမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးနိုင်ငံတကာပွဲစဉ်ဖြစ်လာမယ်ဆိုတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ပေါ်တူဂီကစားသမားဘဝမှာ ဂိုးတွေဆက်တိုက်သွင်းနေပြီး နိုင်ငံအ သင်းအတွက် ဂိုးအများဆုံးသွင်းသူဖြစ်ဖို့က အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ ၁၀၉ ဂိုးစံချိန်ကိုမီဖို့ ၈ ဂိုးလိုနေပါတယ်။ ဒါ့အပြင် ပရိသတ်တွေအကြား အမြဲတစေ အငြင်းပွားမှုဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုရဖို့ ၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက် ဗဟိုပစ်မှတ်ဖြစ်လာမှာပါ။ကမ္ဘာ့ဖလားမရလည်း ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ သူ့အတွက် ပြည့် စုံနေပေမယ့် ကမ္ဘာ့ဖလားရခဲ့ရင်တော့ အငြင်းပွားဖွယ်မရှိ ထာဝရအကောင်းဆုံးကစား သမားဖြစ်လာဖို့ရှိတယ်။

ရော်နယ်ဒိုဂျူနီယာ

ပေါ်တူဂီအသင်းအတွက် ၂၀၀၃ ခုနှစ်ကနေ ၁၇ နှစ်ကြာ ကစားလာခဲ့တဲ့ စီရော်နယ်ဒိုကို သူ့ရဲ့သားဖြစ်သူက လာမယ့်နှစ်အနည်းငယ်အတွင်းမှာ တွဲကစားချင်တာကြောင့် အနားမယူသေးဖို့ပြောခဲ့တယ်လို့လည်း သိရပါတယ်။ အသက် ၈ နှစ်သား ရော်နယ်ဒိုဂျူနီယာဟာ ဂျူဗင်တပ်ယူ-၉အသင်းအတွက် ၂၈ ပွဲမှာ ၅၈ ဂိုးအထိသွင်းထားခဲ့ပြီး ၁၈ ဂိုး ဖန်တီးပေးထားတာကြောင့် အဖေရဲ့ခြေရာနင်းမယ့်သူအဖြစ် မျှော်လင့်ခံထားရပါတယ်။

ဂျူဗင်တပ်မှာ VIP

ပြီးခဲ့တဲ့ပြင်သစ်အသင်းနဲ့ ယူအီးအက်ဖ်အေနေးရှင်းလိဂ် မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ရော်နယ်ဒိုကို သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ် က အထူးထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့ ကာကွယ်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ အဲဒါကတော့ အသင်းလေ့ကျင့်ရေးအစီအစဉ်တွေမှာ သူ့ကို ဒဏ်ရာရစေမယ့် ဖျက်ထုတ်မှုတွေမပြုလုပ်ဖို့နဲ့ အသင်းအတွက် ဈေးကြီးပေးခေါ်ယူထားပြီး အရေးပါ တဲ့ကစားသမားဖြစ်တာကြောင့် ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုတွေမလုပ်ဖို့ အသင်း က အထူးစည်းကမ်းချက်ထုတ်ပြန်ထားတယ်လို့ ဂျူဗင်တပ်အသင်းကစားသမား ဒိုယူဒါ ပီတားစ်က ပြောကြားသွားခဲ့ပါတယ်။

မာနမကြီးတဲ့ကစားသမား

တစ်ဆက်တည်းမှာပဲ သူက “ရော်နယ်ဒိုလိုမျိုး အ ကောင်းဆုံးပုံစံကို ဒီအသက်အရွယ်ထိ ထိန်းထားနိုင်ဖို့က ဘောလုံးလောကမှာ မလွယ် ပါဘူး။ သူနဲ့ ဂျင်မ်မှာအမြဲဆုံလေ့ရှိပြီး နှုတ်ဆက်လေ့ရှိပါတယ်။ ခင်ဗျားထင်သလို မာန ကြီးတဲ့သူမဟုတ်ဘဲ အသင်းသားအားလုံးနဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူပါ။ သူ့ အပေါ် လေ့ကျင့်ရေးမှာ ဒဏ်ရာရအောင်မဖျက်ထုတ်ဖို့ အသင်းက အထူးစည်းကမ်း ထုတ်ထားပါတယ်” လို့ ပြောကြားသွားပါတယ်။ ကစားအားမကျတဲ့ စီရော်နယ်ဒိုဟာ အ သက် ၃၀ ကျော်မှပိုကောင်းလာပြီး အသက် ၃၀ နောက်ပိုင်း ပွဲပေါင်း ၃၀၀ ကျော် ကစားခဲ့တဲ့နေရာမှာ ၂၇၉ ဂိုးအထိ သွင်းယူထားတဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စီေရာ္နယ္ဒိုရဲ႕ ေနာက္ဆံုးႏိုင္ငံတကာပြဲျဖစ္လာမယ္…

ႏိုင္ငံအတြက္ ေနာက္ဆံုးပြဲ

အသက္ ၃၅ ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္ အေကာင္းဆံုးအဆင့္မွာ ကစားႏိုင္ေသးသလို ထိပ္တန္းေျခစြမ္းရွိတဲ့ စီေရာ္နယ္ဒိုဟာ အရင္တုန္းက အသက္ ၄၀ အထိ ကစားသြားဖို႔ ရည္မွန္းထားေပမယ့္ အခုအခါမွာေတာ့ ၂၀၂၂ ကမာၻ႕ဖလားၿပိဳင္ပြဲဟာ သူ႕အတြက္ ေနာက္ဆံုးႏိုင္ငံတကာပြဲစဥ္ျဖစ္လာမယ္ဆိုတဲ့အေၾကာင္း ေျပာၾကားလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ ေပၚတူဂီကစားသမားဘ၀မွာ ဂိုးေတြဆက္တိုက္သြင္းေနၿပီး ႏိုင္ငံအ သင္းအတြက္ ဂိုးအမ်ားဆံုးသြင္းသူျဖစ္ဖို႔က အီရန္တိုက္စစ္မွဴးေဟာင္း အလီဒါယီရဲ႕ ၁၀၉ ဂိုးစံခ်ိန္ကိုမီဖို႔ ၈ ဂိုးလိုေနပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြအၾကား အၿမဲတေစ အျငင္းပြားမႈျဖစ္ခဲ့တဲ့ ကမာၻ႔ဖလားေအာင္ျမင္မႈရဖို႔ ၂၀၂၂ ကမာၻ႔ဖလားဟာ သူ႕အတြက္ ဗဟိုပစ္မွတ္ျဖစ္လာမွာပါ။ကမာၻ႔ဖလားမရလည္း ယူရိုခ်န္ပီယံျဖစ္ခဲ့တဲ့ သူ႕အတြက္ ျပည့္ စံုေနေပမယ့္ ကမာၻ႔ဖလားရခဲ့ရင္ေတာ့ အျငင္းပြားဖြယ္မရွိ ထာ၀ရအေကာင္းဆံုးကစား သမားျဖစ္လာဖို႔ရွိတယ္။

ေရာ္နယ္ဒိုဂ်ဴနီယာ

ေပၚတူဂီအသင္းအတြက္ ၂၀၀၃ ခုႏွစ္ကေန ၁၇ ႏွစ္ၾကာ ကစားလာခဲ့တဲ့ စီေရာ္နယ္ဒိုကို သူ႔ရဲ႕သားျဖစ္သူက လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ တြဲကစားခ်င္တာေၾကာင့္ အနားမယူေသးဖို႔ေျပာခဲ့တယ္လို႔လည္း သိရပါတယ္။ အသက္ ၈ ႏွစ္သား ေရာ္နယ္ဒိုဂ်ဴနီယာဟာ ဂ်ဴဗင္တပ္ယူ-၉အသင္းအတြက္ ၂၈ ပြဲမွာ ၅၈ ဂိုးအထိသြင္းထားခဲ့ၿပီး ၁၈ ဂိုး ဖန္တီးေပးထားတာေၾကာင့္ အေဖရဲ႕ေျခရာနင္းမယ့္သူအျဖစ္ ေမွ်ာ္လင့္ခံထားရပါတယ္။

ဂ်ဴဗင္တပ္မွာ VIP

ၿပီးခဲ့တဲ့ျပင္သစ္အသင္းနဲ႔ ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ မွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း ေရာ္နယ္ဒိုကို သူ႕ရဲ႕ကလပ္အသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္ က အထူးထုတ္ျပန္ထားတဲ့စည္းကမ္းခ်က္ေတြနဲ႔ ကာကြယ္မႈေတြျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ အဲဒါကေတာ့ အသင္းေလ့က်င့္ေရးအစီအစဥ္ေတြမွာ သူ႕ကို ဒဏ္ရာရေစမယ့္ ဖ်က္ထုတ္မႈေတြမျပဳလုပ္ဖို႔နဲ႔ အသင္းအတြက္ ေစ်းႀကီးေပးေခၚယူထားၿပီး အေရးပါ တဲ့ကစားသမားျဖစ္တာေၾကာင့္ ၾကမ္းၾကမ္းတမ္းတမ္းဖ်က္ထုတ္မႈေတြမလုပ္ဖို႔ အသင္း က အထူးစည္းကမ္းခ်က္ထုတ္ျပန္ထားတယ္လုိ႔ ဂ်ဴဗင္တပ္အသင္းကစားသမား ဒိုယူဒါ ပီတားစ္က ေျပာၾကားသြားခဲ့ပါတယ္။

မာနမၾကီးတဲ့ကစားသမား

တစ္ဆက္တည္းမွာပဲ သူက “ေရာ္နယ္ဒိုလိုမ်ဳိး အ ေကာင္းဆံုးပံုစံကို ဒီအသက္အရြယ္ထိ ထိန္းထားႏိုင္ဖို႔က ေဘာလံုးေလာကမွာ မလြယ္ ပါဘူး။ သူနဲ႔ ဂ်င္မ္မွာအၿမဲဆံုေလ့ရွိၿပီး ႏႈတ္ဆက္ေလ့ရွိပါတယ္။ ခင္ဗ်ားထင္သလို မာန ႀကီးတဲ့သူမဟုတ္ဘဲ အသင္းသားအားလံုးနဲ႔ ေဖာ္ေဖာ္ေရြေရြဆက္ဆံတတ္တဲ့သူပါ။ သူ႕ အေပၚ ေလ့က်င့္ေရးမွာ ဒဏ္ရာရေအာင္မဖ်က္ထုတ္ဖို႔ အသင္းက အထူးစည္းကမ္း ထုတ္ထားပါတယ္” လို႔ ေျပာၾကားသြားပါတယ္။ ကစားအားမက်တဲ့ စီေရာ္နယ္ဒိုဟာ အ သက္ ၃၀ ေက်ာ္မွပိုေကာင္းလာၿပီး အသက္ ၃၀ ေနာက္ပိုင္း ပြဲေပါင္း ၃၀၀ ေက်ာ္ ကစားခဲ့တဲ့ေနရာမွာ ၂၇၉ ဂိုးအထိ သြင္းယူထားတဲ့သူပါ။