၂၀၂၁ Ballon d’Or ဆုရမယ့်သူကို ခန့်မှန်းလိုက်တဲ့ ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁ ခုနှစ်ရဲ့ Ballon d’Or ဆုကို ဘယ်သူရမလဲဆိုတာ ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်နေပြီး အခုလောလောဆယ် ဘန်ဇီမာ၊ လီဝန်ဒေါစကီး၊ စီရော်နယ်လ်ဒို၊ ဂျော်ဂျင်ဟိုတို့က အပြိုင်အဆိုင်ရေပန်းစားနေကြတာဖြစ်ပါတယ်။

Ballon d’Or ဆုကိုင်မြှောက်နိုင်မယ့်သူက ဘယ်သူလဲဆိုတာ လာမယ့်နိုဝင်ဘာ(၂၉)ရက်ကျရင်အဖြေပေါ်မှာဖြစ်ပေမယ့် မီဒီယာတွေသာမက ဘောလုံးသမားတွေကိုယ်တိုင်ပါ ဆုရမယ့်သူကို

ကြိုတင်ရင်ခုန်ခန့်မှန်းနေကြသလို မကြာသေးခင်က စပိန်နာမည်ကျော်အားကစားသတင်းစာ Marca ဟာ ၂၀၂၁ Ballon d’Or ဆု ဘယ်သူရမလဲဆိုတာ

ပရိသတ်တွေဆီကနေ မဲဆန္ဒကောက်ခံခဲ့တော့ (၃၄%)က မက်ဆီကို မဲပေးခဲ့ကြပြီး ဘန်ဇီမာကို (၂၇%)၊ လီဝန်ဒေါစကီးကို (၁၁%)မဲပေးခဲ့ကြပါတယ်။

အခု အက်သလက်တီကိုတိုက်စစ်မှူးဆွာရက်ဇ်က Ballon d’Or ဆုနိုင်မယ့်သူကို ခန့်မှန်းလိုက်ပြီး သူကတော့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ မက်ဆီပဲ ပြိုင်ဘက်မရှိဆွတ်ခူးသွားလိမ့်မယ်လို့ဆိုပါတယ်။

ဆွာရက်ဇ်က “Ballon d’Or ဆုအတွက်ရွေးချယ်မယ်ဆိုရင် ကစားသမားတစ်ဦးဟာ (၁)နှစ်အတွင်းဘာတွေစွမ်းဆောင်ပြနိုင်ခဲ့လဲဆိုတာ တစ်ခုတည်းတင်မကဘဲ အဲဒီကစားသမားရဲ့အရည်အချင်းကိုပါထည့်စဉ်းစားဖို့လိုပါတယ်။

မက်ဆီဟာ ဒီနှစ်အတွင်း တစ်ဦးချင်းအောင်မြင်မှုတွေရယူခဲ့တာကြောင့် Ballon d’Or ဆုနဲ့အထိုက်တန်ဆုံးဖြစ်ပြီး ဒီဆုအတွက် မက်ဆီနဲ့ယှဉ်နိုင်မယ့်သူမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ၂၀၂၁ ခုနှစ်အတွင်း အသင်းဟောင်းဘာစီလိုနာနဲ့ စပိန်ဘုရင့်ဖလားရယူခဲ့သလို အကြီးမားဆုံးအောင်မြင်မှုကတော့ အာဂျင်တီးနားအသင်းအတွက် ကိုပါအမေရိကဖလားရယူခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ ပထမဆုံးအဓိကဆုဖလားရယူနိုင်ခဲ့တာပါပဲ။

မက်ဆီရဲ့ကစားသမားဘဝတစ်လျှောက်မှာ Ballon d’Or ဆုကို (၆)ကြိမ်အထိရယူခဲ့ပြီး အကြိမ်အများဆုံးရရှိသူအဖြစ် ရပ်တည်နေသလို စံချိန်တင်အဖြစ် ၂၀၀၉၊၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ (၄)နှစ်ဆက်တိုက်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၁ Ballon d’Or ဆုရမယ့္သူကို ခန႔္မွန္းလိုက္တဲ့ ဆြာရက္ဇ္

၂၀၂၁ ခုႏွစ္ရဲ႕ Ballon d’Or ဆုကို ဘယ္သူရမလဲဆိုတာ ပရိသတ္ေတြစိတ္ဝင္တစားေစာင့္ၾကည့္ေနၿပီး အခုေလာေလာဆယ္ ဘန္ဇီမာ၊ လီဝန္ေဒါစကီး၊ စီေရာ္နယ္လ္ဒို၊ ေဂ်ာ္ဂ်င္ဟိုတို႔က အၿပိဳင္အဆိုင္ေရပန္းစားေနၾကတာျဖစ္ပါတယ္။

Ballon d’Or ဆုကိုင္ေျမႇာက္ႏိုင္မယ့္သူက ဘယ္သူလဲဆိုတာ လာမယ့္ႏိုဝင္ဘာ(၂၉)ရက္က်ရင္အေျဖေပၚမွာျဖစ္ေပမယ့္ မီဒီယာေတြသာမက ေဘာလုံးသမားေတြကိုယ္တိုင္ပါ ဆုရမယ့္သူကို ႀကိဳတင္ရင္ခုန္ခန႔္မွန္းေနၾကသလို မၾကာေသးခင္က စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca ဟာ ၂၀၂၁ Ballon d’Or ဆု ဘယ္သူရမလဲဆိုတာ ပရိသတ္ေတြဆီကေန မဲဆႏၵေကာက္ခံခဲ့ေတာ့ (၃၄%)က မက္ဆီကို မဲေပးခဲ့ၾကၿပီး ဘန္ဇီမာကို (၂၇%)၊ လီဝန္ေဒါစကီးကို (၁၁%)မဲေပးခဲ့ၾကပါတယ္။

အခု အက္သလက္တီကိုတိုက္စစ္မႉးဆြာရက္ဇ္က Ballon d’Or ဆုႏိုင္မယ့္သူကို ခန႔္မွန္းလိုက္ၿပီး သူကေတာ့ အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ မက္ဆီပဲ ၿပိဳင္ဘက္မရွိဆြတ္ခူးသြားလိမ့္မယ္လို႔ဆိုပါတယ္။

ဆြာရက္ဇ္က “Ballon d’Or ဆုအတြက္ေ႐ြးခ်ယ္မယ္ဆိုရင္ ကစားသမားတစ္ဦးဟာ (၁)ႏွစ္အတြင္းဘာေတြစြမ္းေဆာင္ျပႏိုင္ခဲ့လဲဆိုတာ တစ္ခုတည္းတင္မကဘဲ အဲဒီကစားသမားရဲ႕အရည္အခ်င္းကိုပါထည့္စဥ္းစားဖို႔လိုပါတယ္။ မက္ဆီဟာ ဒီႏွစ္အတြင္း တစ္ဦးခ်င္းေအာင္ျမင္မႈေတြရယူခဲ့တာေၾကာင့္ Ballon d’Or ဆုနဲ႔အထိုက္တန္ဆုံးျဖစ္ၿပီး ဒီဆုအတြက္ မက္ဆီနဲ႔ယွဥ္ႏိုင္မယ့္သူမရွိဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာ ၂၀၂၁ ခုႏွစ္အတြင္း အသင္းေဟာင္းဘာစီလိုနာနဲ႔ စပိန္ဘုရင့္ဖလားရယူခဲ့သလို အႀကီးမားဆုံးေအာင္ျမင္မႈကေတာ့ အာဂ်င္တီးနားအသင္းအတြက္ ကိုပါအေမရိကဖလားရယူခဲ့ၿပီး လက္ေ႐ြးစင္အသင္းနဲ႔ ပထမဆုံးအဓိကဆုဖလားရယူႏိုင္ခဲ့တာပါပဲ။ မက္ဆီရဲ႕ကစားသမားဘဝတစ္ေလွ်ာက္မွာ Ballon d’Or ဆုကို (၆)ႀကိမ္အထိရယူခဲ့ၿပီး အႀကိမ္အမ်ားဆုံးရရွိသူအျဖစ္ ရပ္တည္ေနသလို စံခ်ိန္တင္အျဖစ္ ၂၀၀၉၊၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုႏွစ္ေတြမွာ (၄)ႏွစ္ဆက္တိုက္ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။