၂၀၂၁-၂၂ ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပရီးမီးယားလိဂ်ကလပ်တွေ ဘယ်အသင်းတွေနဲ့ ရင်ဆိုင်ရမလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို မနက်ဖြန်(ကြာသပတေးနေ့)ကျရင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဘယ်အသင်းတွေနဲ့တစ်အုပ်စုတည်းကျမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ရှိချန်ပီယံချယ်လ်ဆီး၊ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်အသင်းတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပြီး ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းတို့က ဦးစားပေးအဖြစ်

Pot (1)မှာထည့်သွင်းခံခဲ့ရသလို မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးလ်အသင်းတို့ကတော့ Pot (2)မှာ ပါဝင်နေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ရှုံးထွက်(၁၆)သင်းအဆင့်အထိ နိုင်ငံတူကလပ်အသင်းတွေ မဆုံတွေ့ရဆိုတဲ့စည်းကမ်းသတ်မှတ်ထားပြီး ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ဥရောပထိပ်သီးအသင်းတွေထဲက တစ်သင်းမဟုတ်တစ်သင်းနဲ့ တစ်အုပ်စုတည်းကျဖို့ရှိနေပါပြီ။

Pot (2)မှာ ယူနိုက်တက်၊ လီဗာပူးလ်တို့အပြင် ရီးယဲလ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG ၊ ဆီဗီလာ၊ ဒေ့ါမွန်တို့ပါဝင်နေတာကြောင့် ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ကံကောင်းရင်တော့

ဆီဗီလာ၊ ဒေ့ါမွန်တို့နဲ့သာ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ကံဆိုးခဲ့မယ်ဆိုရင် ရီးယဲလ်၊ ဘာစီလိုနာ၊ PSG၊ ဂျူဗင်တပ်စ် တို့ထဲက တစ်သင်းနဲ့ တစ်အုပ်စုတည်းကျမှာပါ။

ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း အုပ်စုချောင်ဖို့မျှော်လင့်ချက် သိပ်အများကြီးမရှိပါဘူး။

Pot (1)ထဲမှာ ချယ်လ်ဆီး၊ မန်စီးတီး၊ ဗီလာရီးယဲလ်၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ လိုင်လီ၊ စပို့တင်းလစ္စဘွန်းတို့ပါဝင်နေလို့

ဗီလာရီးယဲလ်၊ လိုင်လီ၊ စပို့တင်းလစ္စဘွန်းတို့နဲ့ဆုံရင်တော့ ဝမ်းသာရမှာဖြစ်ပေမယ့် ကံဆိုးပြီး အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်တို့ထဲက တစ်သင်းနဲ့သာ အုပ်စုအတူတူကျရောက်ခဲ့ရင် မစားသာပါဘူး။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက အရှုံးပေးခဲ့ရတဲ့ ဗီလာရီးယဲလ်အသင်းနဲ့ အုပ်စုတွင်းမှာ ပြန်ဆုံတွေ့နိုင်တဲ့အနေအထားရှိနေပါပြီ။ Pot (3)ထဲမှာ အလယ်အလတ်အသင်းတွေပါဝင်နေပေမယ့်

ဥရောပအဆင့်မှာ ထိပ်တန်းအောင်မြင်မှုတွေရယူခဲ့ဖူးတဲ့ ပေါ်တို၊ အေဂျက်စ်၊ ဇင်းနစ်တို့အပြင် လိုက်ပ်ဇစ်၊ အတ္တလန်တာတို့လည်း ရှိနေတာကြောင့် ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ခက်ခဲမှာအမှန်ပါပဲ။

စီးရီးအေထိပ်သီး အေစီမီလန်အသင်းက Pot (4)ထဲမှာပါဝင်နေလို့ ပရီးမီးယားလိဂ်ကလပ်(၄)သင်းစလုံးက သူတို့အုပ်စုထဲမှာ အေစီမီလန်နဲ့တစ်အုပ်စုတည်းကျချင်မှာတော့ မဟုတ်လောက်ပါဘူး။

အခုလောလောဆယ် ချန်ပီယံလိဂ် Play off ဒုတိယအကျော့ပွဲတွေကစားဖို့ကျန်နေသေးလို့ Pot (3)နဲ့ Pot (4)မှာ အသင်းအပြည့်အစုံမပါဝင်သေးပေမယ့် ဒီညပွဲတွေအပြီးမှာတော့ Pot အလိုက်အသင်း အားလုံးစုံညီသွားပြီဖြစ်ပါတယ်။

မနက်ဖြန် အစ္စတန်ဘူလ်မှာပြုလုပ်မယ့် ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲမှာ ကိုယ်အားပေးတဲ့အသင်းတွေ ဘယ်သူတွေနဲ့တစ်အုပ်စုတည်းကျရောက်မလဲဆိုတာ ရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြရအောင်လား . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၁-၂၂ ရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ပရီးမီးယားလိဂ္ကလပ္ေတြ ဘယ္အသင္းေတြနဲ႔ ရင္ဆိုင္ရမလဲ?

၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ အုပ္စုမဲခြဲပြဲအခမ္းအနားကို မနက္ျဖန္(ၾကာသပေတးေန႔)က်ရင္ တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာက်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ဘယ္အသင္းေတြနဲ႔တစ္အုပ္စုတည္းက်မလဲဆိုတာ ရင္ခုန္စိတ္လႈပ္ရွားစရာပါပဲ။ ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို လက္ရွိခ်န္ပီယံခ်ယ္လ္ဆီး၊ မန္စီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္အသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရထားၿပီး ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းတို႔က ဦးစားေပးအျဖစ္ Pot (1)မွာထည့္သြင္းခံခဲ့ရသလို မန္ခ်က္စတာယူႏိုက္တက္နဲ႔လီဗာပူးလ္အသင္းတို႔ကေတာ့ Pot (2)မွာ ပါဝင္ေနပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကေန ရႈံးထြက္(၁၆)သင္းအဆင့္အထိ ႏိုင္ငံတူကလပ္အသင္းေတြ မဆုံေတြ႕ရဆိုတဲ့စည္းကမ္းသတ္မွတ္ထားၿပီး ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးအသင္းတို႔ဟာ ဥေရာပထိပ္သီးအသင္းေတြထဲက တစ္သင္းမဟုတ္တစ္သင္းနဲ႔ တစ္အုပ္စုတည္းက်ဖို႔ရွိေနပါၿပီ။ Pot (2)မွာ ယူႏိုက္တက္၊ လီဗာပူးလ္တို႔အျပင္ ရီးယဲလ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္၊ PSG ၊ ဆီဗီလာ၊ ေဒ့ါမြန္တို႔ပါဝင္ေနတာေၾကာင့္ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးတို႔ ကံေကာင္းရင္ေတာ့ ဆီဗီလာ၊ ေဒ့ါမြန္တို႔နဲ႔သာ ရင္ဆိုင္ရမွာျဖစ္ေပမယ့္ ကံဆိုးခဲ့မယ္ဆိုရင္ ရီးယဲလ္၊ ဘာစီလိုနာ၊ PSG၊ ဂ်ဴဗင္တပ္စ္ တို႔ထဲက တစ္သင္းနဲ႔ တစ္အုပ္စုတည္းက်မွာပါ။

ယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ကလည္း အုပ္စုေခ်ာင္ဖို႔ေမွ်ာ္လင့္ခ်က္ သိပ္အမ်ားႀကီးမရွိပါဘူး။ Pot (1)ထဲမွာ ခ်ယ္လ္ဆီး၊ မန္စီးတီး၊ ဗီလာရီးယဲလ္၊ အက္သလက္တီကို၊ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္၊ လိုင္လီ၊ စပို႔တင္းလစၥဘြန္းတို႔ပါဝင္ေနလို႔ ဗီလာရီးယဲလ္၊ လိုင္လီ၊ စပို႔တင္းလစၥဘြန္းတို႔နဲ႔ဆုံရင္ေတာ့ ဝမ္းသာရမွာျဖစ္ေပမယ့္ ကံဆိုးၿပီး အက္သလက္တီကို၊ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္တို႔ထဲက တစ္သင္းနဲ႔သာ အုပ္စုအတူတူက်ေရာက္ခဲ့ရင္ မစားသာပါဘူး။ ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက အရႈံးေပးခဲ့ရတဲ့ ဗီလာရီးယဲလ္အသင္းနဲ႔ အုပ္စုတြင္းမွာ ျပန္ဆုံေတြ႕ႏိုင္တဲ့အေနအထားရွိေနပါၿပီ။ Pot (3)ထဲမွာ အလယ္အလတ္အသင္းေတြပါဝင္ေနေပမယ့္ ဥေရာပအဆင့္မွာ ထိပ္တန္းေအာင္ျမင္မႈေတြရယူခဲ့ဖူးတဲ့ ေပၚတို၊ ေအဂ်က္စ္၊ ဇင္းနစ္တို႔အျပင္ လိုက္ပ္ဇစ္၊ အတၱလန္တာတို႔လည္း ရွိေနတာေၾကာင့္ ဘယ္အသင္းနဲ႔ပဲေတြ႕ေတြ႕ ခက္ခဲမွာအမွန္ပါပဲ။

စီးရီးေအထိပ္သီး ေအစီမီလန္အသင္းက Pot (4)ထဲမွာပါဝင္ေနလို႔ ပရီးမီးယားလိဂ္ကလပ္(၄)သင္းစလုံးက သူတို႔အုပ္စုထဲမွာ ေအစီမီလန္နဲ႔တစ္အုပ္စုတည္းက်ခ်င္မွာေတာ့ မဟုတ္ေလာက္ပါဘူး။ အခုေလာေလာဆယ္ ခ်န္ပီယံလိဂ္ Play off ဒုတိယအေက်ာ့ပြဲေတြကစားဖို႔က်န္ေနေသးလို႔ Pot (3)နဲ႔ Pot (4)မွာ အသင္းအျပည့္အစုံမပါဝင္ေသးေပမယ့္ ဒီညပြဲေတြအၿပီးမွာေတာ့ Pot အလိုက္အသင္း အားလုံးစုံညီသြားၿပီျဖစ္ပါတယ္။ မနက္ျဖန္ အစၥတန္ဘူလ္မွာျပဳလုပ္မယ့္ ခ်န္ပီယံလိဂ္အုပ္စုမဲခြဲပြဲမွာ ကိုယ္အားေပးတဲ့အသင္းေတြ ဘယ္သူေတြနဲ႔တစ္အုပ္စုတည္းက်ေရာက္မလဲဆိုတာ ရင္ခုန္စြာနဲ႔ေစာင့္ၾကည့္လိုက္ၾကရေအာင္လား . . .