( ၂၀၂၁/၂၂ ) ရာသီကြိုသုံးသပ်ချက် _ မန်ချက်စတာ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖာဂူဆန်အလွန် ကာလမှာ ပရီးမီးယားလိဂ် ဒုတိယနေရာ နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ ( ၂၀၂၀/၂၁ ) ဘောလုံးရာသီက မန်ချက်စတာ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဆုဖလားအောင်မြင်မှုကတော့ ဆက်လက်ဝေးကွာနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းတွင်း‌ေရာ ကွင်းပြင်ပမှာပါ တိုးတက်မှုတွေ ရှိလာတာ မြင်တွေ့ရပါတယ်။

( ၂၀၁၈ /၁၉ ) ဘောလုံးရာသီကစပြီး ယူနိုက်တက်ရဲ့ မျှော်မှန်းသွင်းဂိုး ( Expected goals – xG) နှင့် မျှော်မှန်းပေးဂိုး ( Expected Goals Conceded ) တို့ရဲ့ trendline က လမ်းကြောင်းမှန်အတိုင်းသွားနေတာ‌ တွေ့ရပါတယ်။

ဒါပေမယ့် မန်စီးတီးနဲ့ ကွာဟမှုကြီးမားနေတဲ့အချက်က အားရစရာတော့ မကောင်းပါဘူး။

အခြားသော အဆင့် ( ၄ ) နေရာရရှိခဲ့တဲ့ အသင်းတွေက ပြဿနာမျိုးစုံရင်ဆိုင်ခဲ့ရပါတယ်။

လီဗာပူးရဲ့ ဗဟိုခံစစ်မှာ ဦးစားပေး ကစားသမား ( ၃ ) ဦးထိ ဒဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရသလို ချဲလ်ဆီးအသင်းကလည်း တူချယ်ရောက်ရှိလာမှသာ အကောင်းဆုံး ပုံစံပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားပါ သိမ်းပိုက်ခဲ့ပါတယ်။

ချဲလ်ဆီး နှင့် လီဗာပူးက အလားတူပြဿနာတွေ ရင်ဆိုင်ခဲ့ရချိန်မှာတောင် ယူနိုက်တက်က တစ်ပွဲပျမ်းမျှ မျှော်မှန်းသွင်းဂိုး ခြားနားမှု ( Expected goal difference = Expected goals – expected goal conceded )နဲ့ ပတ်သက်ပြီး ထိပ်သီး ( ၄ ) သင်းထဲမှာ အနည်းဆုံးဖြစ်နေပါတယ်။

စီးတီးက +1.12 ၊ လီဗာပူးက +0.76 နှင့် ချဲလ်ဆီးက +0.70 ရှိနေချိန် ယူနိုက်တက်က +0.33 သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လာမယ့်ရာသီမှာ ကစားသမားသစ်တွေက ယူနိုက်တက် ကာလရှည် ရင်ဆိုင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလား စောင့်ကြည့်ရပါမယ်။

build-up မှာ ဘယ်ခြမ်းကို မှီခိုလွန်းတဲ့ ပြဿနာကို ဂျေဒန် ဆန်ချိုကို ခေါ်ယူမှုနဲ့အတူ ဖြေရှင်းဖို့ ကြိုးစားလာတာတွေ့ရပါတယ်။

နောက်ပြီး အက်သလက်တီကိုရဲ့ ကီရန် ထရစ်ပီယာနဲ့လည်း အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

နောက်ပြီး ဗဟိုခံစစ်နေရာ တောင့်တင်းဖို့အတွက်လည်း ပြင်ဆင်ထားတာတွေ့ရပါတယ်။

တည်ကန်ဘောတွေကို တာဝန်ယူဖို့ အဲရစ် ရမ်ဆေးကို ပထမအသင်းနည်းပြ အဖြစ် ခေါ်ယူခဲ့တာကလည်း စောင့်ကြည့်ချင်စရာကောင်းပါတယ်။

=======

– ဂိုးသမား ရွေးချယ်မှု

ယူနိုက်တက်က ပထမဂိုးသမား ဘယ်သူဆိုတာကို ယခုနွေရာသီအပြောင်းအရွေ့မှာ ဖြေရှင်းဖို့ ကြိုးစားခြင်းမရှိတာတွေ့ရပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ဂိုးသမား ( ၂ ) ဦးစလုံးကို တစ်လှည့်စီ အသုံးပြုခဲ့တာတွေ့ရပါတယ်။ ပြိုင်ဆိုင်မှုရှိတာကောင်းမွန်ပေမယ့် ဒါမျိုးအခြေအနေကိုတော့ တွေ့ရခဲပါတယ်။

စွမ်းဆောင်ရည်ပိုင်းကကြည့်မယ်ဆိုရင် သိသိသာသာ ကွာခြားမှုမရှိပဲ ဟင်ဒါဆန်ကို အလျင်အမြန် လွဲပြောင်းပေးတာက အကောင်းဆုံးနည်းလမ်းလို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမယ့် နောက်ထပ်ရောင်းချမှုတွေအတွက် ဒီဂီယာရဲ့ တန်ဖိုးကို ဆက်လက်ထိန်းထားလိုခြင်း ၊ ဒီဂီယာရှိနေမှုက ဟင်ဒါဆန်ရဲ့ စွမ်းဆောင်ရည်အပေါ် သက်‌ေရာက်နိုင်မှုလို တိုင်းတာလို့မရတဲ့ အရာ‌ေတွကလည်း ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရေးကြီးနေနိုင်ပါတယ်။

ဟင်ဒါဆန်က ဖြတ်တင်ဘောတွေကို ဖမ်းယူမှုမှာ ဒီဂီယာထက် ပိုပြီး aggressive ဖြစ်တာတွေ့ရပါတယ်။

ဒါက သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်မှာ အနည်းငယ်ကွာဟနေတဲ့ တစ်ခုတည်းသောအချက်ဖြစ်ပါတယ်။

( ၂ ) ဦးစလုံးက နေရာယူမှုကောင်းမွန်သလို ဘောလုံးဖြန့်ဝေမှု အကွာအဝေး နှင့် free men ကိုရှာဖွေနိုင်မှုမှာလည်း အလားတူပါပဲ ။

========
– တည်ကန်ဘောများ

ယူနိုက်တက်က တည်ကန်ဘောတွေကို တိုးတက်ဖို့လိုအပ်တဲ့နေရာလို့ သတ်မှတ်ထားပါတယ်။

နာမည်ကျော် လူငယ်နည်းပြ အဲရစ်ရမ်ဆေးက ချဲလ်ဆီး ယူ -၂၃ ကနေ ယူနိုက်တက်ရဲ့ တည်ကန်ဘောတွေကို တာဝန်ယူဖို့ အိုးထရတ်ဖို့ဒ်ကို ပြောင်းရွေ့လာပါတယ်။

ပြီးခဲ့တဲ့ရာသီ အဆိုပါ စွမ်းဆောင်ရည်က ဆိုးရွားတဲ့ အခြေအနေမဟုတ်ပေမယ့် သာမာန်အဆင့်လောက်မှာသာရှိခဲ့ပါတယ်။

တကယ်လို့ ယူနိုက်တက်ရဲ့ တည်ကန်ဘောတစ်ခုကနေ တစ်ပွဲ ပျမ်းမျှ မျှော်မှန်းသွင်းဂိုးရရှိနိုင်မှုကို ၀.၀၀၆၂ ကနေ ၀.၀၀၈၂ ထိ တိုးပြီး တည်ကန်ဘောကနေ တစ်ပွဲ ပျမ်းမျှ မျှော်မှန်သွင်းဂိုးခွင့်ပြုရနိုင်မှု(xG/Set Piece Conceded ) ကို ၀.၀၀၆၄ ကနေ ၀.၀၀၄၄ ထိ လေျာ့ချလိုက်မယ်ဆိုရင် ယူနိုက်တက်က အဆိုပါ သတ်မှတ်ချက်တွေမှာ မန်စီးတီး နှင့် အဲဗာတန်ကြားက နေရာမှာ ရှိနေပါလိမ့်မယ် ( အောက်ကပုံကိုကြည့်ပါ)။

ဒါက ( ၀.၂ ) ရာခိုင်နှုန်း တိုးတက်မှုဆိုပေမယ့် ပွဲစဥ်တစ်ခုမှာ တည်ကန်ဘောတွေက ( ၃၅ ) ခုဝန်းကျင်ရှိနေတာကြောင့် ၁ရာသီလုံးအတိုင်းအတာမှာ ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။

နောက်ပြီး ဒါက တည်ကန်ဘောတစ်ခုတည်းကနေ ယူနိုက်တက်ရဲ့ တစ်ပွဲပျမ်းမျှ မျှော်မှန်းဂိုးကွာချက်ကို (xG difference per game ) ကို ၀.၁၄ ဝန်းကျင် တိုးတက်စေပါလိမ့်မယ်။

– ဂျေဒန် ဆန်ချို
ယူနိုက်တက်က ကာလရှည်လိုအပ်ခဲ့တဲ့နေရာကို ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ကြယ်ပွင့်ကစားသမားတစ်ဦးနဲ့ အင်အားဖြည့်တင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဥရောပထိပ်ဆုံးလိဂ်ပြိုင်ပွဲ ( ၅ ) ခုမှာ ဒမ်ဘီလီ၊ ပူလီဆစ် ၊ ဆာနေး ၊ Samuel Chukwueze နှင့် ယူနိုက်တက်ရဲ့ မားကတ် ရက်ဖို့ဒ်တို့ဟာ အချက်အလက်တွေအရ ဆန်ချိုနဲ့ အနီးစပ်ဆုံး ကစားသမားတွေလို့ သိရပါတယ်.

သူတို့ အားလုံးက လျင်မြန်ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ တောင်ပံကစားသမားတွေ ဖြစ်ကြပါတယ်။

အဆိုပါ ကစားသမားတွေထက် ဆန်ချို သိသိသာသာကောင်းမွန်နေတဲ့ အချက်က ဖန်တီးပေးနိုင်စွမ်းပါ။

သူက ပြီးခဲ့တဲ့ရာသီမှာ open play ကနေ တစ်ပွဲပျမ်းမျှ မျှော်မှန်းဂိုးဖန်တီးနိုင်မှု (xG assisted) က ၀.၂၂ ရှိပြီး ယခင်နှစ် ဥ‌ရောပ ထိပ်တန်းလိဂ် ( ၅ ) ခုမှ တောင်ပံကစားသမားတွေထဲမှာ အဆင့် ( ၁၉ ) နေရာ ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် အာလင်း ဟာလန်း မရှိတဲ့ ( ယခုနွေရာသီ ယူနိုက်တက် မဝယ်ခဲ့ရင်ပေါ့ ) ယူနိုက်တက်မှာရော အဆိုပါစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်က သာမာန်လိဂ်ပွဲစဥ်တစ်ခုမှာ ဒေါ့မွန်လောက် လွှမ်းမိုးကစားနိုင်လေ့မရှိတာကြောင့် ဆန်ချိုရဲ့ ဖန်တီးနိုင်စွမ်းက အနည်းငယ် ကျဆင်းလာနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တိုက်စစ်ကို ပေးစွမ်းနိုင်မယ့် သူ့ရဲ့ စွမ်းဆေင်ရည်အပေါ်တော့ သံသယရှိစရာမလိုပါဘူး။

ဆန်ချိုက အခြားကစားသမားတွေလို ပရီးမီးယားလိဂ်ကို ပြောင်းရွေ့တဲ့နေရာမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်ရဖို့ မရှိပဲ အလွယ်တကူ အထိုင်ကျပါလိမ့်မယ်။

ဘာသာစကားအခက်အခဲ မရှိသလို ပရီးမီးယားလိဂ်မှာလည်း ကျင်လည်ထားသူဖြစ်ပြီး ယူနိုက်တက်ကစားသမားများစွာနဲ့လည်း ရင်းနှီးပြီးသားဖြစ်ပါတယ်။

===========
– ကွင်းလယ်

ယူနိုက်တက် အင်အားဖြည့်တင်းဖို့ လိုအပ်တဲ့နေရာအဖြစ် ပရိသတ် နှင့် ဘောလုံးသုံးသပ်သူများစွာ ယူဆထားတာက ကွင်းလယ်ပါ။

ယူနိုက််တက် တိုက်စစ်ဟာ ပေါ့ဘာ နှင့် ဖာနန်ဒက်စ်က ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးရဲ့ ရှေ့မှာ ကစားတဲ့ပုံစံနဲ့ ပိုပြီး ကိုက်ညီမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် စိုးရိမ်စရာက စကော့ မက်တွမ်မီနေး နှင့် ဖရက်တို့က အဆိုပါ နေရာကို တစ်ဦးတည်း မစွမ်း‌ေဆာင်နိုင်သလို မာတစ်ကလည်း မိနစ်များစွာ မကစားနိုင်ပါဘူး။

ဦးစွာ line-breaking pass ရဲ့ အဓိပ္ပာယ်ကို ပြောပြချင်ပါတယ်။

line-breaking pass ဆိုတာ ပြိုင်ဘက်ဂိုးနဲ့ အနည်းဆုံး ( ၁၀ ) ရာခိုင်နှုန်း ပိုနီးသွားစေတဲ့ ပေးပို့မှုကို ခေါ်သလို အနံလိုက် ( ၅ ) မီတာအောက်နည်းတဲ့ အကွာအဝေးမှာရှိတဲ့ နောက်ခံလူ ( ၂ ) ယောက်ကြား ပေးပို့မှု ( သို့ ) သူတို့ နောက်ကွယ်က နေရာလွတ်ထဲ ရောက်ရှိအောင် ပေးပို့နိုင်မှုကိုလည်း ခေါ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ မိနစ် ( ၉၀၀ ) အထက် ပါဝင်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်ကွင်းလယ်ကစားသမားတွေရဲ့ ပျမ်းမျှ မိနစ် ( ၉၀ ) line-breaking pass တွေ အောင်မြင်စွာ ပေးပို့နိုင်မှုမှာ မာတစ်က သီယာဂို ၊ ကိုဗာချစ် ၊ နှင့် ဖာနန်ဒင်ဟိုတို့‌ေနာက် စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

အဆိုပါ ကွင်းလယ်ကစားသမား ( ၇၃ ) ဦးမှာ ဖရက်က အဆင့် ( ၁၃ ) နေရာ နှင့် မက် တွမ်မီနေးက အဆင့် ( ၂၆ ) နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကို ကြည့်ခြင်းဖြင့် မာတစ်ရဲ့ သွက်လက်မှု အားနည်းခြင်း နှင့် ပွဲစဥ်များစွာ မကစားနိုင်ခြင်းတို့က ယူနိုက်တက်အတွက် ပိုပြီး ဝမ်းနည်းစရာဖြစ်နေပါတယ််။

ဖရက် နှင့် တွမ်မီနေးတို့ရဲ့ ကိန်းဂဏန်းတွေက မဆိုးဘူးဆိုပေမယ့် ယူနိုက်တက်လိုအပ်တဲ့ အဆင့်တစ်ခုမှာ ရှိမနေပါဘူး။

ဒါကြောင့် လာမယ့် ရာသီမှာ ပေါ့ဘာက ပိုမိုကစားခွင့်ရနိုင်ပြီး ( ဆက်နေခဲ့ရင်ပေါ့) ကွင်းလယ်ကနေ progression လုပ်တဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။

အပေါ်ပုံကို ကြည့်မယ်ဆိုရင် အပြာအရိပ်အောက်မှာ မရှိတဲ့ ကစားသမားကို “available” လို့ ‌ေခါ်ပါတယ်။

တကယ်လို့ အဆိုပါ ကစားသမားဟာ ဘောလုံးတည်ရှိနေတဲ့နေရာထက် ပြိုင်ဘက်ဂိုးနဲ့ ( ၁၀ ) ရာခိုင်နှုန်း ပိုနီးတဲ့ အနေအထားမှာ ရှိေနပါက “progressive option” လို့ သတ်မှတ်ပါတယ်။

အပေါ်ပုံကို ကြည့်မယ်ဆိုရင် တွမ်မီနေးရဲ့ progressive passing အပေါ် ဝေဖန်နေမှုတွေက ခိုင်လုံမှုမရှိဘူးလို့ ယူဆလို့ရပါတယ်။

သူက ရေှ့မှာ ပေးပို့မှုကို လက်ခံရယူမယ့် progressive option တေွများစွာပိုင်ဆိုင်ထားပြီး ပေးပို့အကြိမ်အရေအတွက်ကလည်း အထိုက်အလျောက်ပြုလုပ်ထားနိုင်တာတွေ့ရပါတယ်။

ဒါပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်း စွမ်းဆောင်ရည် နှင့် တိကျမှုက သူ့ကို ဆွဲချနေတာဖြစ်ပါတယ်။

=======
ယူနိုက်တက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တိုးတက်မှုရှိလာပြီး ယခုနွေရာသီအပြောင်းအရွေ့မှာလည်း ခံစစ်ရော တိုက်စစ်ပါ အားဖြည့်ထားတာတွေ့ရပါတယ်။

ဘွတ်ကီဒိုင်တွေကတော့ ယူနိုက်တက်ကို အဆင့် ( ၄ ) နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကစားသမားသစ် ခေါ်ယူမှု နှင့် ခန့်အပ်မှုတွေက ယူနိုက်တက် နှင့် အဆင့် ( ၄ ) အတွင်းက အခြားအသင်းတွေကြားမှာ ကြီးမားတဲ့ကွာဟမှုမရှိစေဖို့ စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ရာသီကုန်ချိန်မှာ အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားရောက်ရှိဖို့တော့ အလားအလာ နည်းပါလျက်ရှိနေကြောင်းပါ ။

ကိုးကား – STATSBOMB

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

( ၂၀၂၁/၂၂ ) ရာသီႀကိဳသုံးသပ္ခ်က္ _ မန္ခ်က္စတာ ယူႏိုက္တက္

ဖာဂူဆန္အလြန္ ကာလမွာ ပရီးမီးယားလိဂ္ ဒုတိယေနရာ ႏွင့္ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တဲ့ ( ၂၀၂၀/၂၁ ) ေဘာလုံးရာသီက မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ေကာင္းမြန္တဲ့ႏွစ္တစ္ႏွစ္လို႔ ဆိုႏိုင္ပါတယ္။

ဒါေပမယ့္ ဆုဖလားေအာင္ျမင္မႈကေတာ့ ဆက္လက္ေဝးကြာေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ကြင္းတြင္း‌ေရာ ကြင္းျပင္ပမွာပါ တိုးတက္မႈေတြ ရွိလာတာ ျမင္ေတြ႕ရပါတယ္။ ( ၂၀၁၈ /၁၉ ) ေဘာလုံးရာသီကစၿပီး ယူႏိုက္တက္ရဲ႕ ေမွ်ာ္မွန္းသြင္းဂိုး ( Expected goals – xG) ႏွင့္ ေမွ်ာ္မွန္းေပးဂိုး ( Expected Goals Conceded ) တို႔ရဲ႕ trendline က လမ္းေၾကာင္းမွန္အတိုင္းသြားေနတာ‌ ေတြ႕ရပါတယ္။

ဒါေပမယ့္ မန္စီးတီးနဲ႔ ကြာဟမႈႀကီးမားေနတဲ့အခ်က္က အားရစရာေတာ့ မေကာင္းပါဘူး ။ အျခားေသာ အဆင့္ ( ၄ ) ေနရာရရွိခဲ့တဲ့ အသင္းေတြက ျပႆနာမ်ိဳးစုံရင္ဆိုင္ခဲ့ရပါတယ္။ လီဗာပူးရဲ႕ ဗဟိုခံစစ္မွာ ဦးစားေပး ကစားသမား ( ၃ ) ဦးထိ ဒဏ္ရာျပႆနာ ရင္ဆိုင္ခဲ့ရသလို ခ်ဲလ္ဆီးအသင္းကလည္း တူခ်ယ္ေရာက္ရွိလာမွသာ အေကာင္းဆုံး ပုံစံျပသႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ဆုဖလားပါ သိမ္းပိုက္ခဲ့ပါတယ္။

ခ်ဲလ္ဆီး ႏွင့္ လီဗာပူးက အလားတူျပႆနာေတြ ရင္ဆိုင္ခဲ့ရခ်ိန္မွာေတာင္ ယူႏိုက္တက္က တစ္ပြဲပ်မ္းမွ် ေမွ်ာ္မွန္းသြင္းဂိုး ျခားနားမႈ ( Expected goal difference = Expected goals – expected goal conceded )နဲ႔ ပတ္သက္ၿပီး ထိပ္သီး ( ၄ ) သင္းထဲမွာ အနည္းဆုံးျဖစ္ေနပါတယ္။ စီးတီးက +1.12 ၊ လီဗာပူးက +0.76 ႏွင့္ ခ်ဲလ္ဆီးက +0.70 ရွိေနခ်ိန္ ယူႏိုက္တက္က +0.33 သာ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

လာမယ့္ရာသီမွာ ကစားသမားသစ္ေတြက ယူႏိုက္တက္ ကာလရွည္ ရင္ဆိုင္ခဲ့တဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္မလား ေစာင့္ၾကည့္ရပါမယ္။ build-up မွာ ဘယ္ျခမ္းကို မွီခိုလြန္းတဲ့ ျပႆနာကို ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူမႈနဲ႔အတူ ေျဖရွင္းဖို႔ ႀကိဳးစားလာတာေတြ႕ရပါတယ္။ ေနာက္ၿပီး အက္သလက္တီကိုရဲ႕ ကီရန္ ထရစ္ပီယာနဲ႔လည္း အသံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနပါတယ္။ ေနာက္ၿပီး ဗဟိုခံစစ္ေနရာ ေတာင့္တင္းဖို႔အတြက္လည္း ျပင္ဆင္ထားတာေတြ႕ရပါတယ္။ တည္ကန္ေဘာေတြကို တာဝန္ယူဖို႔ အဲရစ္ ရမ္ေဆးကို ပထမအသင္းနည္းျပ အျဖစ္ ေခၚယူခဲ့တာကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းပါတယ္။

=======
– ဂိုးသမား ေ႐ြးခ်ယ္မႈ

ယူႏိုက္တက္က ပထမဂိုးသမား ဘယ္သူဆိုတာကို ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ ေျဖရွင္းဖို႔ ႀကိဳးစားျခင္းမရွိတာေတြ႕ရပါတယ္။

ယူႏိုက္တက္က ၿပီးခဲ့တဲ့ရာသီမွာ ဂိုးသမား ( ၂ ) ဦးစလုံးကို တစ္လွည့္စီ အသုံးျပဳခဲ့တာေတြ႕ရပါတယ္။ ၿပိဳင္ဆိုင္မႈရွိတာေကာင္းမြန္ေပမယ့္ ဒါမ်ိဳးအေျခအေနကိုေတာ့ ေတြ႕ရခဲပါတယ္။ စြမ္းေဆာင္ရည္ပိုင္းကၾကည့္မယ္ဆိုရင္ သိသိသာသာ ကြာျခားမႈမရွိပဲ ဟင္ဒါဆန္ကို အလ်င္အျမန္ လြဲေျပာင္းေပးတာက အေကာင္းဆုံးနည္းလမ္းလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ေရာင္းခ်မႈေတြအတြက္ ဒီဂီယာရဲ႕ တန္ဖိုးကို ဆက္လက္ထိန္းထားလိုျခင္း ၊ ဒီဂီယာရွိေနမႈက ဟင္ဒါဆန္ရဲ႕ စြမ္းေဆာင္ရည္အေပၚ သက္‌ေရာက္ႏိုင္မႈလို တိုင္းတာလို႔မရတဲ့ အရာ‌ေတြကလည္း ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ အေရးႀကီးေနႏိုင္ပါတယ္။

ဟင္ဒါဆန္က ျဖတ္တင္ေဘာေတြကို ဖမ္းယူမႈမွာ ဒီဂီယာထက္ ပိုၿပီး aggressive ျဖစ္တာေတြ႕ရပါတယ္။ ဒါက သူတို႔ႏွစ္ဦးရဲ႕ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္မွာ အနည္းငယ္ကြာဟေနတဲ့ တစ္ခုတည္းေသာအခ်က္ျဖစ္ပါတယ္။ ( ၂ ) ဦးစလုံးက ေနရာယူမႈေကာင္းမြန္သလို ေဘာလုံးျဖန႔္ေဝမႈ အကြာအေဝး ႏွင့္ free men ကိုရွာေဖြႏိုင္မႈမွာလည္း အလားတူပါပဲ ။

========
– တည္ကန္ေဘာမ်ား

ယူႏိုက္တက္က တည္ကန္ေဘာေတြကို တိုးတက္ဖို႔လိုအပ္တဲ့ေနရာလို႔ သတ္မွတ္ထားပါတယ္။ နာမည္ေက်ာ္ လူငယ္နည္းျပ အဲရစ္ရမ္ေဆးက ခ်ဲလ္ဆီး ယူ -၂၃ ကေန ယူႏိုက္တက္ရဲ႕ တည္ကန္ေဘာေတြကို တာဝန္ယူဖို႔ အိုးထရတ္ဖို႔ဒ္ကို ေျပာင္းေ႐ြ႕လာပါတယ္။

ၿပီးခဲ့တဲ့ရာသီ အဆိုပါ စြမ္းေဆာင္ရည္က ဆိုး႐ြားတဲ့ အေျခအေနမဟုတ္ေပမယ့္ သာမာန္အဆင့္ေလာက္မွာသာရွိခဲ့ပါတယ္။

တကယ္လို႔ ယူႏိုက္တက္ရဲ႕ တည္ကန္ေဘာတစ္ခုကေန တစ္ပြဲ ပ်မ္းမွ် ေမွ်ာ္မွန္းသြင္းဂိုးရရွိႏိုင္မႈကို ၀.၀၀၆၂ ကေန ၀.၀၀၈၂ ထိ တိုးၿပီး တည္ကန္ေဘာကေန တစ္ပြဲ ပ်မ္းမွ် ေမွ်ာ္မွန္သြင္းဂိုးခြင့္ျပဳရႏိုင္မႈ(xG/Set Piece Conceded ) ကို ၀.၀၀၆၄ ကေန ၀.၀၀၄၄ ထိ ေလ်ာ့ခ်လိုက္မယ္ဆိုရင္ ယူႏိုက္တက္က အဆိုပါ သတ္မွတ္ခ်က္ေတြမွာ မန္စီးတီး ႏွင့္ အဲဗာတန္ၾကားက ေနရာမွာ ရွိေနပါလိမ့္မယ္ ( ေအာက္ကပုံကိုၾကည့္ပါ)။ ဒါက ( ၀.၂ ) ရာခိုင္ႏႈန္း တိုးတက္မႈဆိုေပမယ့္ ပြဲစဥ္တစ္ခုမွာ တည္ကန္ေဘာေတြက ( ၃၅ ) ခုဝန္းက်င္ရွိေနတာေၾကာင့္ ၁ရာသီလုံးအတိုင္းအတာမွာ ႀကီးမားတဲ့ သက္ေရာက္မႈျဖစ္ေစႏိုင္ပါတယ္။ ေနာက္ၿပီး ဒါက တည္ကန္ေဘာတစ္ခုတည္းကေန ယူႏိုက္တက္ရဲ႕ တစ္ပြဲပ်မ္းမွ် ေမွ်ာ္မွန္းဂိုးကြာခ်က္ကို (xG difference per game ) ကို ၀.၁၄ ဝန္းက်င္ တိုးတက္ေစပါလိမ့္မယ္။

– ေဂ်ဒန္ ဆန္ခ်ိဳ

ယူႏိုက္တက္က ကာလရွည္လိုအပ္ခဲ့တဲ့ေနရာကို ကမာၻ႔ေဘာလုံးေလာကရဲ႕ စိတ္လႈပ္ရွားဖြယ္အေကာင္းဆုံး ၾကယ္ပြင့္ကစားသမားတစ္ဦးနဲ႔ အင္အားျဖည့္တင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ ဥေရာပထိပ္ဆုံးလိဂ္ၿပိဳင္ပြဲ ( ၅ ) ခုမွာ ဒမ္ဘီလီ၊ ပူလီဆစ္ ၊ ဆာေနး ၊ Samuel Chukwueze ႏွင့္ ယူႏိုက္တက္ရဲ႕ မားကတ္ ရက္ဖို႔ဒ္တို႔ဟာ အခ်က္အလက္ေတြအရ ဆန္ခ်ိဳနဲ႔ အနီးစပ္ဆုံး ကစားသမားေတြလို႔ သိရပါတယ္. သူတို႔ အားလုံးက လ်င္ျမန္ၿပီး နည္းစနစ္ပိုင္းကြၽမ္းက်င္တဲ့ ေတာင္ပံကစားသမားေတြ ျဖစ္ၾကပါတယ္။

အဆိုပါ ကစားသမားေတြထက္ ဆန္ခ်ိဳ သိသိသာသာေကာင္းမြန္ေနတဲ့ အခ်က္က ဖန္တီးေပးႏိုင္စြမ္းပါ ။ သူက ၿပီးခဲ့တဲ့ရာသီမွာ open play ကေန တစ္ပြဲပ်မ္းမွ် ေမွ်ာ္မွန္းဂိုးဖန္တီးႏိုင္မႈ (xG assisted) က ၀.၂၂ ရွိၿပီး ယခင္ႏွစ္ ဥ‌ေရာပ ထိပ္တန္းလိဂ္ ( ၅ ) ခုမွ ေတာင္ပံကစားသမားေတြထဲမွာ အဆင့္ ( ၁၉ ) ေနရာ ရပ္တည္ခဲ့ပါတယ္။ ဒါေပမယ့္ အာလင္း ဟာလန္း မရွိတဲ့ ( ယခုေႏြရာသီ ယူႏိုက္တက္ မဝယ္ခဲ့ရင္ေပါ့ ) ယူႏိုက္တက္မွာေရာ အဆိုပါစြမ္းေဆာင္ရည္ကို ဆက္ထိန္းထားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္က သာမာန္လိဂ္ပြဲစဥ္တစ္ခုမွာ ေဒါ့မြန္ေလာက္ လႊမ္းမိုးကစားႏိုင္ေလ့မရွိတာေၾကာင့္ ဆန္ခ်ိဳရဲ႕ ဖန္တီးႏိုင္စြမ္းက အနည္းငယ္ က်ဆင္းလာႏိုင္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္တိုက္စစ္ကို ေပးစြမ္းႏိုင္မယ့္ သူ႔ရဲ႕ စြမ္းေဆင္ရည္အေပၚေတာ့ သံသယရွိစရာမလိုပါဘူး။

ဆန္ခ်ိဳက အျခားကစားသမားေတြလို ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ြ႕တဲ့ေနရာမွာ ပုဂၢိဳလ္ေရးဆိုင္ရာ အခက္အခဲေတြ ရင္ဆိုင္ရဖို႔ မရွိပဲ အလြယ္တကူ အထိုင္က်ပါလိမ့္မယ္။ဘာသာစကားအခက္အခဲ မရွိသလို ပရီးမီးယားလိဂ္မွာလည္း က်င္လည္ထားသူျဖစ္ၿပီး ယူႏိုက္တက္ကစားသမားမ်ားစြာနဲ႔လည္း ရင္းႏွီးၿပီးသားျဖစ္ပါတယ္။

===========
– ကြင္းလယ္

ယူႏိုက္တက္ အင္အားျဖည့္တင္းဖို႔ လိုအပ္တဲ့ေနရာအျဖစ္ ပရိသတ္ ႏွင့္ ေဘာလုံးသုံးသပ္သူမ်ားစြာ ယူဆထားတာက ကြင္းလယ္ပါ ။ ယူႏိုက္္တက္ တိုက္စစ္ဟာ ေပါ့ဘာ ႏွင့္ ဖာနန္ဒက္စ္က ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးရဲ႕ ေရွ႕မွာ ကစားတဲ့ပုံစံနဲ႔ ပိုၿပီး ကိုက္ညီမႈရွိတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ စိုးရိမ္စရာက စေကာ့ မက္တြမ္မီေနး ႏွင့္ ဖရက္တို႔က အဆိုပါ ေနရာကို တစ္ဦးတည္း မစြမ္း‌ေဆာင္ႏိုင္သလို မာတစ္ကလည္း မိနစ္မ်ားစြာ မကစားႏိုင္ပါဘူး။

ဦးစြာ line-breaking pass ရဲ႕ အဓိပၸာယ္ကို ေျပာျပခ်င္ပါတယ္။ line-breaking pass ဆိုတာ ၿပိဳင္ဘက္ဂိုးနဲ႔ အနည္းဆုံး ( ၁၀ ) ရာခိုင္ႏႈန္း ပိုနီးသြားေစတဲ့ ေပးပို႔မႈကို ေခၚသလို အနံလိုက္ ( ၅ ) မီတာေအာက္နည္းတဲ့ အကြာအေဝးမွာရွိတဲ့ ေနာက္ခံလူ ( ၂ ) ေယာက္ၾကား ေပးပို႔မႈ ( သို႔ ) သူတို႔ ေနာက္ကြယ္က ေနရာလြတ္ထဲ ေရာက္ရွိေအာင္ ေပးပို႔ႏိုင္မႈကိုလည္း ေခၚပါတယ္။
ၿပီးခဲ့တဲ့ရာသီ မိနစ္ ( ၉၀၀ ) အထက္ ပါဝင္ခြင့္ရခဲ့တဲ့ ပရီးမီးယားလိဂ္ကြင္းလယ္ကစားသမားေတြရဲ႕ ပ်မ္းမွ် မိနစ္ ( ၉၀ ) line-breaking pass ေတြ ေအာင္ျမင္စြာ ေပးပို႔ႏိုင္မႈမွာ မာတစ္က သီယာဂို ၊ ကိုဗာခ်စ္ ၊ ႏွင့္ ဖာနန္ဒင္ဟိုတို႔‌ေနာက္ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။ အဆိုပါ ကြင္းလယ္ကစားသမား ( ၇၃ ) ဦးမွာ ဖရက္က အဆင့္ ( ၁၃ ) ေနရာ ႏွင့္ မက္ တြမ္မီေနးက အဆင့္ ( ၂၆ ) ေနရာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ဒါကို ၾကည့္ျခင္းျဖင့္ မာတစ္ရဲ႕ သြက္လက္မႈ အားနည္းျခင္း ႏွင့္ ပြဲစဥ္မ်ားစြာ မကစားႏိုင္ျခင္းတို႔က ယူႏိုက္တက္အတြက္ ပိုၿပီး ဝမ္းနည္းစရာျဖစ္ေနပါတယ္္။

ဖရက္ ႏွင့္ တြမ္မီေနးတို႔ရဲ႕ ကိန္းဂဏန္းေတြက မဆိုးဘူးဆိုေပမယ့္ ယူႏိုက္တက္လိုအပ္တဲ့ အဆင့္တစ္ခုမွာ ရွိမေနပါဘူး ။ ဒါေၾကာင့္ လာမယ့္ ရာသီမွာ ေပါ့ဘာက ပိုမိုကစားခြင့္ရႏိုင္ၿပီး ( ဆက္ေနခဲ့ရင္ေပါ့) ကြင္းလယ္ကေန progression လုပ္တဲ့ေနရာမွာ အကူအညီေပးႏိုင္ပါတယ္။

အေပၚပုံကို ၾကည့္မယ္ဆိုရင္ အျပာအရိပ္ေအာက္မွာ မရွိတဲ့ ကစားသမားကို “available” လို႔ ‌ေခၚပါတယ္။ တကယ္လို႔ အဆိုပါ ကစားသမားဟာ ေဘာလုံးတည္ရွိေနတဲ့ေနရာထက္ ၿပိဳင္ဘက္ဂိုးနဲ႔ ( ၁၀ ) ရာခိုင္ႏႈန္း ပိုနီးတဲ့ အေနအထားမွာ ရွိေနပါက “progressive option” လို႔ သတ္မွတ္ပါတယ္။

အေပၚပုံကို ၾကည့္မယ္ဆိုရင္ တြမ္မီေနးရဲ႕ progressive passing အေပၚ ေဝဖန္ေနမႈေတြက ခိုင္လုံမႈမရွိဘူးလို႔ ယူဆလို႔ရပါတယ္။ သူက ေရွ႕မွာ ေပးပို႔မႈကို လက္ခံရယူမယ့္ progressive option ေတြမ်ားစြာပိုင္ဆိုင္ထားၿပီး ေပးပို႔အႀကိမ္အေရအတြက္ကလည္း အထိုက္အေလ်ာက္ျပဳလုပ္ထားႏိုင္တာေတြ႕ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ နည္းစနစ္ပိုင္း စြမ္းေဆာင္ရည္ ႏွင့္ တိက်မႈက သူ႔ကို ဆြဲခ်ေနတာျဖစ္ပါတယ္။

=======

ယူႏိုက္တက္က ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ တိုးတက္မႈရွိလာၿပီး ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာလည္း ခံစစ္ေရာ တိုက္စစ္ပါ အားျဖည့္ထားတာေတြ႕ရပါတယ္။ ဘြတ္ကီဒိုင္ေတြကေတာ့ ယူႏိုက္တက္ကို အဆင့္ ( ၄ ) ေနရာကေန ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ ကစားသမားသစ္ ေခၚယူမႈ ႏွင့္ ခန႔္အပ္မႈေတြက ယူႏိုက္တက္ ႏွင့္ အဆင့္ ( ၄ ) အတြင္းက အျခားအသင္းေတြၾကားမွာ ႀကီးမားတဲ့ကြာဟမႈမရွိေစဖို႔ စြမ္းေဆာင္ေပးႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ရာသီကုန္ခ်ိန္မွာ အမွတ္ေပးခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ အေနအထားေရာက္ရွိဖို႔ေတာ့ အလားအလာ နည္းပါလ်က္ရွိေနေၾကာင္းပါ ။

ကိုးကား – STATSBOMB