
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၁ သြစတြေးလျအိုးပင်းတင်းနစ်ဗိုလ်လုပွဲအဖြစ် ဆီဒင်အဆင့်(၁)ရ နာမည်ကျော် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ ဆီဒင်(၄)သတ်မှတ်ခံထားရတဲ့ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂျိုကိုဗစ်က ၇-၅၊ ၆-၂၊ ၆-၂ နဲ့ (၃)ပွဲပြတ်အနိုင်ရခဲ့တာကြောင့် ဒီနှစ်အတွက် ပထမဆုံးဂရင်းစလင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မက်ဗီဒက်ဗ်ဟာ စပိန်နာမည်ကျော်တင်းနစ်သမား နာဒါးလ်ကို ဖြုတ်ချခဲ့တဲ့ စီစီပတ်စ်ကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူပြီး သြစတြေးလျအိုးပင်း ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့် ဂျိုကိုဗစ်ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ First set မှာ ဂျိုကိုဗစ်ကို မက်ဗီဒက်ဗ်အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ တည်ငြိမ်မှုပျောက်ဆုံးလာတာက မက်ဗီဒက်ဗ်အတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်ခဲ့ရတယ်။
မက်ဗီဒက်ဗ်က ပြင်းထန်အားပါတဲ့ Serving ရိုက်ချက်တွေနဲ့ အမှတ်အများစု ရယူခဲ့ပြီး သူ Serving ပေးရတဲ့ပွဲငယ်တွေမှာ အသာရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုကိုဗစ်လို အတွေ့အကြုံရင့်တဲ့ကစားသမားမျိုးကို အသာရဖို့ဆိုတာက Ace တွေရယူနိုင်ရုံလောက်နဲ့ မရဘဲ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြသဖို့ လိုပါတယ်။
First Set မှာ ဂျိုကိုဗစ် အကြိတ်အနယ်ကစားပြီးမှ ၇-၅ ပွဲနဲ့ အနိုင်ရခဲ့ပေမယ့် နောက်ပိုင်း Set တွေမှာတော့ အမှားများလာတဲ့ မက်ဗီဒက်ဗ်ရဲ့ ကစားပုံကြောင့် နိုင်ပွဲရဖို့ သိပ်မခက်ခဲ့ဘူး။
မက်ဗီဒက်ဗ်ဟာ Second Set ပွဲငယ်တစ်ပွဲမှာ ဂျိုကိုဗစ်ကို (၅၄)စက္ကန့်နဲ့ အနိုင်ယူခဲ့ပေမယ့် သူ့ရဲ့တည်ငြိမ်မှုကို မထိန်းနိုင်ခဲ့ဘဲ ရက်ကက်ကို ရိုက်ချိုးတာတွေဖြစ်လာပြီး အရင်ပွဲတွေတုန်းက သူ့ Serving အလှည့်မှာ အသာစီးယူနိုင်တာကိုတောင် မလုပ်နိုင်တော့ဘဲ အမှားမှားအယွင်းယွင်းတွေဖြစ်လာပါတော့တယ်။ ဂျိုကိုဗစ်ရဲ့ Rally ရိုက်ချက်တွေကို မက်ဗီဒက်ဗ် မတားဆီးနိုင်တော့တာကြောင့် နောက်ပိုင်းပွဲငယ်တွေမှာ ဂျိုကိုဗစ်ကပဲ ပြတ်ပြတ်သားသားကို အသာရယူနိုင်ခဲ့ပါတယ်။
အဲဒါကြောင့်ပဲ ပွဲအပြီးမှာ ဂျိုကိုဗစ်က (၃)ပွဲပြတ်အနိုင်ယူပြီး သူ့ကစားသမားဘ၀ (၉)ကြိမ်မြောက် သြစတြေးလျအိုးပင်းချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ဂျိုကိုဗစ်နဲ့ မက်ဗီဒက်ဗ်တို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Nitto ATP Finals မှာ ဆုံတွေ့ခဲ့ဖူးပြီး မက်ဗီဒက်ဗ်က ၆-၃၊ ၆-၃ နဲ့အနိုင်ရခဲ့တာကြောင့် အခုတစ်ပွဲမှာတော့ ဂျိုကိုဗစ်က လှလှပပကြီးလက်စားချေနိုင်ခဲ့တယ်လို့ ပြောရမှာပါ။
ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်းချန်ပီယံဆုကို ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွေမှာ ဆွတ်ခူးရရှိခဲ့ပြီး အခုဆိုရင် သူ့ရဲ့ဂရင်းစလင်းချန်ပီယံဆုအရေအတွက်က (၁၈)ခုအထိရှိလာပြီဖြစ်လို့ ဆုအများဆုရရှိထားတဲ့ ဖက်ဒရာ၊ နာဒါးလ် (အကြိမ် ၂၀စီ)တို့ကို အမီလိုက်နိုင်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
၂၀၂၁ ၾသစေၾတးလ်အိုးပင္းခ်န္ပီယံဆုကို ဆြတ္ခူးရရွိခဲ့တဲ့ ဂ်ိဳကိုဗစ္
၂၀၂၁ ၾသစေၾတးလ်အိုးပင္းတင္းနစ္ဗိုလ္လုပြဲအျဖစ္ ဆီဒင္အဆင့္(၁)ရ နာမည္ေက်ာ္ ဆားဘီးယားတင္းနစ္ကစားသမား ဂ်ိဳကိုဗစ္နဲ႔ ဆီဒင္(၄)သတ္မွတ္ခံထားရတဲ့ ႐ုရွားတင္းနစ္သမား မက္ဗီဒက္ဗ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ဂ်ိဳကိုဗစ္က ၇-၅၊ ၆-၂၊ ၆-၂ နဲ႔ (၃)ပြဲျပတ္အႏိုင္ရခဲ့တာေၾကာင့္ ဒီႏွစ္အတြက္ ပထမဆုံးဂရင္းစလင္း ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ မက္ဗီဒက္ဗ္ဟာ စပိန္နာမည္ေက်ာ္တင္းနစ္သမား နာဒါးလ္ကို ျဖဳတ္ခ်ခဲ့တဲ့ စီစီပတ္စ္ကို ဆီမီးဖိုင္နယ္မွာ အႏိုင္ယူၿပီး ၾသစေၾတးလ်အိုးပင္း ဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဂ်ိဳကိုဗစ္ကိုေတာ့ ေက်ာ္ျဖတ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ First set မွာ ဂ်ိဳကိုဗစ္ကို မက္ဗီဒက္ဗ္အေကာင္းဆုံး ဒုကၡေပးႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် တည္ၿငိမ္မႈေပ်ာက္ဆုံးလာတာက မက္ဗီဒက္ဗ္အတြက္ အႀကီးမားဆုံးထိုးႏွက္ခ်က္ျဖစ္ခဲ့ရတယ္။
မက္ဗီဒက္ဗ္က ျပင္းထန္အားပါတဲ့ Serving ႐ိုက္ခ်က္ေတြနဲ႔ အမွတ္အမ်ားစု ရယူခဲ့ၿပီး သူ Serving ေပးရတဲ့ပြဲငယ္ေတြမွာ အသာရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဂ်ိဳကိုဗစ္လို အေတြ႕အႀကဳံရင့္တဲ့ကစားသမားမ်ိဳးကို အသာရဖို႔ဆိုတာက Ace ေတြရယူႏိုင္႐ုံေလာက္နဲ႔ မရဘဲ ဒီထက္ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ျပသဖို႔ လိုပါတယ္။ First Set မွာ ဂ်ိဳကိုဗစ္ အႀကိတ္အနယ္ကစားၿပီးမွ ၇-၅ ပြဲနဲ႔ အႏိုင္ရခဲ့ေပမယ့္ ေနာက္ပိုင္း Set ေတြမွာေတာ့ အမွားမ်ားလာတဲ့ မက္ဗီဒက္ဗ္ရဲ႕ ကစားပုံေၾကာင့္ ႏိုင္ပြဲရဖို႔ သိပ္မခက္ခဲ့ဘူး။
မက္ဗီဒက္ဗ္ဟာ Second Set ပြဲငယ္တစ္ပြဲမွာ ဂ်ိဳကိုဗစ္ကို (၅၄)စကၠန႔္နဲ႔ အႏိုင္ယူခဲ့ေပမယ့္ သူ႔ရဲ႕တည္ၿငိမ္မႈကို မထိန္းႏိုင္ခဲ့ဘဲ ရက္ကက္ကို ႐ိုက္ခ်ိဳးတာေတြျဖစ္လာၿပီး အရင္ပြဲေတြတုန္းက သူ႔ Serving အလွည့္မွာ အသာစီးယူႏိုင္တာကိုေတာင္ မလုပ္ႏိုင္ေတာ့ဘဲ အမွားမွားအယြင္းယြင္းေတြျဖစ္လာပါေတာ့တယ္။ ဂ်ိဳကိုဗစ္ရဲ႕ Rally ႐ိုက္ခ်က္ေတြကို မက္ဗီဒက္ဗ္ မတားဆီးႏိုင္ေတာ့တာေၾကာင့္ ေနာက္ပိုင္းပြဲငယ္ေတြမွာ ဂ်ိဳကိုဗစ္ကပဲ ျပတ္ျပတ္သားသားကို အသာရယူႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ ပြဲအၿပီးမွာ ဂ်ိဳကိုဗစ္က (၃)ပြဲျပတ္အႏိုင္ယူၿပီး သူ႔ကစားသမားဘ၀ (၉)ႀကိမ္ေျမာက္ ၾသစေၾတးလ်အိုးပင္းခ်န္ပီယံဆုကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာပါ။
ဂ်ိဳကိုဗစ္နဲ႔ မက္ဗီဒက္ဗ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Nitto ATP Finals မွာ ဆုံေတြ႕ခဲ့ဖူးၿပီး မက္ဗီဒက္ဗ္က ၆-၃၊ ၆-၃ နဲ႔အႏိုင္ရခဲ့တာေၾကာင့္ အခုတစ္ပြဲမွာေတာ့ ဂ်ိဳကိုဗစ္က လွလွပပႀကီးလက္စားေခ်ႏိုင္ခဲ့တယ္လို႔ ေျပာရမွာပါ။ ဂ်ိဳကိုဗစ္ဟာ ၾသစေၾတးလ်အိုးပင္းခ်န္ပီယံဆုကို ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ ခုႏွစ္ေတြမွာ ဆြတ္ခူးရရွိခဲ့ၿပီး အခုဆိုရင္ သူ႔ရဲ႕ဂရင္းစလင္းခ်န္ပီယံဆုအေရအတြက္က (၁၈)ခုအထိရွိလာၿပီျဖစ္လို႔ ဆုအမ်ားဆုရရွိထားတဲ့ ဖက္ဒရာ၊ နာဒါးလ္ (အႀကိမ္ ၂၀စီ)တို႔ကို အမီလိုက္ႏိုင္ဖို႔ နီးစပ္လာၿပီျဖစ္ပါတယ္။