၂၀၂၁ခုနှစ်အတွင်း အကောင်းဆုံးကစားထားနိုင်တဲ့ ကစားသမားမှာ မက်ဆီဖြစ်နေပြီး လုခ်ရှောက မန်ယူအတွက် အကောင်းဆုံး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးအချက်အလက် စူးစမ်းရှာဇွေရေးအဖွဲ့ (CIES) ရဲ့ ထုတ်ပြန်ကြေညာချက် အသစ်တစ်ခုမှာ ဘောလုံးပရိသတ်တွေအတွက် အံ့သြသွားစေမယ့် ကိစ္စတစ်ခုပါဝင်လာပါတယ်။

အဲ့ဒါကတော့ ၂၀၂၁ ဇန်နဝါရီလကစပြီး ဥရောပထိပ်တန်းလိဂ် ၅ခု မှာကစားနေကြတဲ့ ဘောလုံးသမားတွေရဲ့ စွမ်းဆောင်ရည်အလိုက် အမှတ် ၁၀၀ အပေါ်မှာ မူတည်ပြီး တွက်ချက်တဲ့နေရာမှာ ချဲလ်ဆီးကစားသမား ဂျော်ဂျင်ဟိုက မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ပြီးရင် အဆင့် ၃နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ထိပ်ဆုံးမှာတော့ မက်ဆီက ၉၂.၅ရာခိုင်နှုန်းရရှိပြီး ရှိနေခဲ့တာပါ။ မက်ဆီဟာ ၂၀၂၁ခုနှစ်ထဲမှာ ဘာစီလိုနာအတွက် ၉၉၈မိနစ် ပါဝင်ကစားထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် တွက်ချက်မှုတွေက ၁၀၀%မှာ ၉၂.၅% ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီးက ၈၉.၅% ရရှိခဲ့ပါတယ်။ ဂျော်ဂျင်ဟိုက ဒီနှစ်ထဲမှာ ပါဝင်ကစားပေးထားတဲ့ ချဲလ်ဆီးအတွက် ၁၆ပွဲမှာ ၆ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားပါတယ်။

နည်းပြဟောင်းလမ်းပတ် လက်ထက်မှာတုန်းက အပယ်ခံကစားသမားဖြစ်ခဲ့ပေမယ့် နည်းပြသစ်တူချယ်လက်ထက်မှာ ပုံမှန်နေရာပေး ပွဲထုတ်ခံလာရတာပါ။ ဒါကြောင့်လည်း ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ အဆင့် ၁ ရသွားတာလည်း ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ ဒီနှစ်လက်ရှိအနေအထားက စီရော်နယ်ဒိုကိုတောင် ကျော်ဖြတ်သွားနိုင်ခဲ့တာပါ။

ဥရောပ သတ်မှတ်မှုအဆင့် ၄ နေရာမှာတော့ မန်စီးတီးနောက်ခံလူ ရူဘင်ဒက်စ် သတ်မှတ်ခံခဲ့ရပြီး သူဟာ ဘင်ဖီကာကနေ မန်စီးတီးကို ရောက်ရှိလာကတည်းက ၈ွာဒီယိုလာရဲ့ အသင်းမှာ တောက်လျှောက်အကောင်းဆုံးပုံစံ ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပရဲ့ စွန်းဆောင်ရည်အကောင်းဆုံး ထိပ်ဆုံး ၁၀ယောက်ကတော့ မက်ဆီ၊ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟို၊ ရူဘင်ဒက်စ်၊ စီရော်နယ်ဒို၊ ဖလီကာ၊ တိုနီခရူးစ်၊ အန်ဒရေဆေးဗားလ်၊ အင်ဆင်ဂလီနဲ့ ဆန်ချိုတို့ ဖြစ်ပါတယ်။ ဒီထိပ်ဆုံး ၁၀ယောက်မှာ အနာဂတ်ကြယ်ပွင့် ၂ဦးဖြစ်တဲ့ အမ်ဘက်ပီနဲ့ ဟာလန်း မပါဝင်တာ ထူးခြား အံ့အားသင့်စရာပါပဲ။

လိဂ်အရပြောရမယ်ဆိုရင် အင်္ဂလန်ပရီးမီးယားလိဂ်က ဂျော်ဂျင်ဟိုနဲ့ ရူဘင်ဒက်စ်တို့ ၂ဦးသာ ပါဝင်ခဲ့ပြီး စပိန်လာလီဂါက ၃ဦး၊ ဘွန်ဒက်စ်လီဂါက ၃ဦး၊ စီးရီးအေက ၂ဦး ပါဝင်ခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းတွေအလိုက် ၂၀၂၁မှာ အကောင်းဆုံးကစားနေနီုင်တဲ့ ကစားသမားတွေစာရင်းမှာလည်း ထူးခြားမှုတွေ ရှိနေပါတယ်။ မန်ယူအသင်းအတွက် အကောင်းဆုံး ကစားထားတာက နာမည်ကြီးတွေမဟုတ်ဘဲ ဘယ်နောက်ခံလူ လုခ်ရှောဖြစ်နေပါတယ်။ လုခ်ရှောဟာ တွက်ချက်မှုတွေအရ ၈၃.၄% ရှိနေခဲ့ပြီး အဓိကကစားသမား ဘရူနိုဖာနန်ဒက်စ်ထက် ပိုများနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

CIES ရဲ႕ ၂၀၂၁ခုႏွစ္အတြင္း အေကာင္းဆုံးကစားထားႏိုင္တဲ့ ကစားသမားမွာ မက္ဆီျဖစ္ေနၿပီး လုခ္ေရွာက မန္ယူအတြက္ အေကာင္းဆုံး

ေဘာလုံးအခ်က္အလက္ စူးစမ္းရွာေဇြေရးအဖြဲ႕ (CIES) ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ အသစ္တစ္ခုမွာ ေဘာလုံးပရိသတ္ေတြအတြက္ အံ့ၾသသြားေစမယ့္ ကိစၥတစ္ခုပါဝင္လာပါတယ္။ အဲ့ဒါကေတာ့ ၂၀၂၁ ဇန္နဝါရီလကစၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ခု မွာကစားေနၾကတဲ့ ေဘာလုံးသမားေတြရဲ႕ စြမ္းေဆာင္ရည္အလိုက္ အမွတ္ ၁၀၀ အေပၚမွာ မူတည္ၿပီး တြက္ခ်က္တဲ့ေနရာမွာခ်ဲလ္ဆီးကစားသမား ေဂ်ာ္ဂ်င္ဟိုက မက္ဆီနဲ႔ လီဝန္ေဒါစကီးတို႔ၿပီးရင္ အဆင့္ ၃ေနရာမွာ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

ထိပ္ဆုံးမွာေတာ့ မက္ဆီက ၉၂.၅ရာခိုင္ႏႈန္းရရွိၿပီး ရွိေနခဲ့တာပါ။ မက္ဆီဟာ ၂၀၂၁ခုႏွစ္ထဲမွာ ဘာစီလိုနာအတြက္ ၉၉၈မိနစ္ ပါဝင္ကစားထားၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ တြက္ခ်က္မႈေတြက ၁၀၀%မွာ ၉၂.၅% ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဒုတိယေနရာမွာ ဘိုင္ယန္တိုက္စစ္မႈး လီဝန္ေဒါစကီးက ၈၉.၅% ရရွိခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုက ဒီႏွစ္ထဲမွာ ပါဝင္ကစားေပးထားတဲ့ ခ်ဲလ္ဆီးအတြက္ ၁၆ပြဲမွာ ၆ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁ႀကိမ္ ျပဳလုပ္ထားပါတယ္။ နည္းျပေဟာင္းလမ္းပတ္ လက္ထက္မွာတုန္းက အပယ္ခံကစားသမားျဖစ္ခဲ့ေပမယ့္ နည္းျပသစ္တူခ်ယ္လက္ထက္မွာ ပုံမွန္ေနရာေပး ပြဲထုတ္ခံလာရတာပါ။ ဒါေၾကာင့္လည္း ေဂ်ာ္ဂ်င္ဟိုဟာ ပရီးမီးယားလိဂ္ ကစားသမားေတြထဲမွာ အဆင့္ ၁ ရသြားတာလည္း ျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုရဲ႕ ဒီႏွစ္လက္ရွိအေနအထားက စီေရာ္နယ္ဒိုကိုေတာင္ ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာပါ။

ဥေရာပ သတ္မွတ္မႈအဆင့္၄ေနရာမွာေတာ့ မန္စီးတီးေနာက္ခံလူ ႐ူဘင္ဒက္စ္ သတ္မွတ္ခံခဲ့ရၿပီး သူဟာ ဘင္ဖီကာကေန မန္စီးတီးကို ေရာက္ရွိလာကတည္းက ၈ြာဒီယိုလာရဲ႕ အသင္းမွာ ေတာက္ေလွ်ာက္အေကာင္းဆုံးပုံစံ ရရွိေနခဲ့တာလည္း ျဖစ္ပါတယ္။ ဥေရာပရဲ႕ စြန္းေဆာင္ရည္အေကာင္းဆုံး ထိပ္ဆုံး ၁၀ေယာက္ကေတာ့ မက္ဆီ၊ လီဝန္ေဒါစကီး၊ ေဂ်ာ္ဂ်င္ဟို၊ ႐ူဘင္ဒက္စ္၊ စီေရာ္နယ္ဒို၊ ဖလီကာ၊ တိုနီခ႐ူးစ္၊ အန္ဒေရေဆးဗားလ္၊ အင္ဆင္ဂလီနဲ႔ ဆန္ခ်ိဳတို႔ ျဖစ္ပါတယ္။ ဒီထိပ္ဆုံး ၁၀ေယာက္မွာ အနာဂတ္ၾကယ္ပြင့္ ၂ဦးျဖစ္တဲ့ အမ္ဘက္ပီနဲ႔ ဟာလန္း မပါဝင္တာ ထူးျခား အံ့အားသင့္စရာပါပဲ။

လိဂ္အရေျပာရမယ္ဆိုရင္ အဂၤလန္ပရီးမီးယားလိဂ္က ေဂ်ာ္ဂ်င္ဟိုနဲ႔ ႐ူဘင္ဒက္စ္တို႔ ၂ဦးသာ ပါဝင္ခဲ့ၿပီး စပိန္လာလီဂါက ၃ဦး၊ ဘြန္ဒက္စ္လီဂါက ၃ဦး၊ စီးရီးေအက ၂ဦး ပါဝင္ခဲ့တာပါ။

ပရီးမီးယားလိဂ္ရဲ႕ ကလပ္အသင္းေတြအလိုက္ ၂၀၂၁မွာ အေကာင္းဆုံးကစားေနႏီုင္တဲ့ ကစားသမားေတြစာရင္းမွာလည္း ထူးျခားမႈေတြ ရွိေနပါတယ္။ မန္ယူအသင္းအတြက္ အေကာင္းဆုံး ကစားထားတာက နာမည္ႀကီးေတြမဟုတ္ဘဲ ဘယ္ေနာက္ခံလူ လုခ္ေရွာျဖစ္ေနပါတယ္။ လုခ္ေရွာဟာ တြက္ခ်က္မႈေတြအရ ၈၃.၄% ရွိေနခဲ့ၿပီး အဓိကကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ထက္ ပိုမ်ားေနပါတယ္။