၂၀၂၀-၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ဂိုးသွင်းဘုရင် ဘယ်သူဖြစ်မလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပြီးဆုံးဖို့ လက်ကျန် (၈)ပွဲ သာကျန်တော့တဲ့အချိန်မှာ မန်စီးတီးအသင်းက ဗိုလ်စွဲဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေပါတယ်။

ချန်ပီယံဆုအတွက် ထိပ်ဆုံးကနေ တစ်ပွဲပိုကစားပြီး ၁၄မှတ်ဖြတ်ထားတဲ့ အနေအထားကြောင့် စိတ်လှုပ်ရှားဖို့ သိပ်မကောင်းတော့ပေမယ့် ဂိုးသွင်းဘုရင်ဆုအတွက်ကတော့ အကြိတ်အနယ် ရှိနေဆဲပါ။

ပုံမှန်အနေနဲ့ ဘောလုံးရာသီတစ်ခုမှာ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအနေနဲ့ သွင်းဂိုး ၂၀ အနည်းဆုံး သွင်းကြတာချည်းပါပဲ။

ပရီးမီးယားလိဂ်မှယ ဟယ်ရီကိန်း၊ အဂူရို၊ ဆာလက်တို့လို ထိပ်တန်းနာမည်ကြီးတိုက်စစ်မှုးတွေဟာ ဂိုးသွင်းဘုရင်စာရင်းမှာ နှစ်တိုင်းနီးပါး ပါဝင်နေကြတဲ့သူတွေပါ။

ဒီနှစ်မှာတော့ တိုက်စစ်မှုးစစ်စစ် ၂ဦးဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆာလက်တို့အပြင် မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ကလည်း ဂိုးအများဆုံးသွင်းထားတဲ့သူစာရင်းမှာ ပါဝင်လာပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ မျက်နှာသစ်တိုက်စစ်မှုးတွေဖြစ်တဲ့ ကယ်ဗက်လီဝင် (အဲဗာတန်)၊ ဘန်ဖို့ဒ် (လိဒ်)တို့လည်း ရှိနေပါတယ်။ လီဝင်နဲ့ဘန်ဖို့ဒ်တို့ ၂ယောက်ဟာ သွင်းဂိုး အရေအတွက်မှာလည်း ၁၄ဂိုးစီနဲ့ အတူတူ ရှိနေတာပါ။

ထူးခြားတာက ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီးအသင်းအတွက် ဂိုးအများဆုံးသွင်းယူထားတာက တိုက်စစ်မှုးစစ်စစ်မဟုတ်ဘဲ ကွင်းလယ်က ဂန်ဒိုဂန်ဖြစ်နေတာပါပဲ။

လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်း (စပါး) က ၁၉ဂိုးနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဆာလက် (လီဗာပူး) က ၁၈ဂိုး၊ ဖာနန်ဒက်စ် (မန်ယူ) က ၁၆ဂိုး တို့နဲ့ အနီးဆုံးမှာ ကပ်လိုက်နေပါတယ်။

ဒီနှစ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံး ၅ယောက်မှာ ပင်နယ်တီသွင်းဂိုး တစ်ဂိုးမှမပါဘဲ ရှိနေတာကတော့ အဲဗာတန်က ကယ်ဗက်လီဝင် ပါပဲ။

သူသွင်းထားတဲ့ ၁၄ဂိုးမှာ ပင်နယ်တီ တစ်ဂိုးမှမပါပါဘူး။ ပင်နယ်တီးသွင်းဂိုး အများဆုံးကတော့ ဖာနန်ဒက်စ်ဖြစ်ပြီး ရထားတဲ့ ၁၆ဂိုးမှာ ဂဂိုးက ပင်နယ်တီကနေ သွင်းထားခဲ့တာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက ဂိုးသွင်းဘုရင်ဖြစ်ခဲ့တာ လက်စတာက ဗာဒီဖြစ်ပြီး သူဟာ ၃၅ပွဲ ကစားပေးခဲ့ပြီး ၂၃ဂိုး သွင်းနိုင်ခဲ့တာပါ။

ဗာဒီဟာ ၂၀၁၅-၁၆ ဘောလုံးရာသီတုန်းကလည်း ၂၄ဂိုးသွင်းနိုင်ခဲ့ပြီး အဲ့ဒီ့ရာသီတုန်းက ဂိုးသွင်းဘုရင်ဆုရခဲ့တဲ့ စပါးက ဟယ်ရီကိန်းထက် ၁ဂိုးပဲ နည်းခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၀-၂၁ ပရီးမီးယားလိဂ္ ေဘာလုံးရာသီရဲ႕ ဂိုးသြင္းဘုရင္ ဘယ္သူျဖစ္မလဲ?

၂၀၂၀-၂၁ ပရီးမီးယားလိဂ္ေဘာလုံးရာသီ ၿပီးဆုံးဖို႔ လက္က်န္ (၈)ပြဲ သာက်န္ေတာ့တဲ့အခ်ိန္မွာ မန္စီးတီးအသင္းက ဗိုလ္စြဲဖို႔ အေျခအေနအေကာင္းဆုံး ျဖစ္ေနပါတယ္။
ခ်န္ပီယံဆုအတြက္ ထိပ္ဆုံးကေန တစ္ပြဲပိုကစားၿပီး ၁၄မွတ္ျဖတ္ထားတဲ့ အေနအထားေၾကာင့္ စိတ္လႈပ္ရွားဖို႔ သိပ္မေကာင္းေတာ့ေပမယ့္ ဂိုးသြင္းဘုရင္ဆုအတြက္ကေတာ့ အႀကိတ္အနယ္ ရွိေနဆဲပါ။

ပုံမွန္အေနနဲ႔ ေဘာလုံးရာသီတစ္ခုမွာ ဂိုးအမ်ားဆုံးသြင္းတဲ့ ကစားသမားအေနနဲ႔ သြင္းဂိုး ၂၀ အနည္းဆုံး သြင္းၾကတာခ်ည္းပါပဲ။ ပရီးမီးယားလိဂ္မွယ ဟယ္ရီကိန္း၊ အဂူ႐ို၊ ဆာလက္တို႔လို ထိပ္တန္းနာမည္ႀကီးတိုက္စစ္မႈးေတြဟာ ဂိုးသြင္းဘုရင္စာရင္းမွာ ႏွစ္တိုင္းနီးပါး ပါဝင္ေနၾကတဲ့သူေတြပါ။ ဒီႏွစ္မွာေတာ့ တိုက္စစ္မႈးစစ္စစ္ ၂ဦးျဖစ္တဲ့ ဟယ္ရီကိန္းနဲ႔ ဆာလက္တို႔အျပင္မန္ယူကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ ကလည္း ဂိုးအမ်ားဆုံးသြင္းထားတဲ့သူစာရင္းမွာ ပါဝင္လာပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ မ်က္ႏွာသစ္တိုက္စစ္မႈးေတြျဖစ္တဲ့ ကယ္ဗက္လီဝင္ (အဲဗာတန္)၊ ဘန္ဖို႔ဒ္ (လိဒ္)တို႔လည္း ရွိေနပါတယ္။ လီဝင္နဲ႔ဘန္ဖို႔ဒ္တို႔ ၂ေယာက္ဟာ သြင္းဂိုး အေရအတြက္မွာလည္း ၁၄ဂိုးစီနဲ႔ အတူတူ ရွိေနတာပါ။

ထူးျခားတာက ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတာက တိုက္စစ္မႈးစစ္စစ္မဟုတ္ဘဲ ကြင္းလယ္က ဂန္ဒိုဂန္ျဖစ္ေနတာပါပဲ။ လက္ရွိအခ်ိန္မွာေတာ့ ဟယ္ရီကိန္း (စပါး) က ၁၉ဂိုးနဲ႔ ထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး ဆာလက္ (လီဗာပူး) က ၁၈ဂိုး၊ ဖာနန္ဒက္စ္ (မန္ယူ) က ၁၆ဂိုး တို႔နဲ႔ အနီးဆုံးမွာ ကပ္လိုက္ေနပါတယ္။

ဒီႏွစ္ဂိုးသြင္းအမ်ားဆုံး ကစားသမားစာရင္းရဲ႕ ထိပ္ဆုံး ၅ေယာက္မွာ ပင္နယ္တီသြင္းဂိုး တစ္ဂိုးမွမပါဘဲ ရွိေနတာကေတာ့ အဲဗာတန္က ကယ္ဗက္လီဝင္ ပါပဲ။ သူသြင္းထားတဲ့ ၁၄ဂိုးမွာ ပင္နယ္တီ တစ္ဂိုးမွမပါပါဘူး။ ပင္နယ္တီးသြင္းဂိုး အမ်ားဆုံးကေတာ့ ဖာနန္ဒက္စ္ျဖစ္ၿပီး ရထားတဲ့ ၁၆ဂိုးမွာ ဂဂိုးက ပင္နယ္တီကေန သြင္းထားခဲ့တာပါ။

၂၀၁၉-၂၀ ေဘာလုံးရာသီတုန္းက ဂိုးသြင္းဘုရင္ျဖစ္ခဲ့တာ လက္စတာက ဗာဒီျဖစ္ၿပီး သူဟာ ၃၅ပြဲ ကစားေပးခဲ့ၿပီး ၂၃ဂိုး သြင္းႏိုင္ခဲ့တာပါ။ ဗာဒီဟာ ၂၀၁၅-၁၆ ေဘာလုံးရာသီတုန္းကလည္း ၂၄ဂိုးသြင္းႏိုင္ခဲ့ၿပီး အဲ့ဒီ့ရာသီတုန္းက ဂိုးသြင္းဘုရင္ဆုရခဲ့တဲ့ စပါးက ဟယ္ရီကိန္းထက္ ၁ဂိုးပဲ နည္းခဲ့တာျဖစ္ပါတယ္။