၂၀၂၀-၂၁ရာသီ ယူရိုပါလိဂ်ရဲ့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ ဘရူနိုနဲ့ကာဗာနီတို့ ရွေးချယ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဲရ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ ကာဗာနီတို့နဲ့အတူ ဗီလာရီးယဲလ်အသင်းတိုက်စစ်မှူးဂါရတ်မော်ရီနိုတို့ ရွေးချယ်ခံခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ မနှစ်က ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်အထိတက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဗီလာရီးယဲလ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့်

ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပြီး ကာဗာနီနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ ဗိုလ်လုပွဲသွားရာလမ်းကြောင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ အခု ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဥရုဂွေးဝါရင့်တိုက်စစ်မှူးကာဗာနီဟာ ဗိုလ်လုပွဲမှာ အရေးပါတဲ့ချေပဂိုးသွင်းယူခဲ့တာအပါအဝင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲတွေမှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး စုစုပေါင်း(၅)ပွဲကစား၊ (၆)ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ယူနိုက်တက်အသင်းကွင်းလယ်ကို အဓိကဦးဆောင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့ပြီး မိနစ်ပေါင်း(၇၄၈)မိနစ်အထိပါဝင်ကစားခဲ့တဲ့အပြင် (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဗီလာရီးယဲလ်အသင်း ယူရိုပါလိဂ်ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်အောင် သွင်းဂိုးတွေနဲ့ကူညီပေးခဲ့တဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူးမော်ရီနိုဟာလည်း အုပ်စုပွဲစဉ်ကနေ ဗိုလ်လုပွဲအထိ

စုစုပေါင်း(၁၂)ပွဲကစားခဲ့တာမှာ (၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

အခုဆန်ခါတင်စာရင်းကို ၂၀၂၀-၂၁ ယူရိုပါလိဂ်အုပ်စုအဆင့်မှာပါဝင်ခဲ့တဲ့ အသင်း(၄၈)သင်းက နည်းပြတွေနဲ့ UEFA အဖွဲ့ဝင်နိုင်ငံ(၅၅)နိုင်ငံက ဂျာနယ်လစ်(၅၅)ဦး မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး နည်းပြတွေဟာ ကိုယ့်အသင်းက,ကစားသမားကို မဲပေးပိုင်ခွင့်မရှိပါဘူး။

ဆုရရှိသူကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာကျင်းပမယ့် ၂၀၂၁-၂၂ ရာသီယူရိုပါလိဂ်အုပ်စုအဆင့်မဲခွဲပွဲအခမ်းအနားမှာ တစ်ပါတည်းထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး

အခုအကောင်းဆုံးဆုကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ပေ့ါဘာ(၂၀၁၆-၁၇)၊ ဂရစ်ဇ်မန်း(၂၀၁၇-၁၈)၊ ဟာဇက်(၂၀၁၈-၁၉)နဲ့ လူကာကူ(၂၀၁၉-၂၀)တို့က ဆွတ်ခူးရရှိခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂၀၂၀-၂၁ရာသီ ယူ႐ိုပါလိဂ္ရဲ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆု ဆန္ခါတင္စာရင္းမွာ ဘ႐ူႏိုနဲ႔ကာဗာနီတို႔ ေ႐ြးခ်ယ္ခံရ

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)ဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲဲရ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္(၃)ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္၊ ကာဗာနီတို႔နဲ႔အတူ ဗီလာရီးယဲလ္အသင္းတိုက္စစ္မႉးဂါရတ္ေမာ္ရီႏိုတို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းဟာ မႏွစ္က ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ဗီလာရီးယဲလ္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရၿပီး ကာဗာနီနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာ ဗိုလ္လုပြဲသြားရာလမ္းေၾကာင္းမွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့လို႔ အခု ဆန္ခါတင္စာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးကာဗာနီဟာ ဗိုလ္လုပြဲမွာ အေရးပါတဲ့ေခ်ပဂိုးသြင္းယူခဲ့တာအပါအဝင္ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ပြဲေတြမွာ ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့ၿပီး စုစုေပါင္း(၅)ပြဲကစား၊ (၆)ဂိုးသြင္းယူခဲ့သလို ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီတစ္ေလွ်ာက္လုံး ယူႏိုက္တက္အသင္းကြင္းလယ္ကို အဓိကဦးေဆာင္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး မိနစ္ေပါင္း(၇၄၈)မိနစ္အထိပါဝင္ကစားခဲ့တဲ့အျပင္ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဗီလာရီးယဲလ္အသင္း ယူ႐ိုပါလိဂ္ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္ေအာင္ သြင္းဂိုးေတြနဲ႔ကူညီေပးခဲ့တဲ့ စပိန္လက္ေ႐ြးစင္တိုက္စစ္မႉးေမာ္ရီႏိုဟာလည္း အုပ္စုပြဲစဥ္ကေန ဗိုလ္လုပြဲအထိ စုစုေပါင္း(၁၂)ပြဲကစားခဲ့တာမွာ (၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ခဲ့သလို ဗိုလ္လုပြဲမွာလည္း ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ၂၀၂၀-၂၁ ရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕သြင္းဂိုးအမ်ားဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့တာပါ။ အခုဆန္ခါတင္စာရင္းကို ၂၀၂၀-၂၁ ယူ႐ိုပါလိဂ္အုပ္စုအဆင့္မွာပါဝင္ခဲ့တဲ့ အသင္း(၄၈)သင္းက နည္းျပေတြနဲ႔ UEFA အဖြဲ႕ဝင္ႏိုင္ငံ(၅၅)ႏိုင္ငံက ဂ်ာနယ္လစ္(၅၅)ဦး မဲေပးေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး နည္းျပေတြဟာ ကိုယ့္အသင္းက,ကစားသမားကို မဲေပးပိုင္ခြင့္မရွိပါဘူး။ ဆုရရွိသူကို တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာက်င္းပမယ့္ ၂၀၂၁-၂၂ ရာသီယူ႐ိုပါလိဂ္အုပ္စုအဆင့္မဲခြဲပြဲအခမ္းအနားမွာ တစ္ပါတည္းထုတ္ျပန္ေၾကညာသြားမွာျဖစ္ၿပီး အခုအေကာင္းဆုံးဆုကို ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ေပ့ါဘာ(၂၀၁၆-၁၇)၊ ဂရစ္ဇ္မန္း(၂၀၁၇-၁၈)၊ ဟာဇက္(၂၀၁၈-၁၉)နဲ႔ လူကာကူ(၂၀၁၉-၂၀)တို႔က ဆြတ္ခူးရရွိခဲ့ၾကပါတယ္။