၂၀၂၀ အတွင်း မရပ်တန့်နိုင်သေးတဲ့ဂိုးသွင်းခြေစွမ်းနဲ့ ဂျူဗီကို ကယ်တင်ပေးခဲ့တဲ့ စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

မနေ့ညက အေစီမီလန်နဲ့ကစားခဲ့တဲ့ ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပထမအကျော့မှာ ဂျူဗင်တပ်ဟာ စီရော်နယ်ဒိုရဲ့နောက်ကျပင်နယ်တီချေပဂိုးကြောင့်သာ အဝေးကွင်းရှုံးနိမ့်မယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဂျူဗင်တပ်ဟာ တစ်ယောက်လျော့အိမ်ရှင်အသင်းကို မိနစ် ၉၀ အထိ ၁-၀ ဂိုးနဲ့ ရှုံနေခဲ့တာဖြစ်ပါတယ်။ နာကျင်အချိန်ပိုမှာမှ စီရော်နယ်ဒိုရဲ့ပင်နယ်တီဂိုးနဲ့ ချေပဂိုးရသွားခဲ့တာပါ။

photo-gettyimages

အဲဒီပင်နယ်တီကလည်း စီရော်နယ်ဒိုကြောင့်ပဲ ရသွားခဲ့တာပါ။ သူ့ရဲ့နောက်ပြန်ကန်ချက်က အေစီမီလန်နောက်ခံလူရဲ့လက်နဲ့ထိသွားခဲ့တာဖြစ်ပြီး VAR ကြည့်ပြီးတော့ ဒိုင်ကပေးလိုက်တာပါ။ ဒါပေမဲ့ ဘောလုံး လက်မောင်းနဲ့ထိသူက နောက်ပြန်အနေအထားမှာဆိုတော့ အငြင်းပွားဖြစ်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီရော်နယ်ဒိုရဲ့အမှားအယွင်းမရှိကန်သွင်းယူမှုကြောင့်သာ ဂျူဗင်တပ်ဟာ ဒီပွဲမရှုံးခဲ့တာပါ။

photo-gettyimages

အေစီမီလန်နဲ့ဒီပွဲက သွင်းဂိုးကြောင့် အခုဆိုရင် စီရော်နယ်ဒိုဟာ ၂၀၂၀ အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အတွက် နောက်ဆုံး ၁၁ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒ့ါအပြင် ၂၀၂၀ အတွင်းမှာလည်း သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၁၂ ဂိုးအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပြီး ၃၅ နှစ်အရွယ်စီရော်နယ်ဒိုဟာ ဒီရာသီ ကလပ်နဲ့နိုင်ငံအတွက် စုစုပေါင်း ၃၅ ပွဲမှာ ၃၅ ဂိုးသွင်းထားတာလည်း ဖြစ်ပါတယ်။ ၃၅ နှစ်ရှိနေပြီဖြစ်တာတောင် ၂၀၂၀ အတွင်းက သူ့ရဲ့မရပ်တန့်နိုင်သေးတဲ့ သူ့ရဲ့ဂိုးသွင်းခြေစွမ်းကတော့ ချီးကျူးစရာပါပဲ။

[Zawgyi]

၂၀၂၀ အတြင္း မရပ္တန္႔ႏိုင္ေသးတဲ့ဂုိးသြင္းေျခစြမ္းနဲ႔ ဂ်ဴဗီကို ကယ္တင္ေပးခဲ့တဲ့ စီေရာ္နယ္ဒို

မေန႔ညက ေအစီမီလန္နဲ႔ကစားခဲ့တဲ့ ကိုပါအီတာလီယာဆီမီးဖိုင္နယ္ပထမအေက်ာ့မွာ ဂ်ဴဗင္တပ္ဟာ စီေရာ္နယ္ဒုိရဲ႕ေနာက္က်ပင္နယ္တီေခ်ပဂိုးေၾကာင့္သာ အေ၀းကြင္းရႈံးနိမ့္မယ့္အေရးကေန ေရွာင္လႊဲႏိုင္ခဲ့တာပါ။ အဲဒီပြဲမွာ ဂ်ဴဗင္တပ္ဟာ တစ္ေယာက္ေလ်ာ့အိမ္ရွင္အသင္းကို မိနစ္ ၉၀ အထိ ၁-၀ ဂိုးနဲ႔ ရႈံေနခဲ့တာျဖစ္ပါတယ္။ နာက်င္အခ်ိန္ပိုမွာမွ စီေရာ္နယ္ဒိုရဲ႕ပင္နယ္တီဂိုးနဲ႔ ေခ်ပဂိုးရသြားခဲ့တာပါ။

အဲဒီပင္နယ္တီကလည္း စီေရာ္နယ္ဒိုေၾကာင့္ပဲ ရသြားခဲ့တာပါ။ သူ႔ရဲ႕ေနာက္ျပန္ကန္ခ်က္က ေအစီမီလန္ေနာက္ခံလူရဲ႕လက္နဲ႔ထိသြားခဲ့တာျဖစ္ၿပီး VAR ၾကည့္ၿပီးေတာ့ ဒိုင္ကေပးလိုက္တာပါ။ ဒါေပမဲ့ ေဘာလုံး လက္ေမာင္းနဲ႔ထိသူက ေနာက္ျပန္အေနအထားမွာဆုိေတာ့ အျငင္းပြားျဖစ္သြားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ စီေရာ္နယ္ဒိုရဲ႕အမွားအယြင္းမရွိကန္သြင္းယူမႈေၾကာင့္သာ ဂ်ဴဗင္တပ္ဟာ ဒီပြဲမရႈံးခဲ့တာပါ။

ေအစီမီလန္နဲ႔ဒီပြဲက သြင္းဂိုးေၾကာင့္ အခုဆုိရင္ စီေရာ္နယ္ဒုိဟာ ၂၀၂၀ အတြင္း ကစားခဲ့တဲ့ ပြဲစဥ္တိုင္းမွာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္အတြက္ ေနာက္ဆုံး ၁၁ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒ့ါအျပင္ ၂၀၂၀ အတြင္းမွာလည္း သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၁၂ ဂိုးအထိ ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။ ေနာက္ၿပီး ၃၅ ႏွစ္အရြယ္စီေရာ္နယ္ဒိုဟာ ဒီရာသီ ကလပ္နဲ႔ႏိုင္ငံအတြက္ စုစုေပါင္း ၃၅ ပြဲမွာ ၃၅ ဂိုးသြင္းထားတာလည္း ျဖစ္ပါတယ္။ ၃၅ ႏွစ္ရွိေနၿပီျဖစ္တာေတာင္ ၂၀၂၀ အတြင္းက သူ႔ရဲ႕မရပ္တန္႔ႏုိင္ေသးတဲ့ သူ႔ရဲ႕ဂိုးသြင္းေျခစြမ္းကေတာ့ ခ်ီးက်ဴးစရာပါပဲ။