၂၀၂၀ ရဲ့ Golden Boy ဆုကို ဆွတ်ခူးသွားတဲ့ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ


ဒေါ့မန်ကြယ်ပွင့်အာလင်းဟာလန်းဟာ ၂၀၂၀ ရဲ့ Golden Boy ဆုရှင်အဖြစ် ရွေးချယ်ခြင်း ခံလိုက်ရပါတယ်။

ဒီဆုကို အီတလီအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Tuttosport က၂၀၀၃ ခုနှစ်မှာ ကမကထပြုရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ကာ ပြီးခဲ့နှစ်တုန်းကတော့ အက်သလက်တီကိုကြယ်ပွင့်ဂျာအိုဖိလစ်ရရှိခဲ့တာပါ။

Golden Boy ဆုဟာ ဥရောပရဲ့ထိပ်တန်းလိဂ်တစ်ခုမှာ ကစားနေတဲ့ အသက် 21 နှစ်အောက် လူငယ် ဘောလုံးသမားလေးတွေ ထဲက တစ်နှစ် အတွင်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကစားသမားကို ရွေးချယ် ပေးအပ်တဲ့ ဆုလည်း ဖြစ်ပါတယ်။

စတင် ချီးမြှင့်ပေးခဲ့စဉ်က အီတလီ သတင်းစာ Tuttosport သတင်းစာတိုက်တစ်ခုထဲက ပေးအပ်ခဲ့တာဖြစ်ပြီး နယ်သာလန်က ရာဖယ် ဗန်ဒါဘက်ကရရှိခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ဥရောပရဲ့ သတင်းစာ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဂျာမဏီ (Bild), ဆွစ်ဇလန် (Blick), ပေါ်တူဂီ (A Bola), ပြင်သစ် က (l’Équipe) နဲ့ (France Football), စပိန် (Marca) နဲ့ (Mundo Deportivo), ဂရိ (Ta Nea), ရုရှား (Sport Express), နယ်သာလန် (De Telegraaf), နဲ့ အင်္ဂလန် (The Times) သတင်းစာတို့ကပါ ပါဝင်လာခဲ့ပြီး နာမည်ကြီး သတင်းစာတွေရဲ့ အားကစားအယ်ဒီတာတွေရွေးချယ်ပေးခဲ့တဲ့ဆုဖြစ်တာကြောင့် လူငယ်အားကစားသမားတွေအတွက် France Football ကပေးတဲ့ Ballon d’Or ဆုလို သြဇာ ကြီးပါတယ်။

(၁၈)ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်တဲ့ ဒီဆုမှာ ပြင်သစ် လူငယ် တွေ က စုစုပေါင်း ၃ ကြိမ် နဲ့ အကြိမ်ရေ အများဆုံး ဆွတ်ခူးထားပြီး နယ်သာလန် ၊ အင်္ဂလန် ၊ အာဂျင်တီးနား ၊ စပိန် ၊ ဘရာဇီး နဲ့ ပေါ်တူဂီ တို့က ၂ ကြိမ် စီ ဆွတ်ခူးထားကြပါတယ်။ နော်ေ၀ ၊ အီတလီ နဲ့ ဂျာမဏီ တို့က ၁ ကြိမ် စီ ရရှိထားပါတယ်။

ဟာလန်းဟာ ဒေါ့မန်အသင်းဖော်ဆန်ချို၊ ဘိုင်ယန်က အယ်ဖွန်ဆိုဒါဗီးစ်၊ မန်ယူက ဂရင်းဝုဒ်နဲ့ ဘာစီလိုနာက ဖာတီတို့ကိုကျော်ဖြတ်ကာ ဥရောပရဲ့အကောင်းဆုံးလူကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီအတွက် Tuttosport သတင်းစာကလည်း သူတို့ရဲ့စနေနေ့ထုတ်မျက်နှာဖုံးစာမျက်နှာမှာ ဟာလန်းရဲ့ပုံကို ဖော်ပြခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီပြိုင်ပွဲအရပ်ရပ်မှာ ၄၄ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အဲဒီထဲက ၁၆ ဂိုးဟာ ရာသီဝက်မှာ ဒေါ့မန်ကိုပြောင်းလာပြီးနောက်ပိုင်း ၁၈ ပွဲမှာ သွင်းယူခဲ့တာပါ။

အသက် ၂၀ အရွယ် ဟာလန်းဟာ ဒီရာသီမှာလည်း ဒေါ့မန်အတွက် ဘွန်ဒက်စ်လီဂါမှာ ၆ ဂိုး၊ ချန်ပီယံလိဂ်မှာ ၄ ဂိုးသွင်းယူပေးထားပါတယ်။

ကစားသမားတဦး အကောင်းဆုံးခြေစွမ်းပြနေပြီဆိုရင် ထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတာက ထူးဆန်းတဲ့ကိစ္စ မဟုတ်ကြောင်း နဲ့ လက်ရှိ အချိန်မှာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကျန်နေ သေးတာကြောင့် အပြောင်းအရွှေ့ကိစ္စကို စဉ်းစားနေမှာ မဟုတ်ဘူးလို့ ဟာလန်းရဲ့ဖခင် အဲလ်ဖက် အင်ဂီ ကပြောခဲ့ပါတယ်။

ဒါပေမယ့် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြောင်းကိုလည်း ဟာလန်းရဲ့ဖခင် အဲလ်ဖက် အင်ဂီ ကဆက်ပြီး ပြောဆိုမှတ်ချက်ပေးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၀ ရဲ႕ Golden Boy ဆုကို ဆြတ္ခူးသြားတဲ့ ဟာလန္း

ေဒါ့မန္ၾကယ္ပြင့္အာလင္းဟာလန္းဟာ ၂၀၂၀ ရဲ႕ Golden Boy ဆုရွင္အျဖစ္ ေ႐ြးခ်ယ္ျခင္း ခံလိုက္ရပါတယ္။

ဒီဆုကို အီတလီအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Tuttosport က၂၀၀၃ ခုႏွစ္မွာ ကမကထျပဳေ႐ြးခ်ယ္ခ်ီးျမႇင့္ခဲ့တာျဖစ္ကာ ၿပီးခဲ့ႏွစ္တုန္းကေတာ့ အက္သလက္တီကိုၾကယ္ပြင့္ဂ်ာအိုဖိလစ္ရရွိခဲ့တာပါ။ Golden Boy ဆုဟာ ဥေရာပရဲ႕ထိပ္တန္းလိဂ္တစ္ခုမွာ ကစားေနတဲ့ အသက္ 21 ႏွစ္ေအာက္ လူငယ္ ေဘာလုံးသမားေလးေတြ ထဲက တစ္ႏွစ္ အတြင္း အေကာင္းဆုံး စြမ္းေဆာင္ျပႏိုင္ခဲ့တဲ့ ကစားသမားကို ေ႐ြးခ်ယ္ ေပးအပ္တဲ့ ဆုလည္း ျဖစ္ပါတယ္။

စတင္ ခ်ီးျမႇင့္ေပးခဲ့စဥ္က အီတလီ သတင္းစာ Tuttosport သတင္းစာတိုက္တစ္ခုထဲက ေပးအပ္ခဲ့တာျဖစ္ၿပီး နယ္သာလန္က ရာဖယ္ ဗန္ဒါဘက္ကရရွိခဲ့ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ဥေရာပရဲ႕ သတင္းစာ အဖြဲ႕ဝင္ေတြ ျဖစ္ၾကတဲ့ ဂ်ာမဏီ (Bild), ဆြစ္ဇလန္ (Blick), ေပၚတူဂီ (A Bola), ျပင္သစ္ က (l’Équipe) နဲ႔ (France Football), စပိန္ (Marca) နဲ႔ (Mundo Deportivo), ဂရိ (Ta Nea), ႐ုရွား (Sport Express), နယ္သာလန္ (De Telegraaf), နဲ႔ အဂၤလန္ (The Times) သတင္းစာတို႔ကပါ ပါဝင္လာခဲ့ၿပီး နာမည္ႀကီး သတင္းစာေတြရဲ႕ အားကစားအယ္ဒီတာေတြေ႐ြးခ်ယ္ေပးခဲ့တဲ့ဆုျဖစ္တာေၾကာင့္ လူငယ္အားကစားသမားေတြအတြက္ France Football ကေပးတဲ့ Ballon d’Or ဆုလို ၾသဇာ ႀကီးပါတယ္။

(၁၈)ႀကိမ္ေျမာက္ရွိခဲ့ၿပီ ျဖစ္တဲ့ ဒီဆုမွာ ျပင္သစ္ လူငယ္ ေတြ က စုစုေပါင္း ၃ ႀကိမ္ နဲ႔ အႀကိမ္ေရ အမ်ားဆုံး ဆြတ္ခူးထားၿပီး နယ္သာလန္ ၊ အဂၤလန္ ၊ အာဂ်င္တီးနား ၊ စပိန္ ၊ ဘရာဇီး နဲ႔ ေပၚတူဂီ တို႔က ၂ ႀကိမ္ စီ ဆြတ္ခူးထားၾကပါတယ္။ ေနာ္ေ၀ ၊ အီတလီ နဲ႔ ဂ်ာမဏီ တို႔က ၁ ႀကိမ္ စီ ရရွိထားပါတယ္။

ဟာလန္းဟာ ေဒါ့မန္အသင္းေဖာ္ဆန္ခ်ိဳ၊ ဘိုင္ယန္က အယ္ဖြန္ဆိုဒါဗီးစ္၊ မန္ယူက ဂရင္းဝုဒ္နဲ႔ ဘာစီလိုနာက ဖာတီတို႔ကိုေက်ာ္ျဖတ္ကာ ဥေရာပရဲ႕အေကာင္းဆုံးလူကစားသမားျဖစ္လာခဲ့ပါတယ္။

ဒီအတြက္ Tuttosport သတင္းစာကလည္း သူတို႔ရဲ႕စေနေန႔ထုတ္မ်က္ႏွာဖုံးစာမ်က္ႏွာမွာ ဟာလန္းရဲ႕ပုံကို ေဖာ္ျပခဲ့ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၄၄ ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အဲဒီထဲက ၁၆ ဂိုးဟာ ရာသီဝက္မွာ ေဒါ့မန္ကိုေျပာင္းလာၿပီးေနာက္ပိုင္း ၁၈ ပြဲမွာ သြင္းယူခဲ့တာပါ။

အသက္ ၂၀ အ႐ြယ္ ဟာလန္းဟာ ဒီရာသီမွာလည္း ေဒါ့မန္အတြက္ ဘြန္ဒက္စ္လီဂါမွာ ၆ ဂိုး၊ ခ်န္ပီယံလိဂ္မွာ ၄ ဂိုးသြင္းယူေပးထားပါတယ္။

ကစားသမားတဦး အေကာင္းဆုံးေျခစြမ္းျပေနၿပီဆိုရင္ ထိပ္တန္းကလပ္ေတြရဲ႕ ပစ္မွတ္ ျဖစ္လာတာက ထူးဆန္းတဲ့ကိစၥ မဟုတ္ေၾကာင္း နဲ႔ လက္ရွိ အခ်ိန္မွာ ေဒါ့မြန္နဲ႔ စာခ်ဳပ္သက္တမ္း က်န္ေန ေသးတာေၾကာင့္ အေျပာင္းအေ႐ႊ႕ကိစၥကို စဥ္းစားေနမွာ မဟုတ္ဘူးလို႔ ဟာလန္းရဲ႕ဖခင္ အဲလ္ဖက္ အင္ဂီ ကေျပာခဲ့ပါတယ္။ ဒါေပမယ့္ အနာဂတ္မွာ ဘာျဖစ္မလဲဆိုတာေတာ့ ဘယ္သူမွ မေျပာႏိုင္ေၾကာင္းကိုလည္း ဟာလန္းရဲ႕ဖခင္ အဲလ္ဖက္ အင္ဂီ ကဆက္ၿပီး ေျပာဆိုမွတ္ခ်က္ေပးထားပါတယ္။