
photo-gettyimages
photo-gettyimages
ပြီးခဲ့တဲ့တနင်္ဂနွေမှာ သူ့ရဲ့ဂျူဗင်တပ်အသင်းဟာ နာပိုလီကို ရှုံးနိမ့်သွားခဲ့ပေမယ့် တိုက်စစ်မှုးစီရော်နယ်ဒိုကတော့ ဂိုးသွင်းမပျက်ခဲ့ပါဘူး။ သူဟာ ပွဲပြီးခါနီးမှာ ဂျူဗင်တပ်အတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးကို ရယူပေးနိုင်ခဲ့တာကြောင့် စီးရီးအေမှာ ၈ ပွဲဆက်အဖြစ် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဒါဟာ ၂၀၂၀ အတွင်းမှာ သူ့ရဲ့ ၈ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့တာပါ။
photo-gettyimages
ဒီအချိန်မှာ သူ့ရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီကတော့ အံ့သြစရာကောင်းလောက်အောင် နှစ်သစ်မှာ ဂိုးသွင်းဖို့ ရုန်းကန်နေရပါတယ်။ စီရော်နယ်ဒိုက ၂၀၂၀ မှာ ၈ ဂိုးသွင်းထားနိုင်ချိန် မက်ဆီကတော့ နှစ်သစ်မှာ ၂ ဂိုးသာသွင်းနိုင်ပါသေးတယ်။ အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ အက်သလက်တီကိုကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်မှာ ၁ ဂိုးနဲ့ ဂရန်နာဒါကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲမှာ ၁ ဂိုးသွင်းခဲ့တာပါ။
photo-gettyimages
ပိုပြီးအံ့သြစရာကောင်းတာက ၂၀၂၀ အတွင်းမှာ မက်ဆီတင်မဟုတ်ဘဲ ဘာစီလိုနာတစ်သင်းလုံးရဲ့သွင်းဂိုးအရေအတွက်ဟာ စီရော်နယ်ဒိုသွင်းခဲ့တာထက်ကို ပိုနည်းနေတာပါ။ ဘာစီလိုနာဟာ ၂၀၂၀ အတွင်းကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ၅ ပွဲမှာ ၇ ဂိုးသာသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ၂၀၂၀ ဟာ အခုမှ ဇန်နဝါရီတစ်လသာ ရှိသေးတာပါ။
[Zawgyi]
၂၀၂၀ မွာ ဘာစီလိုနာတစ္သင္းလုံးထက္ ဂိုးပိုသြင္းထားတဲ ့ စီေရာ္နယ္ဒို
ၿပီးခဲ့တဲ့တနဂၤေႏြမွာ သူ႔ရဲ႕ဂ်ဴဗင္တပ္အသင္းဟာ နာပိုလီကို ရႈံးနိမ့္သြားခဲ့ေပမယ့္ တိုက္စစ္မႈးစီေရာ္နယ္ဒိုကေတာ့ ဂိုးသြင္းမပ်က္ခဲ့ပါဘူး။ သူဟာ ပြဲၿပီးခါနီးမွာ ဂ်ဴဗင္တပ္အတြက္ ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးကို ရယူေပးႏိုင္ခဲ့တာေၾကာင့္ စီးရီးေအမွာ ၈ ပြဲဆက္အျဖစ္ ဂိုးသြငး္ႏိုင္ခဲ့ပါတယ္။ အဲဒါဟာ ၂၀၂၀ အတြင္းမွာ သူ႔ရဲ႕ ၈ ဂိုးေျမာက္သြင္းဂိုးလည္း ျဖစ္လာခဲ့တာပါ။
ဒီအခ်ိန္မွာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့ မက္ဆီကေတာ့ အံ့ၾသစရာေကာင္းေလာက္ေအာင္ ႏွစ္သစ္မွာ ဂိုးသြင္းဖို႔ ရုန္းကန္ေနရပါတယ္။ စီေရာ္နယ္ဒိုက ၂၀၂၀ မွာ ၈ ဂိုးသြင္းထားႏိုင္ခ်ိန္ မက္ဆီကေတာ့ ႏွစ္သစ္မွာ ၂ ဂိုးသာသြင္းႏိုင္ပါေသးတယ္။ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ဟာ အက္သလက္တီကုိကို ၃-၂ နဲ႔ရႈံးနိမ့္ခဲ့တဲ့ စပိန္စူပါဖလားဆီမီးဖိုင္နယ္မွာ ၁ ဂိုးနဲ႔ ဂရန္နာဒါကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ့လာလီဂါပြဲမွာ ၁ ဂိုးသြင္းခဲ့တာပါ။
ပိုၿပီးအံ့ၾသစရာေကာင္းတာက ၂၀၂၀ အတြင္းမွာ မက္ဆီတင္မဟုတ္ဘဲ ဘာစီလိုနာတစ္သင္းလုံးရဲ႕သြင္းဂိုးအေရအတြက္ဟာ စီေရာ္နယ္ဒိုသြင္းခဲ့တာထက္ကို ပိုနည္းေနတာပါ။ ဘာစီလိုနာဟာ ၂၀၂၀ အတြင္းကစားခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ၅ ပြဲမွာ ၇ ဂိုးသာသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ တစ္ခုေတာ့ ရွိတာေပါ့။ ၂၀၂၀ ဟာ အခုမွ ဇန္န၀ါရီတစ္လသာ ရွိေသးတာပါ။