၂၀၁၉ Golden Boy ဆုကို ဘယ္သူရမလဲ…

PC ; Internet

ဥေရာပအေကာင္းဆံုးလူငယ္ကစားသမားဆု၊တစ္နည္းအားျဖင့္ Golden Boy award အတြက္ ပဏာမအေယာက္ ၄၀စာရင္းထြက္ေပၚလာပါၿပီ။ဒီဆုကို အီတလီသတင္းစာ Tuttosport က ႏွစ္စဥ္ခ်ီးျမွင့္ေနတာျဖစ္ၿပီး ဥေရာပေဘာလံုးေလာကရဲ႕ အသက္ ၂၁ေအာက္အေတာက္ပဆံုးၾကယ္ပြင့္ကို ေရြးထုတ္ေပးတဲ့ပြဲဆိုရင္လည္းမမွားပါဘူး။ Tuttosport က ထုတ္ျပန္လိုက္တဲ့၂၀၁၉ အတြက္ ပဏာမစာရင္းမွာ ေရပန္းအစားဆံုးျဖစ္ေနတဲ့ ကစားသမား ၃ဦးကေတာ့ ဆန္ခ်ိဳ၊ဂ်ာအိုဖိလစ္နဲ႔ဒီလစ္တို႔ပါပဲ။ဒီလစ္ဟာ မႏွစ္တုန္းက အမ္ဘာေပးနဲ႔ဂ်က္စတင္ကလိြဳက္ဗက္္တို႔ကိုေက်ာ္ျဖတ္ၿပီး အေကာင္းဆံုးလူငယ္ကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရသူပါ။

PC ; Getty

ဒါ့အျပင္ ေအဂ်က္ဇ္အတြက္ေျခစြမ္းျပႏိုင္ခဲ့တဲ့ သူဟာ ကြင္းလယ္လူ ၈ဦး၊တိုက္စစ္မွဴး ၇ဦးရယူထားတဲ့ ဒီဆုကို ဆြတ္ခူးႏိုင္တဲ့ ပထမဆံုးေနာက္ခံလူအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ေအဂ်က္ဇ္ရဲ႕ခ်န္ပီယံလိဂ္ ဆီမီးလမ္းေၾကာင္းမွာ အဓိကက်သူတစ္ေယာက္ျဖစ္ခဲ့တဲ့ နယ္သာလန္ဗဟိုေနာက္ခံလူဟာ ေႏြရာသီတုန္းက ေပါင္၆၇.၈သန္းနဲ႔ ဂ်ဴဗင္တပ္ကိုေျပာင္းေရႊ႔ခဲ့ၿပီး ဒီဆုကိုထပ္မံရယူႏိုင္ဖို႔ အလားအလာရွိေနပါတယ္။ဒါေပမဲ့ အသက္ ၂၀အရြယ္ေနာက္ခံလူဟာ တူရင္ကလပ္မွာအေျခက်ဖို႔ရုန္းကန္ေနရတာေၾကာင့္ တစ္ျခားဥေရာပထိပ္တန္းအသင္းႀကီးေတြက လူငယ္ေျခတက္ေတြနဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။

PC ; Reuters

ဒီလစ္ရဲ႕ အႀကီးမားဆံုးၿပိဳင္ဘက္ကေတာ့ ေဒါ့တ္မန္အတြက္ေျခစြမ္းျပေနတဲ့ အဂၤလန္သားေလးဆန္ခ်ိဳပါပဲ။သူဟာ အဂၤလန္အတြက္ ကိုဆိုဗိုနဲ႔ယူရိုေျခစစ္ပြဲမွာသြင္းယူခဲ့တဲ့ လက္ေရြးစင္ဘ၀ ပထမဆံုး ၂ဂိုးအပါအ၀င္ အသင္းနဲ႔ႏိုင္ငံအတြက္ ပထမဆံုး ၁၀ပြဲမွာ ၆ဂိုးရယူေပးထားပါတယ္။ေနာက္တစ္ေယာက္ကေတာ့ ဂ်ာအိုဖိလစ္ပါပဲ။ဒီေပၚတူဂီသားေလးဟာ မႏွစ္က ဘင္ဖီကာအတြက္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၃၃ပြဲမွာ ၁၈ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ လက္ေရြးစင္အသင္းမွာေရြးခ်ယ္ခံခဲ့ရၿပီး ေနးရွင္းလိဂ္ဖလားကိုလည္းရယူႏိုင္ခဲ့သလို အက္သလက္တီကိုအသင္းက ေပါင္၁၁၃သန္းနဲ႔ ေခၚယူတာကိုခံခဲ့ရပါတယ္။

PC ; Getty

လက္ရွိစာရင္းမွာ ဦးေဆာင္ေနတဲ့ သူတို႔ ၃ဦးအျပင္ဘက္မွာေတာ့ အဂၤလိပ္ေလးေတြျဖစ္တဲ့ ဖိုဒန္၊ေမဆန္ေမာင့္၊နယ္လ္ဆန္တို႔က ထင္ထင္ရွားရွားျဖစ္ေနပါတယ္။ဆုရရွိသူအမည္ကို လာမယ့္ ဒီဇင္ဘာလမွာ ေၾကညာသြားမွာပါ။

(unicode)

ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု၊တစ်နည်းအားဖြင့် Golden Boy award အတွက် ပဏာမအယောက် ၄၀စာရင်းထွက်ပေါ်လာပါပြီ။ဒီဆုကို အီတလီသတင်းစာ Tuttosport က နှစ်စဉ်ချီးမြှင့်နေတာဖြစ်ပြီး ဥရောပဘောလုံးလောကရဲ့ အသက် ၂၁အောက်အတောက်ပဆုံးကြယ်ပွင့်ကို ရွေးထုတ်ပေးတဲ့ပွဲဆိုရင်လည်းမမှားပါဘူး။ Tuttosport က ထုတ်ပြန်လိုက်တဲ့၂၀၁၉ အတွက် ပဏာမစာရင်းမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ကစားသမား ၃ဦးကတော့ ဆန်ချို၊ဂျာအိုဖိလစ်နဲ့ဒီလစ်တို့ပါပဲ။ဒီလစ်ဟာ မနှစ်တုန်းက အမ်ဘာပေးနဲ့ဂျက်စတင်ကလွိုက်ဗက်တို့ကိုကျော်ဖြတ်ပြီး အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ဒါ့အပြင် အေဂျက်ဇ်အတွက်ခြေစွမ်းပြနိုင်ခဲ့တဲ့ သူဟာ ကွင်းလယ်လူ ၈ဦး၊တိုက်စစ်မှူး ၇ဦးရယူထားတဲ့ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။အေဂျက်ဇ်ရဲ့ချန်ပီယံလိဂ် ဆီမီးလမ်းကြောင်းမှာ အဓိကကျသူတစ်ယောက်ဖြစ်ခဲ့တဲ့ နယ်သာလန်ဗဟိုနောက်ခံလူဟာ နွေရာသီတုန်းက ပေါင်၆၇.၈သန်းနဲ့ ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့ပြီး ဒီဆုကိုထပ်မံရယူနိုင်ဖို့ အလားအလာရှိနေပါတယ်။ဒါပေမဲ့ အသက် ၂၀အရွယ်နောက်ခံလူဟာ တူရင်ကလပ်မှာအခြေကျဖို့ရုန်းကန်နေရတာကြောင့် တစ်ခြားဥရောပထိပ်တန်းအသင်းကြီးတွေက လူငယ်ခြေတက်တွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ဒီလစ်ရဲ့ အကြီးမားဆုံးပြိုင်ဘက်ကတော့ ဒေါ့တ်မန်အတွက်ခြေစွမ်းပြနေတဲ့ အင်္ဂလန်သားလေးဆန်ချိုပါပဲ။သူဟာ အင်္ဂလန်အတွက် ကိုဆိုဗိုနဲ့ယူရိုခြေစစ်ပွဲမှာသွင်းယူခဲ့တဲ့ လက်ရွေးစင်ဘ၀ ပထမဆုံး ၂ဂိုးအပါအဝင် အသင်းနဲ့နိုင်ငံအတွက် ပထမဆုံး ၁၀ပွဲမှာ ၆ဂိုးရယူပေးထားပါတယ်။နောက်တစ်ယောက်ကတော့ ဂျာအိုဖိလစ်ပါပဲ။ဒီပေါ်တူဂီသားလေးဟာ မနှစ်က ဘင်ဖီကာအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ၃၃ပွဲမှာ ၁၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒါကြောင့် လက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့ရပြီး နေးရှင်းလိဂ်ဖလားကိုလည်းရယူနိုင်ခဲ့သလို အက်သလက်တီကိုအသင်းက ပေါင်၁၁၃သန်းနဲ့ ခေါ်ယူတာကိုခံခဲ့ရပါတယ်။လက်ရှိစာရင်းမှာ ဦးဆောင်နေတဲ့ သူတို့ ၃ဦးအပြင်ဘက်မှာတော့ အင်္ဂလိပ်လေးတွေဖြစ်တဲ့ ဖိုဒန်၊မေဆန်မောင့်၊နယ်လ်ဆန်တို့က ထင်ထင်ရှားရှားဖြစ်နေပါတယ်။ဆုရရှိသူအမည်ကို လာမယ့် ဒီဇင်ဘာလမှာ ကြေညာသွားမှာပါ။