၂၀၁၉ အတွင်း ၆ ကြိမ်မြောက်ဒဏ်ရာရရှိခဲ့တဲ့ ဒမ်ဘီလီ

Photo-Internet
Photo-Internet

ဘာစီလိုနာအသင်းက ဒေါ့မန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီဟာ ဒဏ်ရာရရှိပြီး လူစားလဲခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ၂၀၁၉ အတွင်းမှာ ၆ ကြိမ်မြောက်ဖြစ်လို့ သူ့ရဲ့ကြံခိုင်မှုပိုင်းဟာ လည်းပိုပြီးတော့ စိုးရိမ်စရာဖြစ်လာရတယ်လို့ ဆိုကြပါတယ်။

သူဟာ ဒီပွဲမှာ ပထမပိုင်းကတည်းက ဒဏ်ရာရခဲ့တာဖြစ်ပြီး ၂၆ မိနစ်မှာ ဂရစ်ဇ်မန်းနဲ့လူစားလဲခံခဲ့ရပါတယ်။ ဒီပွဲမှာ ဒမ်ဘီလီဟာ ဆာဂျီရောဘတ်တိုရဲ့ဖြတ်တင်ဘောပေးပို့မှုကို လိုက်ရင်းနဲ့ လဲကျခဲ့တာဖြစ်ပါတယ်။ သူ့ကိုဆေးအဖွဲ့က ကုသပေးခဲ့ပြီးနောက် ဒဏ်ရာကဆက်မကစားနိုင်တော့ဘူးလို့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

Photo-Internet

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာနဲ့ပတ်သက်လာရင်ကံမကောင်းဘဲ အခုဒဏ်ရာလည်းအခြေအနေဆိုးရွားဖွယ်ရှိနေလို့ လနဲ့ချီအနားယူရဖို့ရှိနေပြီး တနင်္ဂနွေနေ့မှာ အက်သလက်တီကိုနဲ့ ကစားမယ့်ပွဲအပြင် လာမယ့်ဒီဇင်ဘာ ၁၈ မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် El Clasico ပွဲကိုလည်း လွဲချော်ဖို့ရှိနေပါတယ်။

Photo-Internet

သူ့ဒဏ်ရာကို အသေးစိတ်စစ်ဆေးရဦးမှာဖြစ်ပေမယ့် ကစားဖော်ဖြစ်တဲ့ ဆွာရက်ဇ်ကတော့ ဒမ်ဘီလီရော ကလပ်ရဲ့ဆေးအဖွဲ့ပါ ဒီပြင်သစ်သားရဲ့ဒဏ်ရာမကြာခဏရမှုကို အမြန်ဆုံးအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။ ပေါင်ကြွက်သားးဒဏ်ရာဟာ ဒမ်ဘီလီအတွက် ဒီနှစ်ထဲမှာ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။

Photo-Internet

ဆွာရက်ဇ်က”ဒမ်ဘီလီရော ဆရာဝန်တွေပါ ဒဏ်ရာပြဿ     နာအတွက်အဖြေရှာဖို့ကြိုး စားရတော့မှာပါ။ သူဟာပြန်ကောင်းလာပြီးတိုင်း ဘာကြောင့်ဒဏ်ရာထပ်ရနေသလဲဆိုတာကို ရှာဖွေဖို့လိုပါတယ်။ ဒမ်ဘီလီဟာသိပ်မကြာခင်မှာ ပြန်ကစားနိုင်မယ့်သူလို့လည်း ယုံကြည်ပါတယ်” လို့ပြောသွားပါတယ်။

Photo-Internet

Zawgyi

၂၀၁၉ အတြင္း ၆ ႀကိမ္ေျမာက္ဒဏ္ရာရရွိခဲ့တဲ႔ ဒမ္ဘီလီ

ဘာစီလိုနာအသင္းက ေဒါ့မန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီဟာ ဒဏ္ရာရရွိၿပီး လူစားလဲခံခဲ႔ရတယ္လို႔ သိရပါတယ္။ ဒါဟာ သူ႔အတြက္ ၂၀၁၉ အတြင္းမွာ ၆ ႀကိမ္ေျမာက္ျဖစ္လို႔ သူ႔ရဲ႕ႀကံခိုင္မႈပိုင္းဟာ လည္းပိုၿပီးေတာ႔ စိုးရိမ္စရာျဖစ္လာရတယ္လို႔ ဆိုၾကပါတယ္။

သူဟာ ဒီပြဲမွာ ပထမပိုင္းကတည္းက ဒဏ္ရာရခဲ့တာျဖစ္ၿပီး ၂၆ မိနစ္မွာ ဂရစ္ဇ္မန္းနဲ႔လူစားလဲခံခဲ့ရပါတယ္။ ဒီပြဲမွာ ဒမ္ဘီလီဟာ ဆာဂ်ီေရာဘတ္တိုရဲ႕ျဖတ္တင္ေဘာေပးပို႔မႈကို လိုက္ရင္းနဲ႔ လဲက်ခဲ့တာျဖစ္ပါတယ္။ သူ႔ကိုေဆးအဖြဲ႔က ကုသေပးခဲ့ၿပီးေနာက္ ဒဏ္ရာကဆက္မကစားႏိုင္ေတာ႔ဘူးလို႔ အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ႔ ဒမ္ဘီလီဟာ ဒဏ္ရာနဲ႔ပတ္သက္လာရင္ကံမေကာင္းဘဲ အခုဒဏ္ရာလည္းအေျခအေနဆိုးရြားဖြယ္ရွိေနလို႔ လနဲ႔ခ်ီအနားယူရဖို႔ရွိေနၿပီး တနဂၤေႏြေန႔မွာ အက္သလက္တီကိုနဲ႔ ကစားမယ္႔ပြဲအျပင္ လာမယ္႔ဒီဇင္ဘာ ၁၈ မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားမယ္႔ El Clasico ပြဲကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

သူ႔ဒဏ္ရာကို အေသးစိတ္စစ္ေဆးရဦးမွာျဖစ္ေပမယ္႔ ကစားေဖာ္ျဖစ္တဲ႔ ဆြာရက္ဇ္ကေတာ႔ ဒမ္ဘီလီေရာ ကလပ္ရဲ႕ေဆးအဖြဲ႔ပါ ဒီျပင္သစ္သားရဲ႕ဒဏ္ရာမၾကာခဏရမႈကို အျမန္ဆုံးအေျဖရွာဖို႔ တိုက္တြန္းလိုက္ပါတယ္။ ေပါင္ၾကြက္သားးဒဏ္ရာဟာ ဒမ္ဘီလီအတြက္ ဒီႏွစ္ထဲမွာ ၆ ႀကိမ္ေျမာက္ျဖစ္ပါတယ္။

ဆြာရက္ဇ္က”ဒမ္ဘီလီေရာ ဆရာ၀န္ေတြပါ ဒဏ္ရာျပႆ     နာအတြက္အေျဖရွာဖို႔ႀကိဳး စားရေတာ႔မွာပါ။ သူဟာျပန္ေကာင္းလာၿပီးတိုင္း ဘာေၾကာင့္ဒဏ္ရာထပ္ရေနသလဲဆိုတာကို ရွာေဖြဖို႔လိုပါတယ္။ ဒမ္ဘီလီဟာသိပ္မၾကာခင္မွာ ျပန္ကစားႏိုင္မယ္႔သူလို႔လည္း ယုံၾကည္ပါတယ္” လို႔ေျပာသြားပါတယ္။