၂၀၁၉ အတွင်း ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲ ပေးဂိုးမဲ့ပွဲအများဆုံးဂိုးသမားက အိုဘလက်

photo-gettyimages

photo-gettyimages

ဂိုးသမားအိုဘလက်ဟာ အက်သလက်တီကိုနဲ့အတူ နောက်ထပ်အထင်ကြီးဖွယ်နှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပေးဂိုးမဲ့ပွဲအရေအတွက်မှာတော့ သူဟာ ၂၀၁၉ အတွင်းမှာ ပြိုင်ဘက်ကင်းဖြစ်ခဲ့တာပါ။ အဲဒီဆလိုဗေးနီးယားဂိုးသမားဟာ အက်သလက်တီကိုခံစစ်ရဲ့အဓိကဒေါက်တိုင်လည်း ဖြစ်နေတာပါ။

photo-gettyimages

၂၀၁၉ အတွင်းမှာ အိုဘလက်ဟာ အက်သလက်တီကိုအသင်းဖော်တွေရဲ့အကူအညီနဲ့အတူ သူ့ရဲ့လက်စွမ်းကြောင့်လည်း ကစားခဲ့တဲ့ ၄၆ ပွဲမှာ ၂၅ ပွဲပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၅၄.၃ ရှိခဲ့တာပါ။ သူနဲ့အနီးစပ်ဆုံးဖြစ်တဲ့ တစ်ဦးတည်းသောဂိုးသမားကလည်း လာလီဂါကပဲဖြစ်ပြီး ဘာစီလိုနာဂိုးသမားတာစတီဂန်ဖြစ်ကာ ဒီတစ်နှစ်လုံးကစားခဲ့တဲ့ ၄၉ ပွဲမှာ ၂၂ ပွဲ ပေးဂိုးမရှိခဲ့တာပါ။ အဲဒါဟာ ရာခိုင်နှုန်းအားဖြင့် ၄၄.၉ ပါ။ ရာခိုင်နှုန်းအားဖြင့် သူ့ကိုစိန်ခေါ်နိုင်တာက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်ကနေ ပီအက်စ်ဂျီကိုပြောင်းသွားတဲ့ ဂိုးသမားကေလာနာဗက်စ်ဖြစ်ပြီး ကစားခဲ့တဲ့ ၃၁ ပွဲမှာ ၁၆ ပွဲပေးဂိုးမရှိခဲ့တာပါ။

photo-gettyimages

၂၀၁၈ တုန်းကလည်း အိုဘလက်ဟာ ကစားခဲ့တဲ့ ပွဲ ၅၀ မှာ ၂၇ ပွဲပေးဂိုးမရှိခဲ့ဘဲ ၅၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ သူဟာ ၂၀၁၄ နွေရာသီမှာ အဲဒီမက်ဒရစ်ကလပ်ကိုရောက်လာပြီးကတည်းက ကစားခဲ့တဲ့ စုစုပေါင်း ၂၃၂ ပွဲမှာ ၁၂၈ ပွဲပေးဂိုးမရှိခဲ့ကာ မယုံနိုင်စရာ ၅၅.၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အိုဘလက်ဟာ လက်ရှိကမ္ဘာ့အကောင်းဂိုးသမားတွေထဲက တစ်ယောက်ဖြစ်နေတာပါ။

[Zawgyi]

၂၀၁၉ အတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲ ေပးဂိုးမဲ့ပြဲအမ်ားဆုံးဂိုးသမားက အုိဘလက္

ဂိုးသမားအိုဘလက္ဟာ အက္သလက္တီကိုနဲ႔အတူ ေနာက္ထပ္အထင္ႀကီးဖြယ္ႏွစ္တစ္ႏွစ္ကို ျဖတ္သန္းႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ေပးဂိုးမဲ့ပဲြအေရအတြက္မွာေတာ့ သူဟာ ၂၀၁၉ အတြင္းမွာ ၿပိဳင္ဘက္ကင္းျဖစ္ခဲ့တာပါ။ အဲဒီဆလိုေဗးနီးယားဂိုးသမားဟာ အက္သလက္တီကိုခံစစ္ရဲ႕အဓိကေဒါက္တိုင္လည္း ျဖစ္ေနတာပါ။

၂၀၁၉ အတြင္းမွာ အိုဘလက္ဟာ အက္သလက္တီကိုအသင္းေဖာ္ေတြရဲ႕အကူအညီနဲ႔အတူ သူ႔ရဲ႕လက္စြမး္ေၾကာင့္လည္း ကစားခဲ့တဲ့ ၄၆ ပြဲမွာ ၂၅ ပြဲေပးဂုိးမရွိကစားႏိုင္ခဲ့ပါတယ္။ ရာခုိင္ႏႈန္းအားျဖင့္ ၅၄.၃ ရွိခဲ့တာပါ။ သူနဲ႔အနီးစပ္ဆုံးျဖစ္တဲ့ တစ္ဦးတည္းေသာဂိုးသမားကလည္း လာလီဂါကပဲျဖစ္ၿပီး ဘာစီလိုနာဂိုးသမားတာစတီဂန္ျဖစ္ကာ ဒီတစ္ႏွစ္လုံးကစားခဲ့တဲ့ ၄၉ ပြဲမွာ ၂၂ ပြဲ ေပးဂိုးမရွိခဲ့တာပါ။ အဲဒါဟာ ရာခိုင္ႏႈန္းအားျဖင့္ ၄၄.၉ ပါ။ ရာခိုင္ႏႈန္းအားျဖင့္ သူ႔ကုိစိန္ေခၚႏိုင္တာက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲလ္ကေန ပီအက္စ္ဂ်ီကိုေျပာင္းသြားတဲ့ ဂိုးသမားေကလာနာဗက္စ္ျဖစ္ၿပီး ကစားခဲ့တဲ့ ၃၁ ပြဲမွာ ၁၆ ပြဲေပးဂိုးမရွိခဲ့တာပါ။

၂၀၁၈ တုနး္ကလည္း အုိဘလက္ဟာ ကစားခဲ့တဲ့ ပြဲ ၅၀ မွာ ၂၇ ပြဲေပးဂိုးမရွိခဲ့ဘဲ ၅၄ ရာခုိင္ႏႈန္းရွိခဲ့ပါတယ္။ သူဟာ ၂၀၁၄ ေႏြရာသီမွာ အဲဒီမက္ဒရစ္ကလပ္ကိုေရာက္လာၿပီးကတည္းက ကစားခဲ့တဲ့ စုစုေပါင္း ၂၃၂ ပြဲမွာ ၁၂၈ ပြဲေပးဂိုးမရွိခဲ့ကာ မယုံႏိုင္စရာ ၅၅.၂ ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း အုိဘလက္ဟာ လက္ရွိကမာၻ႔အေကာင္းဂိုးသမားေတြထဲက တစ္ေယာက္ျဖစ္ေနတာပါ။