၂၀၁၉ အတွင်း သွင်းဂိုးနဲ့ဂိုးဖန်တီးမှု စုစုပေါင်း အရေအတွက်မှာ မက်ဆီထက်ပိုများတဲ့ စတာလင်း

photo-givemesport

photo-gettyimages

ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် စတာလင်းရဲ့တိုးတက်ပြောင်းလဲလာမှုဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ အကောင်းဆုံးအောင်မြင်မှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါပြီ။ မန်စီးတီးကို အဲဒီစပိန်သားနည်းပြရောက်လာတုန်းက စတာလင်းဟာ ကျောက်ရိုင်းတုံးအဆင့်သာရှိသေးတဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်ပြီး ပုံမှန်တောင် အဆုံးမသတ်နိုင်သူဖြစ်ပါတယ်။ အခုတော့ အသက် ၂၄ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ ကမ္ဘာပေါ်က အကောင်းဆုံးအဆုံးသတ်သမားတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။

photo-gettyimages

သူဟာ မန်စီးတီးမှာရော အင်္ဂလန်မှာပါ အရေးပါတဲ့ဂိုးသွင်းရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်း ပြည်တွင်းဖလား ၃ လုံးအောင်မြင်မှုရခဲ့တော့ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ကွင်းအတွင်းစွမ်းဆောင်နိုင်မှုဟာ ကြောက်စရာတောင်ကောင်းလာခဲ့ပါတယ်။ ၂၀၁၉ အတွင်းမှာ စတာလင်းဟာ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း ၅၃ ကြိမ်ရှိခဲ့ပြီး ဥရောပက ဘယ်ကစားထက်မဆို ပိုပါတယ်။ အဲဒီထဲမှာ မက်ဆီလည်း ပါဝင်တာပါ။

photo-gettyimages

မက်ဆီဟာ ပြီးခဲ့တဲ့အင်္ဂါည ဗယ်လာဒိုးလစ်နဲ့ပွဲမှာ ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒါတောင်မှ ဒီတစ်နှစ်လုံးမှာ မက်ဆီရဲ့သွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်းဟာ ၅၁ ကြိမ်ရှိပြီး စတာလင်းထက် ၂ ကြိမ်ပိုနည်းပါတယ်။ ဒါကြောင့်လည်း စတာလင်းဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ၅ ယောက်ထဲက တစ်ယောက်ပါဆိုတဲ့ အသံတွေထွက်လာခဲ့တာပေါ့။

၂၀၁၉ အတွင်း သွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း အများဆုံးသူများ

စတာလင်း – ၅၃

မက်ဆီ – ၅၁

လီဝန်ဒေါစကီး – ၄၇

အမ်ဘက်ပီ – ၄၃

အဂူရို – ၄၁

စီရော်နယ်ဒို – ၃၂

[Zawgyi]

၂၀၁၉ အတြင္း သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈစုစုေပါင္းအေရအတြက္မွာ မက္ဆီထက္ပိုမ်ားတဲ့ စတာလင္း

ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္ စတာလင္းရဲ႕တုိးတက္ေျပာင္းလဲလာမႈဟာ ဂြါဒီယိုလာရဲ႕နည္းျပဘ၀မွာ အေကာင္းဆုံးေအာင္ျမင္မႈေတြထဲက တစ္ခုျဖစ္လာခဲ့ပါၿပီ။ မန္စီးတီးကို အဲဒီစပိန္သားနည္းျပေရာက္လာတုန္းက စတာလင္းဟာ ေက်ာက္ရုိင္းတုံးအဆင့္သာရွိေသးတဲ့ ေတာင္ပံကစားသမားတစ္ေယာက္ျဖစ္ၿပီး ပုံမွန္ေတာင္ အဆုံးမသတ္ႏိုင္သူျဖစ္ပါတယ္။ အခုေတာ့ အသက္ ၂၄ ႏွစ္အရြယ္ အဲဒီအဂၤလန္သားဟာ ကမာၻေပၚက အေကာင္းဆုံးအဆုံးသတ္သမားေတြထဲက တစ္ေယာက္ျဖစ္ေနပါၿပီ။

သူဟာ မန္စီးတီးမွာေရာ အဂၤလန္မွာပါ အေရးပါတဲ့ဂိုးသြင္းရွင္တစ္ေယာက္ျဖစ္လာခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ မန္စီးတီးအသင္း ျပည္တြင္းဖလား ၃ လုံးေအာင္ျမင္မႈရခဲ့ေတာ့ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ကူညီေပးႏိုင္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ သူ႔ရဲ႕ကြင္းအတြင္းစြမး္ေဆာင္ႏုိင္မႈဟာ ေၾကာက္စရာေတာင္ေကာင္းလာခဲ့ပါတယ္။ ၂၀၁၉ အတြင္းမွာ စတာလင္းဟာ သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈစုစုေပါင္း ၅၃ ႀကိမ္ရွိခဲ့ၿပီး ဥေရာပက ဘယ္ကစားထက္မဆုိ ပိုပါတယ္။ အဲဒီထဲမွာ မက္ဆီလည္း ပါ၀င္တာပါ။

မက္ဆီဟာ ၿပီးခဲ့တဲ့အဂၤါည ဗယ္လာဒိုးလစ္နဲ႔ပြဲမွာ ၂ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ အဲဒါေတာင္မွ ဒီတစ္ႏွစ္လုံးမွာ မက္ဆီရဲ႕သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈစုစုေပါင္းဟာ ၅၁ ႀကိမ္ရွိၿပီး စတာလင္းထက္ ၂ ႀကိမ္ပိုနည္းပါတယ္။ ဒါေၾကာင့္လည္း စတာလင္းဟာ လက္ရွိကမာၻ႔အေကာင္းဆုံး ၅ ေယာက္ထဲက တစ္ေယာက္ပါဆုိတဲ့ အသံေတြထြက္လာခဲ့တာေပါ့။

၂၀၁၉ အတြင္း သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈစုစုေပါင္း အမ်ားဆုံးသူမ်ား

စတာလင္း – ၅၃

မက္ဆီ – ၅၁

လီ၀န္ေဒါစကီး – ၄၇

အမ္ဘက္ပီ – ၄၃

အဂူရို – ၄၁

စီေရာ္နယ္ဒို – ၃၂