၂၀၁၉ ရဲ့ဂိုးအများဆုံးစာရင်းမှာ မက်ဆီဒုတိယချိတ်ပေမယ့် ရော်နယ်ဒိုထိပ်ဆုံး ၁၀ဦးထဲမပါ

photo-express

photo-gettyimages

ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးလီဝန်ဒေါစကီးဟာ ၂၀၁၉ အတွင်း ထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဂိုးအများဆုံးသွင်းသူဖြစ်နေပြီး မက်ဆီ၊အမ်ဘက်ပီနဲ့စီရော်နယ်ဒိုတို့လိုကစားသမားတွေကိုကျော်ဖြတ်နိုင်ခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ် အဲဒီပိုလန်သားတိုက်စစ်မှုးဟာ ဒီနှစ်ထဲမှာ စုစုပေါင်း ၃၃ ဂိုးသွင်းပေးထားတာဖြစ်ပြီး ၈၉ မိနစ်ကို တစ်ဂိုးနှုန်းသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒုတိယနေရာက မက်ဆီထက် ၂ ဂိုးသာထားတာပါ။

photo-gettyimages

ဒဏ်ရာပြသနာကြောင့် ဒီရာသီအစပိုင်းမှာ သိပ်မကစားနိုင်ဖြစ်ခဲ့ရတဲ့မက်ဆီကတော့ ဆီဗီလာနဲ့ပွဲက ဖရီးကစ်သွင်းဂိုးကြောင့် အခုနှစ်ထဲက ၃၅ ပွဲမှာ သူ့အတွက် ၃၁ ဂိုးမြောက်ဖြစ်လာခဲ့ပါတယ်။ မက်ဆီနဲ့တစ်နိုင်ငံတည်းသား အဂူရိုကတော့ တတိယနေရာမှာရပ်တည်နေပြီး ဒီပြက္ခဒိန်နှစ်အတွင်းမှာ သူဟာ ၂၆ ဂိုးသွင်းနိုင်ခဲ့တာပါ။ အဂူရိုပြီးရင် ဂိုးအများဆုံးသွင်းထားတာက ရီးရဲလ်တိုက်စစ်မှုးဘင်ဇီမာဖြစ်ပြီး ၂၅ ဂိုးရှိပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီနဲ့ အာဆင်နယ်တိုက်စစ်မှုးအူဘာမီယန်တို့ဟာ ဒီနှ်စ်ထဲမှာ ၂၄ ဂိုးစီသွင်းထားကြပါတယ်။ အတ္တလန္တာက ဇာပါတာ၊ လီဗာပူးက မာနီ၊ မန်စီးတီးက စတာလင်းနဲ့ မိုနာကိုရောက် ဘင်ယက်ဒါတို့ဟာလည်း ဂိုးသွင်းစက်စာရင်းထဲမှာ ထိပ်ဆုံး ၁၀ ဦးဝင်ကြပါတယ်။

photo-gettyimages

စီရော်နယ်ဒိုကတော့ ၃၃ နှစ်အရွယ်မှာ ဂိုးသွင်းခြေစွမ်းမပျောက်ဆုံးသေးပေမယ့် ဒီစာရင်းထဲမှာတော့ ထိပ်ဆုံး ၁၀ ဦးထဲမဝင်နိုင်တဲ့အပြင် အဆင့် ၁၆ ကိုတောင် ရောက်နေပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၉ အတွင်းမှာ စုစုပေါင်း ၁၆ ဂိုးသာ သွင်းနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း မက်ဆီသွင်းထားတဲ့ဂိုးအရေအတွက်ရဲ့တစ်ဝက်လောက်ပဲရှိနေတာ ဖြစ်ပါတယ်။

[Zawgyi]

၂၀၁၉ ရဲ႕ဂိုးအမ်ားဆုံးစာရင္းမွာ မက္ဆီဒုတိယခ်ိတ္ေပမယ့္ ေရာ္နယ္ဒိုထိပ္ဆုံး ၁၀ဦးထဲမပါ

ဘုိင္ယန္ျမဴးနစ္တုိက္စစ္မႈးလီ၀န္ေဒါစကီးဟာ ၂၀၁၉ အတြင္း ထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ေနၿပီး မက္ဆီ၊အမ္ဘက္ပီနဲ႔စီေရာ္နယ္ဒိုတုိ႔လိုကစားသမားေတြကိုေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ အသက္ ၃၁ ႏွစ္အရြယ္ အဲဒီပိုလန္သားတုိက္စစ္မႈးဟာ ဒီႏွစ္ထဲမွာ စုစုေပါင္း ၃၃ ဂိုးသြင္းေပးထားတာျဖစ္ၿပီး ၈၉ မိနစ္ကို တစ္ဂိုးႏႈန္းသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဒုတိယေနရာက မက္ဆီထက္ ၂ ဂိုးသာထားတာပါ။

ဒဏ္ရာျပသနာေၾကာင့္ ဒီရာသီအစပိုင္းမွာ သိပ္မကစားႏိုင္ျဖစ္ခဲ့ရတဲ့မက္ဆီကေတာ့ ဆီဗီလာနဲ႔ပြဲက ဖရီးကစ္သြင္းဂိုးေၾကာင့္ အခုႏွစ္ထဲက ၃၅ ပြဲမွာ သူ႔အတြက္ ၃၁ ဂိုးေျမာက္ျဖစ္လာခဲ့ပါတယ္။ မက္ဆီနဲ႔တစ္ႏိုင္ငံတည္းသား အဂူရိုကေတာ့ တတိယေနရာမွာရပ္တည္ေနၿပီး ဒီျပကၡဒိန္ႏွစ္အတြင္းမွာ သူဟာ ၂၆ ဂိုးသြငး္ႏုိင္ခဲ့တာပါ။ အဂူရိုၿပီးရင္ ဂိုးအမ်ားဆုံးသြင္းထားတာက ရီးရဲလ္တိုက္စစ္မႈးဘင္ဇီမာျဖစ္ၿပီး ၂၅ ဂိုးရွိပါတယ္။ ဒါ့အျပင္ ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီနဲ႔ အာဆင္နယ္တုိက္စစ္မႈးအူဘာမီယန္တို႔ဟာ ဒီႏွ္စ္ထဲမွာ ၂၄ ဂုိးစီသြင္းထားၾကပါတယ္။ အတၱလႏၱာက ဇာပါတာ၊ လီဗာပူးက မာနီ၊ မန္စီးတီးက စတာလင္းနဲ႔ မိုနာကိုေရာက္ ဘင္ယက္ဒါတို႔ဟာလည္း ဂိုးသြင္းစက္စာရင္းထဲမွာ ထိပ္ဆုံး ၁၀ ဦး၀င္ၾကပါတယ္။

စီေရာ္နယ္ဒိုကေတာ့ ၃၃ ႏွစ္အရြယ္မွာ ဂိုးသြင္းေျခစြမ္းမေပ်ာက္ဆုံးေသးေပမယ့္ ဒီစာရင္းထဲမွာေတာ့ ထိပ္ဆုံး ၁၀ ဦးထဲမ၀င္ႏိုင္တဲ့အျပင္ အဆင့္ ၁၆ ကိုေတာင္ ေရာက္ေနပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၁၉ အတြငး္မွာ စုစုေပါင္း ၁၆ ဂိုးသာ သြင္းႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း မက္ဆီသြင္းထားတဲ့ဂိုးအေရအတြက္ရဲ႕တစ္၀က္ေလာက္ပဲရွိေနတာ ျဖစ္ပါတယ္။