၂၀၁၈ ဗိုလ္လုပြဲတစ္ေက်ာ့ျပန္၊ ခ်ဲလ္ဆီး Vs ေဒါ့မြန္၊ ေတာ့တင္ဟမ္နဲ႔မရဏအုပ္စု…ကြန္ျပဴတာနဲ႔တြက္ခ်က္ထားတဲ့ခ်န္ပီယံလိဂ္အုပ္စုမဲခြဲပြဲ

Photo Credit

Photo Credit

ရင္ခုန္စရာအေကာင္းဆုံးခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲေတြက စက္တင္ဘာလအတြင္း စတင္ကစားေတာ့မွာျဖစ္ၿပီး ၾကာသပေတးေန႔မွာ အုပ္စုမဲခြဲပြဲက်င္းပျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ မိုနာကိုမွာက်င္းပျပဳလုပ္မယ့္ ခ်န္ပီယံလိဂ္မဲခြဲပြဲမတိုင္ခင္ Daily Star သတင္းစာက ကြန္ျပဴတာစက္နဲ႔တြက္ခ်က္ကာ အုပ္စုေတြကို ခြဲျခမ္းေဖာ္ျပခဲ့ပါတယ္။

Photo Credit

အသင္းေပါင္း ၃၂သင္းက ဘယ္အုပ္စုမွာ ပါ၀င္မလဲဆုိတာ မနက္ျဖန္ညမွာ အတိအက်ထြက္ေပၚလာေတာ့မွာျဖစ္ၿပီး လက္ရိွခ်န္ပီယံကေတာ့ လီဗာပူးအသင္းျဖစ္ကာ ယမန္ႏွစ္ဗိုလ္လုပဲြမွာ ျပည္တြင္းၿပိဳင္ဘက္ ေတာ့တင္ဟမ္ကို ၂-၀ ဂိုးနဲ႔အႏိုင္ယူကာ ၆ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဆုဖလားရယူႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

အဲဒီအတြက္ေၾကာင့္ပဲ ေတာ့တင္ဟမ္အသင္းဟာ မဲအုိး ၂အတြင္း က်ေရာက္ေနရာ မရဏအုပ္စုအတြင္း က်ေရာက္ႏိုင္ဖို႔ အေျခအေနရွိေနၿပီး ႏိုင္ငံတူအသင္းေတြကေတာ့ တစ္အုပ္စုတည္းက်ေရာက္မွာမဟုတ္ဘဲ Daily Star က စက္နဲ႔ခန္႔မွန္းတြက္ခ်က္ထားတဲ့အုပ္စုေတြကို ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit 

အဲဒီအတိုင္းျဖစ္လာရင္ေတာ့ ေတာ့တင္ဟမ္ပရိသတ္ေတြက အသင္းေကာင္းျဖစ္လာမွာမဟုတ္ဘဲ ဘုိင္ယန္ျမဴးနစ္၊ အင္တာမီလန္၊ လိုင္လီတုိ႔နဲ႔ မရဏအုပ္စုအတြင္း က်ေရာက္ေနပါတယ္။ ဒါေပမဲ့ ကြာတားဖုိင္နယ္အဆင့္မွာ ေတာ့တင္ဟမ္ရဲ႕ေက်ာ္ျဖတ္ျခင္းခံခဲ့ရတဲ့ မန္စီးတီးအတြက္ေတာ့ ဒီထက္ပိုေကာင္းတဲ့အုပ္စုမရွိႏိုင္တဲ့အေျခအေနျဖစ္ပါတယ္။

Photo Credit

စီးတီးဟာ ကြန္ျပဴတာရဲ႕တြက္ခ်က္မႈအရ ယမန္ႏွစ္ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္ေရာက္ ေအဂ်က္စ္၊ ဘယ္လ္ဂ်ီယံအမွတ္ေပးခ်န္ပီယံ ဂ်န္႔၊ ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္တုိ႔နဲ႔ က်ေရာက္ေနၿပီး လက္ရွိခ်န္ပီယံ လီဗာပူးက အုပ္စု B မွာ အုပ္စုပထမေနရာအတြက္ ခ်န္ပီယံေဟာင္း ရီးရဲလ္နဲ႔ အားၿပိဳင္ရမွာျဖစ္ၿပီး အတၱလႏၱာ၊ အိုလံပီယာကို႔စ္တုိ႔နဲ႔လည္း အားၿပိဳင္ရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

ခ်ဲလ္ဆီးကေတာ့ ေတာင္ပံကစားသမား ပူလီဆစ္အတြက္ အသင္းေဟာင္းနဲ႔ေတြ႕ဆုံမႈအျဖစ္ အုပ္စု D မွာ ေဒါ့မြန္နဲ႔ တစ္အုပ္စုတည္းက်ေရာက္မွာျဖစ္ၿပီး ခန္႔မွန္းရခက္တဲ့အေ၀းကြင္းအားၿပိဳင္မႈအျဖစ္ လုိကိုမိုတစ္ေမာ္စကို၊ ကစားအားေကာင္းတဲ့ ဆဲလ္ဘတ္တုိ႔နဲ႔ ဆက္လက္ကစားရမွာျဖစ္ပါတယ္။ အုပ္စု C မွာေတာ့ ဂ်ဴဗင္တပ္စ္နဲ႔ အက္သလက္တီကိုတုိ႔ အုပ္စုဗိုလ္လုရဖို႔မ်ားေနၿပီး ဆလားဗီးယားနဲ႔ ဒုိင္နမိုဇာဂရက္တုိ႔ကိုေတာ့ အလြယ္တကူေက်ာ္ျဖတ္ႏိုင္ဖုိ႔ရွိပါတယ္။

Photo Credit ; AP

မက္ဆီဦးေဆာင္တဲ့ ဘာစီလုိနာက အုပ္စု H မွာ နာပိုလီ၊ လီယြန္၊ ယန္းဘိြဳင္းစ္တို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး အုပ္စု A မွာ ပီအက္စ္ဂ်ီက အုပ္စုပထမရဖုိ႔ ေသခ်ာသေလာက္ရွိေနေပမယ့္ အုပ္စု F ကေတာ့ ခန္႔မွန္းရခက္လာႏိုင္ပါတယ္။
အဲဒီအုပ္စုမွာ ဇင္းနစ္၊ ဘင္ဖီကာ၊ ဗလန္စီယာနဲ႔ ဂါလာတာစာေရးတို႔ ပါ၀င္ေနၿပီး တကယ့္အုပ္စုအဆင့္ေတြကိုေတာ့ မနက္ျဖန္ညမွာ အားလုံးပဲ ရင္ခုန္ေစာင့္ေမွ်ာ္လိုက္ၾကရေအာင္။

Photo Credit

Unicode

၂၀၁၈ ဗိုလ်လုပွဲတစ်ကျော့ပြန်၊ ချဲလ်ဆီး Vs ဒေါ့မွန်၊ တော့တင်ဟမ်နဲ့မရဏအုပ်စု…ကွန်ပြူတာနဲ့တွက်ချက်ထားတဲ့ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲ

ရင်ခုန်စရာအကောင်းဆုံးချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲတွေက စက်တင်ဘာလအတွင်း စတင်ကစားတော့မှာဖြစ်ပြီး ကြာသပတေးနေ့မှာ အုပ်စုမဲခွဲပွဲကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ မိုနာကိုမှာကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ်မဲခွဲပွဲမတိုင်ခင် Daily Star သတင်းစာက ကွန်ပြူတာစက်နဲ့တွက်ချက်ကာ အုပ်စုတွေကို ခွဲခြမ်းဖော်ပြခဲ့ပါတယ်။
အသင်းပေါင်း ၃၂သင်းက ဘယ်အုပ်စုမှာ ပါဝင်မလဲဆိုတာ မနက်ဖြန်ညမှာ အတိအကျထွက်ပေါ်လာတော့မှာဖြစ်ပြီး လက်ရှိချန်ပီယံကတော့ လီဗာပူးအသင်းဖြစ်ကာ ယမန်နှစ်ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် တော့တင်ဟမ်ကို ၂-၀ ဂိုးနဲ့အနိုင်ယူကာ ၆ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့ပါတယ်။
အဲဒီအတွက်ကြောင့်ပဲ တော့တင်ဟမ်အသင်းဟာ မဲအိုး ၂အတွင်း ကျရောက်နေရာ မရဏအုပ်စုအတွင်း ကျရောက်နိုင်ဖို့ အခြေအနေရှိနေပြီး နိုင်ငံတူအသင်းတွေကတော့ တစ်အုပ်စုတည်းကျရောက်မှာမဟုတ်ဘဲ Daily Star က စက်နဲ့ခန့်မှန်းတွက်ချက်ထားတဲ့အုပ်စုတွေကို ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီအတိုင်းဖြစ်လာရင်တော့ တော့တင်ဟမ်ပရိသတ်တွေက အသင်းကောင်းဖြစ်လာမှာမဟုတ်ဘဲ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ လိုင်လီတို့နဲ့ မရဏအုပ်စုအတွင်း ကျရောက်နေပါတယ်။ ဒါပေမဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တော့တင်ဟမ်ရဲ့ကျော်ဖြတ်ခြင်းခံခဲ့ရတဲ့ မန်စီးတီးအတွက်တော့ ဒီထက်ပိုကောင်းတဲ့အုပ်စုမရှိနိုင်တဲ့အခြေအနေဖြစ်ပါတယ်။
စီးတီးဟာ ကွန်ပြူတာရဲ့တွက်ချက်မှုအရ ယမန်နှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက် အေဂျက်စ်၊ ဘယ်လ်ဂျီယံအမှတ်ပေးချန်ပီယံ ဂျန့်၊ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်တို့နဲ့ ကျရောက်နေပြီး လက်ရှိချန်ပီယံ လီဗာပူးက အုပ်စု B မှာ အုပ်စုပထမနေရာအတွက် ချန်ပီယံဟောင်း ရီးရဲလ်နဲ့ အားပြိုင်ရမှာဖြစ်ပြီး အတ္တလန္တာ၊ အိုလံပီယာကို့စ်တို့နဲ့လည်း အားပြိုင်ရမှာဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ တောင်ပံကစားသမား ပူလီဆစ်အတွက် အသင်းဟောင်းနဲ့တွေ့ဆုံမှုအဖြစ် အုပ်စု D မှာ ဒေါ့မွန်နဲ့ တစ်အုပ်စုတည်းကျရောက်မှာဖြစ်ပြီး ခန့်မှန်းရခက်တဲ့အဝေးကွင်းအားပြိုင်မှုအဖြစ် လိုကိုမိုတစ်မော်စကို၊ ကစားအားကောင်းတဲ့ ဆဲလ်ဘတ်တို့နဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။ အုပ်စု C မှာတော့ ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကိုတို့ အုပ်စုဗိုလ်လုရဖို့များနေပြီး ဆလားဗီးယားနဲ့ ဒိုင်နမိုဇာဂရက်တို့ကိုတော့ အလွယ်တကူကျော်ဖြတ်နိုင်ဖို့ရှိပါတယ်။
မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာက အုပ်စု H မှာ နာပိုလီ၊ လီယွန်၊ ယန်းဘွိုင်းစ်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စု A မှာ ပီအက်စ်ဂျီက အုပ်စုပထမရဖို့ သေချာသလောက်ရှိနေပေမယ့် အုပ်စု F ကတော့ ခန့်မှန်းရခက်လာနိုင်ပါတယ်။
အဲဒီအုပ်စုမှာ ဇင်းနစ်၊ ဘင်ဖီကာ၊ ဗလန်စီယာနဲ့ ဂါလာတာစာရေးတို့ ပါဝင်နေပြီး တကယ့်အုပ်စုအဆင့်တွေကိုတော့ မနက်ဖြန်ညမှာ အားလုံးပဲ ရင်ခုန်စောင့်မျှော်လိုက်ကြရအောင်။