
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့အိုင်ယာလန်ပွဲမှာ ပေါ်တူဂီအသင်းက နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့ နောက်ကျဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အိုင်ယာလန်အသင်းအတွက် ပထမပိုင်းပြီးခါနီးမှာ မက်ဂရက်ရဲ့ပေးပို့မှုကနေ ဂျွန်အီဂန်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးခါနီးအထိ ဦးဆောင်နိုင်ခဲ့ပေမယ့် (၈၉)မိနစ်မှာ စီရော်နယ်လ်ဒိုက အရေးပါတဲ့ချေပဂိုးသွင်းယူခဲ့သလို ဒါဟာ သူ့ရဲ့နိုင်ငံတကာသွင်းဂိုး(၁၁၀)ပြည့်ဂိုးဖြစ်ခဲ့တာကြောင့်
အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီးတော့ ဘောလုံးသမိုင်းတစ်လျောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကိုလည်း စီရော်နယ်လ်ဒိုကပဲ နာကျင်အချိန်ပို(၉၆)မိနစ်မှာ မာရီယိုရဲ့ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က (၁၁၁)ဂိုးအထိရှိလာပါပြီ။
စီရော်နယ်လ်ဒိုဟာ ပွဲအစ(၁၅)မိနစ်ကတည်းက အလီဒါယီရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့် သူ့ရဲ့ပယ်နယ်တီကို အိုင်ယာလန်အသင်းဆယ်ကျော်သက်ဂိုးသမား ဂါဗင်ဘာဇူနူက ကာကွယ်နိုင်ခဲ့လို့
စောစောစီးစီးကတည်းက နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်မယ့်အခြေအနေကို လက်လွှတ်ခဲ့ရတာပါ။
အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဘာဇူနူဟာ မန်စီးတီးအသင်းလူငယ်ဂိုးသမားတစ်ဦးဖြစ်ပြီး အခုလောလောဆယ် ပို့စ်မောက်အသင်းမှာ အငှားနဲ့သွားရောက်ကစားနေတာဖြစ်ပါတယ်။
အခုဆိုရင် ဘာဇူနူဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း စီရော်နယ်လ်ဒို ပထမဆုံးအကြိမ် ပယ်နယ်တီလွဲချော်အောင်စွမ်းဆောင်ခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။
စီရော်နယ်လ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဖြစ် အီရန်နဲ့ကစားခဲ့တဲ့ပွဲမှာ သူ့ပယ်နယ်တီကို ဂိုးသမားဘီရန်ဗန်ကာကွယ်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ပယ်နယ်တီ(၇)ကြိမ်ကန်သွင်းခဲ့တာမှာ ပထမဆုံးအကြိမ် ပယ်နယ်တီလွဲချော်ခဲ့တာလည်းဖြစ်ပါတယ်။
ဘာဇူနူအတွက် စီရော်နယ်လ်ဒိုရဲ့ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့လို့ ဂုဏ်ယူစရာဖြစ်ခဲ့ရပေမယ့် စီရော်နယ်လ်ဒိုရဲ့ဂိုးတွေကြောင့် အိုင်ယာလန်အသင်းရှုံးပွဲကြုံတွေ့ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ပြောရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၂၀၁၈ ခုႏွစ္ေနာက္ပိုင္း စီေရာ္နယ္လ္ဒို ပထမဆုံးအႀကိမ္ပယ္နယ္တီလြဲေခ်ာ္ေအာင္ စြမ္းေဆာင္ခဲ့တဲ့ အိုင္ယာလန္အသင္းရဲ႕မန္စီးတီးလူငယ္ဂိုးသမား
၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ေပၚတူဂီနဲ႔အိုင္ယာလန္ပြဲမွာ ေပၚတူဂီအသင္းက နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕ ေနာက္က်ဂိုးေတြနဲ႔အတူ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ အိုင္ယာလန္အသင္းအတြက္ ပထမပိုင္းၿပီးခါနီးမွာ မက္ဂရက္ရဲ႕ေပးပို႔မႈကေန ဂြၽန္အီဂန္က အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ပြဲၿပီးခါနီးအထိ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ (၈၉)မိနစ္မွာ စီေရာ္နယ္လ္ဒိုက အေရးပါတဲ့ေခ်ပဂိုးသြင္းယူခဲ့သလို ဒါဟာ သူ႔ရဲ႕ႏိုင္ငံတကာသြင္းဂိုး(၁၁၀)ျပည့္ဂိုးျဖစ္ခဲ့တာေၾကာင့္ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီကို ေက်ာ္ျဖတ္ၿပီးေတာ့ ေဘာလုံးသမိုင္းတစ္ေလ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
ေပၚတူဂီအသင္းအတြက္ အေရးပါတဲ့အႏိုင္ဂိုးကိုလည္း စီေရာ္နယ္လ္ဒိုကပဲ နာက်င္အခ်ိန္ပို(၉၆)မိနစ္မွာ မာရီယိုရဲ႕ေပးပို႔မႈကေန ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး အခုဆိုရင္ သူ႔ရဲ႕ႏိုင္ငံတကာသြင္းဂိုးအေရအတြက္က (၁၁၁)ဂိုးအထိရွိလာပါၿပီ။
စီေရာ္နယ္လ္ဒိုဟာ ပြဲအစ(၁၅)မိနစ္ကတည္းက အလီဒါယီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္မယ့္အခြင့္အေရးရခဲ့ေပမယ့္ သူ႔ရဲ႕ပယ္နယ္တီကို အိုင္ယာလန္အသင္းဆယ္ေက်ာ္သက္ဂိုးသမား ဂါဗင္ဘာဇူႏူက ကာကြယ္ႏိုင္ခဲ့လို႔ ေစာေစာစီးစီးကတည္းက ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္မယ့္အေျခအေနကို လက္လႊတ္ခဲ့ရတာပါ။ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘာဇူႏူဟာ မန္စီးတီးအသင္းလူငယ္ဂိုးသမားတစ္ဦးျဖစ္ၿပီး အခုေလာေလာဆယ္ ပို႔စ္ေမာက္အသင္းမွာ အငွားနဲ႔သြားေရာက္ကစားေနတာျဖစ္ပါတယ္။
အခုဆိုရင္ ဘာဇူႏူဟာ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း စီေရာ္နယ္လ္ဒို ပထမဆုံးအႀကိမ္ ပယ္နယ္တီလြဲေခ်ာ္ေအာင္စြမ္းေဆာင္ခဲ့သူအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါၿပီ။ စီေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ကမာၻ႔ဖလားအုပ္စုပြဲစဥ္အျဖစ္ အီရန္နဲ႔ကစားခဲ့တဲ့ပြဲမွာ သူ႔ပယ္နယ္တီကို ဂိုးသမားဘီရန္ဗန္ကာကြယ္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ပိုင္း ပယ္နယ္တီ(၇)ႀကိမ္ကန္သြင္းခဲ့တာမွာ ပထမဆုံးအႀကိမ္ ပယ္နယ္တီလြဲေခ်ာ္ခဲ့တာလည္းျဖစ္ပါတယ္။ ဘာဇူႏူအတြက္ စီေရာ္နယ္လ္ဒိုရဲ႕ပယ္နယ္တီကို ကာကြယ္ႏိုင္ခဲ့လို႔ ဂုဏ္ယူစရာျဖစ္ခဲ့ရေပမယ့္ စီေရာ္နယ္လ္ဒိုရဲ႕ဂိုးေတြေၾကာင့္ အိုင္ယာလန္အသင္းရႈံးပြဲႀကဳံေတြ႕ခဲ့ရလို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရတယ္လို႔ေျပာရမွာပါ။