၂၀၁၈ ကလိုမဖြစ်ဘဲ ခြေစစ်ပွဲအောင်မှာပါလို့ အီတလီနည်းပြမန်ချီနီပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကိုရောက်ရှိဖို့အတွက် play-off အဆင့်ကစားရတော့မှာဖြစ်ပေမယ့်ခြေစစ်ပွဲအောင်မှာပါလို့ နည်းပြမန်ချီနီက အာမခံစကားဆိုလိုက်ပါတယ်။

အီတလီဟာမနေ့ညက မြောက်အိုင်ယာလန်ကွင်းမှာဂိုးမရှိသရေကျခဲ့တဲ့အတွက် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခြင်းမရှိတော့ဘဲ play-off ကစားရမှာဖြစ်ပါတယ်။

ဒါဟာကမ္ဘာ့ဖလားကို နောက်ဖေးပေါက်ကနေတစ်ဆင့် ဝင်ရောက်ဖို့ ကြိုးစားရခြင်းလည်းဖြစ်လို့ အီတလီလိုအသင်းအတွက်ဂုဏ်သိက္ခာထိခိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ဖက်မှာသူတို့နဲ့အပြိုင်ဖြစ်နေတဲ့ ဆွီဒင်အသင်းကဘူဂေးရီးယားကို ၄-၀ နဲ့နိုင်ခဲ့တဲ့အတွက်ခြေစစ်ပွဲအုပ်စု C မှာဗိုလ်စွဲပြီး ကာတာကိုသွားရောက်ခွင့်လက်မှတ်ရရှိသွားခဲ့ပါတယ်။

အီတလီဟာ ၂၀၁၇ တုန်းကလည်း play-off အဆင့်ခြေစစ်ပွဲကစားခဲ့ရပြီး ဆွီဒင်ကိုရှုံးနိမ့်ခဲ့လို့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့ဘဲဝေဖန်မှုတွေအပြင်းအထန်ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာအီတလီဟာ မန်ချီနီကိုခန့်အပ်လိုက်ပြီးနောက် အပြောင်းအလဲတွေဖြစ်ခဲ့ပြီး ယူရို ၂၀၂၀ မှာဗိုလ်စွဲခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် အီတလီဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာရုန်းကန်ခဲ့ရပြီး ဆွစ်ဇာလန်နဲ့ပွဲမှာနောက်ဆုံးမိနစ်မှာရရှိတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုဝင်အောင်မကန်နိုင်တဲ့အတွက် အဲဒီအကျိုးဆက်ကိုခံစားလိုက်ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချီနီကတော့” အခုတော့ကျွန်တော်တို့ဘာမှမတတ်နိုင်တော့ပါဘူး။

မတ်လမှာကစားမယ့် play-off ခြေစစ်ပွဲကိုဘဲအာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားဖို့ဘဲ လုပ်ရတော့ပါမယ်။

မြောက်အိုင်ယာလန်တစ်သင်းလုံးဟာ ခံစစ်မှာဘဲနေခဲ့တဲ့အတွက် ဂိုးသွင်းဖို့ရော၊ အခွင့်အရေးဖန်တီးဖို့ပါ ရုန်းကန်ခဲ့ရပါတယ်။

ခြေစစ်ပွဲတွေရဲ့အဆုံးအဖြတ်ပွဲတွေမှာ ပင်နယ်တီလွဲခဲ့မှုကလည်း အခုလိုအဖြစ်မျိုးကြုံတွေ့စေခဲ့တယ်လို့ ထင်ပါတယ်။

လက်ရှိမှာတော့ play-off အတွက်အာရုံစိုက်ပြီး ကာတာကိုအရောက်လှမ်းနိုင်ဖို့ ပြင်ဆင်ရပါတော့မယ်။

ခြေစစ်ပွဲအောင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ပြောသွားပါတယ်။

ဖီဖာဟာ play-off မဲခွဲမှုတွေကိုလာမယ့်နိုဝင်ဘာ ၂၆ ကျရင် ဇူးရစ်ချ်မြို့မှာပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိဥရောပဇုန်ခြေစစ်ပွဲတွေက အုပ်စုဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ ၁၀ သင်းနဲ့

၂၀၂၀-၂၁ ယူအီးအက်ဖ်အေနေးရှင်းလိဂ်မှာအကောင်းဆုံးအုပ်စုဗိုလ်စွဲတဲ့ ၂ သင်းတို့ ကိုထည့်သွင်းကာမဲခွဲသွားမှာဖြစ်ပါတယ်။

နေးရှင်းလိဂ်မှာ အကောင်းဆုံးအုပ်စုဗိုလ်စွဲတဲ့ ၂ သင်းဟာခြေစစ်ပွဲအောင်ပြီးသား ဒါမှမဟုတ် play-off ဝင်ခွင့်ရပြီးသားဆိုရင်အခြားအကောင်းဆုံးမှတ်တမ်းရအသင်းတွေကိုထည့်သွင်းသွားမှာဖြစ်ပါတယ်။

အခုအဆင့်ဝင်ပြိုင်ရမယ့်အသင်းတိုင်းဟာခြေစစ်ပွဲအောင်ဖို့အတွက် ပြိုင်ဘက် ၂ သင်းကိုကျော်ဖြတ်ရမှာလည်းဖြစ်ပါတယ်။

ဒီနေရာမှာခြေစစ်ပွဲ ဒုတိယရတဲ့ ၁၀ သင်းထဲကအကောင်းဆုံးမှတ်တမ်းရှိတဲ့ ၆ သင်းဟာအိမ်ကွင်းအရင် ကစားရမှာဖြစ်ပြီး

အနိုင်ရတဲ့ ၆ သင်းက ဆီမီးဖိုင်နယ်တွေအဖြစ်ထပ်မံကစားရမှာဖြစ်ကာ ၃ သင်းခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၁၈ ကလိုမျဖစ္ဘဲ ေျခစစ္ပြဲေအာင္မွာပါလို႔ အီတလီနည္းျပမန္ခ်ီနီေျပာ

အီတလီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားကိုေရာက္ရွိဖို႔အတြက္ play-off အဆင့္ကစားရေတာ့မွာျဖစ္ေပမယ့္ေျခစစ္ပြဲေအာင္မွာပါလို႔ နည္းျပမန္ခ်ီနီက အာမခံစကားဆိုလိုက္ပါတယ္။

အီတလီဟာမေန႔ညက ေျမာက္အိုင္ယာလန္ကြင္းမွာဂိုးမရွိသေရက်ခဲ့တဲ့အတြက္ ေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္ျခင္းမရွိေတာ့ဘဲ play-off ကစားရမွာျဖစ္ပါတယ္။

ဒါဟာကမာၻ႔ဖလားကို ေနာက္ေဖးေပါက္ကေနတစ္ဆင့္ ဝင္ေရာက္ဖို႔ ႀကိဳးစားရျခင္းလည္းျဖစ္လို႔ အီတလီလိုအသင္းအတြက္ဂုဏ္သိကၡာထိခိုက္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

တစ္ဖက္မွာသူတို႔နဲ႔အၿပိဳင္ျဖစ္ေနတဲ့ ဆြီဒင္အသင္းကဘူေဂးရီးယားကို ၄-၀ နဲ႔ႏိုင္ခဲ့တဲ့အတြက္ေျခစစ္ပြဲအုပ္စု C မွာဗိုလ္စြဲၿပီး ကာတာကိုသြားေရာက္ခြင့္လက္မွတ္ရရွိသြားခဲ့ပါတယ္။

အီတလီဟာ ၂၀၁၇ တုန္းကလည္း play-off အဆင့္ေျခစစ္ပြဲကစားခဲ့ရၿပီး ဆြီဒင္ကိုရႈံးနိမ့္ခဲ့လို႔ ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့ဘဲေဝဖန္မႈေတြအျပင္းအထန္ခံခဲ့ရပါတယ္။

အဲဒီေနာက္ပိုင္းမွာအီတလီဟာ မန္ခ်ီနီကိုခန႔္အပ္လိုက္ၿပီးေနာက္ အေျပာင္းအလဲေတြျဖစ္ခဲ့ၿပီး ယူ႐ို ၂၀၂၀ မွာဗိုလ္စြဲခဲ့တဲ့အထိေအာင္ျမင္ခဲ့ပါတယ္။

ဒါေပမယ့္ အီတလီဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ႐ုန္းကန္ခဲ့ရၿပီး ဆြစ္ဇာလန္နဲ႔ပြဲမွာေနာက္ဆုံးမိနစ္မွာရရွိတဲ့ ပင္နယ္တီကို ေဂ်ာ္ဂ်င္ဟိုဝင္ေအာင္မကန္ႏိုင္တဲ့အတြက္ အဲဒီအက်ိဳးဆက္ကိုခံစားလိုက္ရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်ီနီကေတာ့” အခုေတာ့ကြၽန္ေတာ္တို႔ဘာမွမတတ္ႏိုင္ေတာ့ပါဘူး။ မတ္လမွာကစားမယ့္ play-off ေျခစစ္ပြဲကိုဘဲအာ႐ုံစိုက္ၿပီး အေကာင္းဆုံးႀကိဳးစားဖို႔ဘဲ လုပ္ရေတာ့ပါမယ္။

ေျမာက္အိုင္ယာလန္တစ္သင္းလုံးဟာ ခံစစ္မွာဘဲေနခဲ့တဲ့အတြက္ ဂိုးသြင္းဖို႔ေရာ၊ အခြင့္အေရးဖန္တီးဖို႔ပါ ႐ုန္းကန္ခဲ့ရပါတယ္။ ေျခစစ္ပြဲေတြရဲ႕အဆုံးအျဖတ္ပြဲေတြမွာ ပင္နယ္တီလြဲခဲ့မႈကလည္း အခုလိုအျဖစ္မ်ိဳးႀကဳံေတြ႕ေစ
ခဲ့တယ္လို႔ ထင္ပါတယ္။

လက္ရွိမွာေတာ့ play-off အတြက္အာ႐ုံစိုက္ၿပီး ကာတာကိုအေရာက္လွမ္းႏိုင္ဖို႔ ျပင္ဆင္ရပါေတာ့မယ္။ ေျခစစ္ပြဲေအာင္မယ္လို႔လည္း ယုံၾကည္ပါတယ္” လို႔ေျပာသြားပါတယ္။

ဖီဖာဟာ play-off မဲခြဲမႈေတြကိုလာမယ့္ႏိုဝင္ဘာ ၂၆ က်ရင္ ဇူးရစ္ခ်္ၿမိဳ႕မွာျပဳလုပ္သြားမွာျဖစ္ၿပီး လက္ရွိဥေရာပဇုန္ေျခစစ္ပြဲေတြက အုပ္စုဒုတိယေနရာမွာရပ္တည္ခဲ့တဲ့ ၁၀ သင္းနဲ႔ ၂၀၂၀-၂၁ ယူအီးအက္ဖ္ေအေနးရွင္းလိဂ္မွာအေကာင္းဆုံးအုပ္စုဗိုလ္စြဲတဲ့ ၂ သင္းတို႔ ကိုထည့္သြင္းကာမဲခြဲသြားမွာျဖစ္ပါတယ္။

ေနးရွင္းလိဂ္မွာ အေကာင္းဆုံးအုပ္စုဗိုလ္စြဲတဲ့ ၂ သင္းဟာေျခစစ္ပြဲေအာင္ၿပီးသား ဒါမွမဟုတ္ play-off ဝင္ခြင့္ရၿပီးသားဆိုရင္အျခားအေကာင္းဆုံးမွတ္တမ္းရအသင္းေတြကိုထည့္သြင္းသြားမွာျဖစ္ပါတယ္။

အခုအဆင့္ဝင္ၿပိဳင္ရမယ့္အသင္းတိုင္းဟာေျခစစ္ပြဲေအာင္ဖို႔အတြက္ ၿပိဳင္ဘက္ ၂ သင္းကိုေက်ာ္ျဖတ္ရမွာလည္းျဖစ္ပါတယ္။ ဒီေနရာမွာေျခစစ္ပြဲ ဒုတိယရတဲ့ ၁၀ သင္းထဲကအေကာင္းဆုံးမွတ္တမ္းရွိတဲ့ ၆ သင္းဟာအိမ္ကြင္းအရင္ ကစားရမွာျဖစ္ၿပီး အႏိုင္ရတဲ့ ၆ သင္းက ဆီမီးဖိုင္နယ္ေတြအျဖစ္ထပ္မံကစားရမွာျဖစ္ကာ ၃ သင္းေျခစစ္ပြဲေအာင္မွာျဖစ္ပါတယ္။