၂၀၁၆ က တင်ထားတဲ့ “ ဘောလုံးဆိုတာ အပွာရောငျပါ” ဆိုတဲ့ပို့စ်ကို ဖျက်လိုက်တဲ့ သရဲနီကစားသမား ဆန်ချို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကစားသမား ဖြစ်လာတဲ့ ဆန်ချိုဟာ သူ့ရဲ့ “ ဘောလုံးဆိုတာ အပြာရောင်ပါ” ဆိုတဲ့ ပို့စ်ကို ဖျက်ပစ်လိုက်ပါတယ်။

ဂျေဒန် ဆန်ချိုဟာ သူ့ရဲ့ကာလရှည်ကြာ အပြောင်းအရွေ့နဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ ဒေါ့မွန်အသင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီချိန်မှာ သူ့ရဲ့

တွစ်တာ စာမျက်နှာမှာ ၂၀၁၆ခုနှစ်ကတင်ထားခဲ့တဲ့ ပို့စ်တစ်ခုကို ဖျက်ပစ်ခဲ့ပါတယ်။

အသက် ( ၂၁ ) နှစ်အရွယ် အင်္ဂလန် တောင်ပံတိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့ ( ၄ ) နှစ်နီးပါးကတည်းက အပြောင်းအရွှေ့ရာသီတိုင်းမှာ သတင်းတွေ ထွက်ခဲ့ပြီးနောက် ဒီနှစ်နွေရာသီရောက်မှသာ အိုးထရတ်ဖို့ဒ်ကိုပြောင်းရွေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝက်ဖိုဒ် လူငယ်အကယ်ဒမီထွက် အင်္ဂလန်တောင်ပိုင်းသားလေးဟာ ၂၀၁၅ ခုနှစ် သူ့အသက် (၁၄)နှစ် မှာ ကတည်းက မန်ချက်စတာမြို့ ကိုရောက်ရှိခဲ့ဖူးပါတယ်။

သူဟာ မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်အသင်းမှာ ၂၀၁၅ကနေ ၂၀၁၇ အထိ ( ၂ ) နှစ်ကြာ ကစားခဲ့ဖူးပြီးမှ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့သွားခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်သူဟာ မန်ချက်စတာ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ အကယ်ဒမီအဆင့်ပြိုင်ပွဲတွေမှာ အကြိမ်များစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး အဲ့သည့်အချိန်က သူအောင်ပွဲခံနေတဲ့ပုံနဲ့ “ ဘောလုံးက အပြာပါ” ဆိုတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။

အပြောင်းအရွှေ့ကိစ္စပြီးချိန်မှာတော့ သူဟာ အဲ့သည့် ပိုစ့်ကို ဖြုတ်ချခဲ့ပြီဖြစ်ပါတယ်။

ဆန်ချိုရဲ့ ( ၂၀၁၆ ) ခုနှစ်တုန်းတင်ခဲ့တဲ့ အဆိုပါ ပို့စ်ရဲ့သတင်းဟာ အခုဆိုရင် ယူနိုက်တက် ပရိသတ်တွေကြားမှာ ပြန်လည်‌ရေပန်းစားလာခဲ့တာဖြစ်ပြီး

ဆန်ချိုက ယူနိုက်တက်ကစားအဖြစ် ရောက်ရှိတော့မှာဖြစ်ကြောင်း အတည်ပြုချက်တွေ ထွက်လာခဲ့ပြီးနောက် မှာ ပထမဆုံး သူပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတစ်ခုပါပဲ။

ဒီနှစ် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ လက်ရွေးစင်ကစားသမားတစ်ဦးအဖြစ်ပြိုင်ပွဲမှာ လိုက်ပါသွားခဲ့ရ ပေမယ့် အခုအချိန်အထိ ကွင်းထဲဝင်ရောက်ကစားခွင့်မရသေးဘဲ အရံခုံပေါ်မှာသာ ထိုင်နေရတဲ့ ဆန်ချိုအတွက် ပွဲပန်းမှုတော့ ရှိနေမှာမဟုတ်ပါဘူး။

ဆန်ချိုနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ သတင်းကို ယူနိုက်တက်အသင်းက တရားဝင်ကြေညာချက်တွေ မလုပ်သေးပေမယ့် ဆေးစစ်ချက်တွေ ပြုလုပ်ပြီးချိန် အဆိုပါ ပြိုင်ပွဲပြီးမှသာ ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန်ကလည်း ဆန်ချိုကို မန်ချက်စတာက ကြိုဆိုကြောင်း တွစ်တာမှာ ” Welcome to Manchester my guy @Sanchooo10 ” ဆိုပြီး ပိုစ်တင်ထားသေးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂၀၁၆ က တင္ထားတဲ့ “ ေဘာလုံးဆိုတာ အပြာေရာင်ပါ” ဆိုတဲ့ပို႔စ္ကို ဖ်က္လိုက္တဲ့ သရဲနီကစားသမား ဆန္ခ်ိဳ

ယူႏိုက္တက္ကစားသမား ျဖစ္လာတဲ့ ဆန္ခ်ိဳဟာ သူ႔ရဲ႕ “ ေဘာလုံးဆိုတာ အျပာေရာင္ပါ” ဆိုတဲ့ ပို႔စ္ကို ဖ်က္ပစ္လိုက္ပါတယ္။ ေဂ်ဒန္ ဆန္ခ်ိဳဟာ သူ႔ရဲ႕ကာလရွည္ၾကာ အေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ ေဒါ့မြန္အသင္းတို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီခ်ိန္မွာ သူ႔ရဲ႕ တြစ္တာ စာမ်က္ႏွာမွာ ၂၀၁၆ခုႏွစ္ကတင္ထားခဲ့တဲ့ ပို႔စ္တစ္ခုကို ဖ်က္ပစ္ခဲ့ပါတယ္။

အသက္ ( ၂၁ ) ႏွစ္အ႐ြယ္ အဂၤလန္ ေတာင္ပံတိုက္စစ္မႉးဟာ ယူႏိုက္တက္အသင္းနဲ႔ ၿပီးခဲ့တဲ့ ( ၄ ) ႏွစ္နီးပါးကတည္းက အေျပာင္းအေ႐ႊ႕ရာသီတိုင္းမွာ သတင္းေတြ ထြက္ခဲ့ၿပီးေနာက္ ဒီႏွစ္ေႏြရာသီေရာက္မွသာ အိုးထရတ္ဖို႔ဒ္ကိုေျပာင္းေ႐ြ႕ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဝက္ဖိုဒ္ လူငယ္အကယ္ဒမီထြက္ အဂၤလန္ေတာင္ပိုင္းသားေလးဟာ ၂၀၁၅ ခုႏွစ္ သူ႔အသက္ (၁၄)ႏွစ္ မွာ ကတည္းက မန္ခ်က္စတာၿမိဳ႕ ကိုေရာက္ရွိခဲ့ဖူးပါတယ္။

သူဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္အသင္းမွာ ၂၀၁၅ကေန ၂၀၁၇ အထိ ( ၂ ) ႏွစ္ၾကာ ကစားခဲ့ဖူးၿပီးမွ ေဒါ့မြန္အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့သူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္သူဟာ မန္ခ်က္စတာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းျဖစ္တဲ့ ယူႏိုက္တက္အသင္းနဲ႔ အကယ္ဒမီအဆင့္ၿပိဳင္ပြဲေတြမွာ အႀကိမ္မ်ားစြာ ထိပ္တိုက္ရင္ဆိုင္ခဲ့ရၿပီး အဲ့သည့္အခ်ိန္က သူေအာင္ပြဲခံေနတဲ့ပုံနဲ႔ “ ေဘာလုံးက အျပာပါ” ဆိုတဲ့ ပို႔စ္ကို တင္ခဲ့ပါတယ္။

အေျပာင္းအေ႐ႊ႕ကိစၥၿပီးခ်ိန္မွာေတာ့ သူဟာ အဲ့သည့္ ပိုစ့္ကို ျဖဳတ္ခ်ခဲ့ၿပီျဖစ္ပါတယ္။ ဆန္ခ်ိဳရဲ႕ ( ၂၀၁၆ ) ခုႏွစ္တုန္းတင္ခဲ့တဲ့ အဆိုပါ ပို႔စ္ရဲ႕သတင္းဟာ အခုဆိုရင္ ယူႏိုက္တက္ ပရိသတ္ေတြၾကားမွာ ျပန္လည္‌ေရပန္းစားလာခဲ့တာျဖစ္ၿပီး ဆန္ခ်ိဳက ယူႏိုက္တက္ကစားအျဖစ္ ေရာက္ရွိေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳခ်က္ေတြ ထြက္လာခဲ့ၿပီးေနာက္ မွာ ပထမဆုံး သူျပဳလုပ္ခဲ့တဲ့ အေျပာင္းအလဲတစ္ခုပါပဲ။

ဒီႏွစ္ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ႕ လက္ေ႐ြးစင္ကစားသမားတစ္ဦးအျဖစ္ၿပိဳင္ပြဲမွာ လိုက္ပါသြားခဲ့ရ ေပမယ့္ အခုအခ်ိန္အထိ ကြင္းထဲဝင္ေရာက္ကစားခြင့္မရေသးဘဲ အရံခုံေပၚမွာသာ ထိုင္ေနရတဲ့ ဆန္ခ်ိဳအတြက္ ပြဲပန္းမႈေတာ့ ရွိေနမွာမဟုတ္ပါဘူး။

ဆန္ခ်ိဳနဲ႔ ပတ္သက္ၿပီး အေျပာင္းအေ႐ႊ႕ သတင္းကို ယူႏိုက္တက္အသင္းက တရားဝင္ေၾကညာခ်က္ေတြ မလုပ္ေသးေပမယ့္ ေဆးစစ္ခ်က္ေတြ ျပဳလုပ္ၿပီးခ်ိန္ အဆိုပါ ၿပိဳင္ပြဲၿပီးမွသာ ထုတ္ျပန္သြားဖြယ္ ရွိေနပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္ ကစားသမားတစ္ဦးျဖစ္တဲ့ ရီယို ဖာဒီနန္ကလည္း ဆန္ခ်ိဳကို မန္ခ်က္စတာက ၾကိဳဆိုေၾကာင္း တြစ္တာမွာ ” Welcome to Manchester my guy @Sanchooo10 ” ဆိုၿပီး ပိုစ္တင္ထားေသးပါတယ္။