
Photo Credit
Photo Credit ; PA
လီဗာပူးဂႏၳဝင္ေနာက္ခံလူေဂ်မီကာေရဂါက ပရီးမီးယားလိဂ္ျပိဳင္ပြဲ အားျပိဳင္မႈမွာ လူးဝစ္ ဆြာရက္ဇ္ဟာ ခ်ဲလ္ဆီးအသင္း ေနာက္ခံလူ အိုင္ဗန္ႏိုဗစ္နဲ႔ အျငင္းပြားဖြယ္ ျဖစ္ရပ္တခ်ိဳ႕ဖန္တီးခဲ့တာေၾကာင့္ လီဗာပူးအသင္း အမွတ္ေပးခ်န္ပီယံ မျဖစ္ခဲ့ဘဲ နစ္နာခဲ့ရတယ္လို႔ အခုိင္အမာေျပာၾကားလိုက္ပါတယ္။
Photo Credit
အဆိုပါ လီဗာပူးကစားသမားေဟာင္းက ၂၀၁၃ ခုႏွစ္ ဧၿပီလမွာ ခ်ဲလ္ဆီးအသင္းကို အန္ဖီးလ္ကြင္းမွာ ၂-၂ နဲ႔ သေရက်ခဲ့တာေၾကာင့္ ဆြာရက္ဇ္ကို ေပါက္ကြဲေဒါသထြက္ေနတာ ျဖစ္ပါတယ္။
Photo Credit
အဆိုပါအခ်င္းမ်ားမႈေၾကာင့္ အမွတ္ေပးခ်န္ပီယံအားၿပိဳင္တဲ့ပြဲစဥ္မွာ ဆြာရက္ဇ္ဟာ ဆက္ကစားခြင့္ မရခဲ့တဲ့အျပင္ ေနာက္ထပ္ ၁၀ ပြဲပြဲပယ္ ျပစ္ဒဏ္ပါ ခ်မွတ္ခံခဲ့ရပါတယ္။
Photo Credit
လက္ရွိမွာ ဘာစီလိုနာတိုက္စစ္မွဴးျဖစ္တဲ့ ဆြာရက္ဇ္ဟာ လီဗာပူးအသင္းမွာ ရွိစဥ္က အဆိုပါအခ်င္းမ်ားမႈျဖစ္ပြားခဲ့တာေၾကာင့္ ေနာက္ရာသီ ပထမဆံုး ၆ ပြဲမွာ ပါဝင္ကစားခြင့္မရခဲ့ပါဘူး။
Photo Credit
၂၀၁၃-၁၄ရာသီမွာ ဆြာရက္ဇ္ဟာ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆု ဆြတ္ခူးႏိုင္ခဲ့ေပမယ့္ ကာေရဂါရဲ႕ျပစ္တင္ေျပာဆိုမႈေတြကေတာ့ မရပ္တန္႔ခဲ့ပါဘူး။ သူ႕ရဲ႕အျပဳအမူေၾကာင့္ လီဗာပူးအသင္း နစ္နာခဲ့ရတယ္လို႔ကာေရဂါက ယံုၾကည္ေနပါတယ္။
Photo Credit
ကာေရဂါက “ ကၽြန္ေတာ္ဒါကို လက္မခံႏိုင္ပါဘူး၊ အဝတ္လဲခန္းထဲကို ျပန္သြားတဲ့အခါ အိုင္ဗန္ႏိုဗစ္ကို ဆိုးရြားတဲ့ အျပဳအမူ လုပ္ခဲ့တာလားလို႔ ဘယ္သူေမးေမး ဆြာရက္ဇ္က ျငင္းခဲ့ပါတယ္၊ ဒီျဖစ္စဥ္က လီဗာပူးအသင္းကို ေနာက္ရာသီအတြက္ပါ နစ္နာသြားေစတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ အဲဒီရာသီမွာ ဆြာရက္ဇ္က ၅ ပြဲ ၆ ပြဲခန္႔ မကစားရခဲ့ဘူး”လုိ႔ ေျပာပါတယ္။
Photo Credit
”ဆြာရက္ဇ္က ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးေသာ ကစားသမားတစ္ဦးပါ၊ သူပြဲတိုင္းလိုလို ဂိုးသြင္းႏိုင္သူပါ၊ ပထမဆံုး ၄ ပြဲမွာ သူမပါဝင္ခဲ့တာေၾကာင့္ လီဗာပူးအသင္းက ေဆာက္သမ္တန္ကို ၁-၀ နဲ႔ ရံႈးနိမ့္ခဲ့ရကာ ဆြမ္ဆီးအသင္းကိုလည္း သေရက်ခဲ့ၿပီး အမွတ္ ၅ မွတ္ ဆံုးရံႈးခဲ့ရပါတယ္”လုိ႔ ကာေရဂါက ဆက္ေျပာပါတယ္။
Photo Credit
လီဗာပူးအသင္းကို ထိုရာသီက နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာ ကိုင္တြယ္ေနခဲ့တာျဖစ္ၿပီး မန္စီးတီးအသင္းနဲ႔ ၂ မွတ္ကြာဟခဲ့ၿပီး အမွတ္ေပးဖလားကို စီးတီးအသင္းကို ေပးအပ္ခဲ့ရပါတယ္။
Photo Credit
Unicode
၂၀၁၄ ခုနှစ်ပရီးမီးယားလိဂ်တိုက်ပွဲမှာ ဆွာရက်ဇ်ကြောင့် လီဗာပူးအသင်း နစ်နာခဲ့ရတဲ့ အကြောင်းကို ပြန်လည်ဖောက်သည်ချ ဝေဖန်ပြစ်တင်လိုက်တဲ့ ကာရေဂါ
လီဗာပူးဂန္ထဝင်နောက်ခံလူဂျေမီကာရေဂါက ပရီးမီးယားလိဂ်ပြိုင်ပွဲ အားပြိုင်မှုမှာ လူးဝစ် ဆွာရက်ဇ်ဟာ ချဲလ်ဆီးအသင်း နောက်ခံလူ အိုင်ဗန်နိုဗစ်နဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်တချို့ဖန်တီးခဲ့တာကြောင့် လီဗာပူးအသင်း အမှတ်ပေးချန်ပီယံ မဖြစ်ခဲ့ဘဲ နစ်နာခဲ့ရတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အဆိုပါ လီဗာပူးကစားသမားဟောင်းက ၂၀၁၃ ခုနှစ် ဧပြီလမှာ ချဲလ်ဆီးအသင်းကို အန်ဖီးလ်ကွင်းမှာ ၂-၂ နဲ့ သရေကျခဲ့တာကြောင့် ဆွာရက်ဇ်ကို ပေါက်ကွဲဒေါသထွက်နေတာ ဖြစ်ပါတယ်။
အဆိုပါအချင်းများမှုကြောင့် အမှတ်ပေးချန်ပီယံအားပြိုင်တဲ့ပွဲစဉ်မှာ ဆွာရက်ဇ်ဟာ ဆက်ကစားခွင့် မရခဲ့တဲ့အပြင် နောက်ထပ် ၁၀ ပွဲပွဲပယ် ပြစ်ဒဏ်ပါ ချမှတ်ခံခဲ့ရပါတယ်။
လက်ရှိမှာ ဘာစီလိုနာတိုက်စစ်မှူးဖြစ်တဲ့ ဆွာရက်ဇ်ဟာ လီဗာပူးအသင်းမှာ ရှိစဉ်က အဆိုပါအချင်းများမှုဖြစ်ပွားခဲ့တာကြောင့် နောက်ရာသီ ပထမဆုံး ၆ ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
၂၀၁၃-၁၄ရာသီမှာ ဆွာရက်ဇ်ဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့ပေမယ့် ကာရေဂါရဲ့ပြစ်တင်ပြောဆိုမှုတွေကတော့ မရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့အပြုအမူကြောင့် လီဗာပူးအသင်း နစ်နာခဲ့ရတယ်လို့ကာရေဂါက ယုံကြည်နေပါတယ်။
ကာရေဂါက “ ကျွန်တော်ဒါကို လက်မခံနိုင်ပါဘူး၊ အဝတ်လဲခန်းထဲကို ပြန်သွားတဲ့အခါ အိုင်ဗန်နိုဗစ်ကို ဆိုးရွားတဲ့ အပြုအမူ လုပ်ခဲ့တာလားလို့ ဘယ်သူမေးမေး ဆွာရက်ဇ်က ငြင်းခဲ့ပါတယ်၊ ဒီဖြစ်စဉ်က လီဗာပူးအသင်းကို နောက်ရာသီအတွက်ပါ နစ်နာသွားစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီရာသီမှာ ဆွာရက်ဇ်က ၅ ပွဲ ၆ ပွဲခန့် မကစားရခဲ့ဘူး”လို့ ပြောပါတယ်။
”ဆွာရက်ဇ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးသော ကစားသမားတစ်ဦးပါ၊ သူပွဲတိုင်းလိုလို ဂိုးသွင်းနိုင်သူပါ၊ ပထမဆုံး ၄ ပွဲမှာ သူမပါဝင်ခဲ့တာကြောင့် လီဗာပူးအသင်းက ဆောက်သမ်တန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရကာ ဆွမ်ဆီးအသင်းကိုလည်း သရေကျခဲ့ပြီး အမှတ် ၅ မှတ် ဆုံးရှုံးခဲ့ရပါတယ်”လို့ ကာရေဂါက ဆက်ပြောပါတယ်။
လီဗာပူးအသင်းကို ထိုရာသီက နည်းပြ ဘရန်ဒန် ရော်ဂျာ ကိုင်တွယ်နေခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ၂ မှတ်ကွာဟခဲ့ပြီး အမှတ်ပေးဖလားကို စီးတီးအသင်းကို ပေးအပ်ခဲ့ရပါတယ်။