
photo-gettyimages
photo-goal
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်တိုနီခရူးစ်က ၂၀၁၄ တုန်းက မန်ယူကစားသမားတစ်ယောက်ဖြစ်လာဖို့ သူဘယ်လောက်တောင် နီးစပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဖွင့်ဟလိုက်ပါတယ်။ အဲဒီဂျာမန်လက်ရွေးစင်ကစားသမားဟာ မန်ယူက အသင်းနည်းပြဟောင်းဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ချိန်ဖြစ်တဲ့ စပ်ကူးမပ်ကူးအချိန်မှာ အိုးထရက်ဖို့ဒ်ကိုပြောင်းဖို့ သဘောတူညီခဲ့တာပါ။
photo-gettyimages
အဲဒီအချိန်တုန်းက တိုနီခရူးစ်ဟာ မန်ယူကိုပြောင်းဖို့အတွက် စာချုပ်တောင် အကြမ်းဖျင်းအားဖြင့် လုပ်ပြီးသားဖြစ်နေပါပြီ။ ဒါပေမဲ့လည်း နည်းပြအပြောင်းအလဲကြောင့် သူ့မန်ယူအပြောင်းအရွှေ့ဟာ ဖြစ်မလာခဲ့ပါဘူး။ တကယ်လို့ မိုယက်စ်သာ အထုတ်မခံရဘူးဆိုရင် သူ မန်ယူကစာသမားဖြစ်ပြီးလောက်ပြီလို့ တိုနီခရူးစ်က အခိုင်အမာဆိုခဲ့တာပါ။ နောက်ဝင်လာတဲ့ နည်းပြဗန်ဂေါလ်က အသင်းကိုလွှဲပြောင်းတာဝန်ယူချိန်မှာ တိုနီခရူးစ်အပြောင်းအရွှေ့အတွက် အေးစက်စက်ဖြစ်သွားခဲ့ပါတယ်။ မန်ယူကိုရောက်လုနီးဖြစ်ခဲ့ပေမယ့် မရောက်ခဲ့ရတဲ့ တိုနီခရူးစ်ဟာ အဲဒီနောက် ရီးရဲလ်ကိုပြောင်းသွားပြီး စပိန်မြေမှာ ချန်ပီယံလိဂ်အောင်မြင်မှု ၃ ကြိမ်အပြင် တခြားဆုဖလားပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ကာ အခုချိန်ထိ ရီးရဲလ်ရဲ့အဓိကကျတဲ့ကစားသမားတစ်ယောက် ဖြစ်နေပါတယ်။
photo-gettyimages
”ဒေးဗစ်မိုယက်စ်က ကျွန်တော့်ကိုလာတွေ့တော့ စာချုပ်က အကြမ်းဖျင်းတောင် လုပ်ပြီးသားဖြစ်နေပါပြီ။ ဒါပေမဲ့ မိုယက်စ်အထုတ်ခံရပြီး ဗန်ဂေါလ်ရောက်လာတော့ အခြေအနေတွေ ရှု့ပ်ထွေးသွားပါတယ်။ ဗန်ဂေါလ်က သူ့ကိုယ်ပိုင်ပရောဂျက်အတွက် အချိန်လိုချင်ခဲ့ပါတယ်။ အဲဒီကာလမှာ မန်ယူဆီကနေ ကျွန်တော်ဘာမှ မကြားရတော့သလို သံသယတွေလည်း စတင်လာပါတယ်။ အဲဒီနောက် ကမ္ဘာ့ဖလားစတင်ပြီး အန်စလော့တီက လှမ်းခေါ်ခဲ့ပါတယ်။ အဲဒါပါပဲ”လို့ တိုနီခရူးစ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။
[Zawgyi]
၂၀၁၄ က မန္ယူကစားသမားျဖစ္ဖို႔ ဘယ္ေလာက္နီးစပ္ခဲ့တယ္ဆိုတာ ဖြင့္ဟလိုက္တဲ့တုိနီခရူးစ္
ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္တိုနီခရူးစ္က ၂၀၁၄ တုန္းက မန္ယူကစားသမားတစ္ေယာက္ျဖစ္လာဖုိ႔ သူဘယ္ေလာက္ေတာင္ နီးစပ္ခဲ့တယ္ဆုိတဲ့အေၾကာင္းကို ဖြင့္ဟလိုက္ပါတယ္။ အဲဒီဂ်ာမန္လက္ေရြးစင္ကစားသမားဟာ မန္ယူက အသင္းနည္းျပေဟာင္းေဒးဗစ္မိုယက္စ္ကို ထုတ္ပယ္ခ်ိန္ျဖစ္တဲ့ စပ္ကူးမပ္ကူးအခိ်န္မွာ အိုးထရက္ဖို႔ဒ္ကုိေျပာင္းဖုိ႔ သေဘာတူညီခဲ့တာပါ။
အဲဒီအခ်ိန္တုန္းက တိုနီခရူးစ္ဟာ မန္ယူကိုေျပာင္းဖုိ႔အတြက္ စာခ်ဳပ္ေတာင္ အၾကမ္းဖ်င္းအားျဖင့္ လုပ္ၿပီးသားျဖစ္ေနပါၿပီ။ ဒါေပမဲ့လည္း နညး္ျပအေျပာင္းအလဲေၾကာင့္ သူ႔မန္ယူအေျပာင္းအေရႊ႕ဟာ ျဖစ္မလာခဲ့ပါဘူး။ တကယ္လုိ႔ မုိယက္စ္သာ အထုတ္မခံရဘူးဆိုရင္ သူ မန္ယူကစာသမားျဖစ္ၿပီးေလာက္ၿပီလို႔ တိုနီခရူးစ္က အခုိင္အမာဆိုခဲ့တာပါ။ ေနာက္၀င္လာတဲ့ နည္းျပဗန္ေဂါလ္က အသင္းကိုလႊဲေျပာင္းတာ၀န္ယူခ်ိန္မွာ တိုနီခရူးစ္အေျပာင္းအေရႊ႕အတြက္ ေအးစက္စက္ျဖစ္သြားခဲ့ပါတယ္။ မန္ယူကိုေရာက္လုနီးျဖစ္ခဲ့ေပမယ့္ မေရာက္ခဲ့ရတဲ့ တိုနီခရူးစ္ဟာ အဲဒီေနာက္ ရီးရဲလ္ကိုေျပာင္းသြားၿပီး စပိန္ေျမမွာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ၃ ႀကိမ္အျပင္ တျခားဆုဖလားေပါင္းမ်ားစြာဆြတ္ခူးႏိုင္ခဲ့ကာ အခုခ်ိန္ထိ ရီးရဲလ္ရဲ႕အဓိကက်တဲ့ကစားသမားတစ္ေယာက္ ျဖစ္ေနပါတယ္။
”ေဒးဗစ္မုိယက္စ္က ကၽြန္ေတာ့္ကိုလာေတြ႕ေတာ့ စာခ်ဳပ္က အၾကမ္းဖ်င္းေတာင္ လုပ္ၿပီးသားျဖစ္ေနပါၿပီ။ ဒါေပမဲ့ မိုယက္စ္အထုတ္ခံရၿပီး ဗန္ေဂါလ္ေရာက္လာေတာ့ အေျခအေနေတြ ရႈ႔ပ္ေထြးသြားပါတယ္။ ဗန္ေဂါလ္က သူ႔ကိုယ္ပိုင္ပေရာဂ်က္အတြက္ အခ်ိန္လိုခ်င္ခဲ့ပါတယ္။ အဲဒီကာလမွာ မန္ယူဆီကေန ကၽြန္ေတာ္ဘာမွ မၾကားရေတာ့သလို သံသယေတြလည္း စတင္လာပါတယ္။ အဲဒီေနာက္ ကမာၻ႔ဖလားစတင္ၿပီး အန္စေလာ့တီက လွမ္းေခၚခဲ့ပါတယ္။ အဲဒါပါပဲ”လို႔ တိုနီခရူးစ္က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။