၂၀၁၂ ခုနှစ်နောက်ပိုင်း ခြေစစ်ပွဲအိမ်ကွင်းပွဲစဉ်မှာ ပထမဆုံးအကြိမ်နိုင်ပွဲပျောက်ခဲ့တဲ့ အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဝင်ဘလေကွင်းမှာ ဟန်ဂေရီအသင်းနဲ့(၁-၁)ဂိုးစီသရေကျခဲ့ပြီး

အိမ်ကွင်းမှာကစားခဲ့တဲ့ ကမ္ဘာ့ဖလား/ယူရိုခြေစစ်ပွဲတွေမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ အခုပွဲမှာ ရလဒ်ကောင်းဖို့အတွက် တိုက်စစ်ကစားသမား(၅)ဦးအထိပွဲထွက်အသုံးပြုခဲ့ပေမယ့်

အကောင်းဆုံးပုံစံမပြသနိုင်ခဲ့သလို အဓိက,ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ စတာလင်၊ ဂရီးလစ်ရှ်တို့ပါ

ခြေပျက်နေတာကြောင့် ဒုတိယပိုင်းမှာ (၃)ယောက်စလုံးလူစားလဲခံခဲ့ရပါတယ်။

ဟယ်ရီကိန်းဟာ လူစားလဲမခံရခင်အချိန်အထိ ဘောလုံးထိချက်(၁၀)ကြိမ်သာရှိခဲ့ပြီး ဂိုးသမားပစ်ဖို့ဒ်(ရကြိမ်)ပြီးရင်

အင်္ဂလန်အသင်းကစားသမားတွေထဲမှာ ဘောလုံးထိချက်အနည်းဆုံးအဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာပါ။

ပထမပိုင်းမိနစ်(၂၀)ကျော်မှာ လုခ်ရှောကြောင့် ပယ်နယ်တီပေးခဲ့ရသလို အဲဒီပယ်နယ်တီကို ဟန်ဂေရီဝါရင့်တိုက်စစ်မှူးဆာလိုင်းက

အမှားအယွင်းမရှိကန်သွင်းခဲ့တဲ့အတွက် အင်္ဂလန်အသင်း (၁-ဝ)ဂိုးရလဒ်နဲ့နောက်ကလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပွဲချိန်(၃၇)မိနစ်မှာ နောက်ခံလူဂျွန်စတုန်းစ်က Set-Piece ကနေတစ်ဆင့် ရလာတဲ့အခွင့်အရေးကို Volley ကန်ချက်နဲ့ချေပဂိုးပြန်သွင်းယူခဲ့ပြီး

အင်္ဂလန်အသင်းဟာ လက်ကျန်ပွဲကစားချိန်မိနစ်(၅၀)ကျော်အတွင်းမှာ နောက်ထပ်ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၁၂၊ စက်တင်ဘာ(၁၁)ရက်တုန်းက ၂၀၁၄ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းကို အိမ်ကွင်းမှာ(၁-၁)ဂိုးနဲ့သရေကျခဲ့တဲ့ပွဲနောက်ပိုင်း

ခြေစစ်ပွဲတွေမှာအိမ်ကွင်းပွဲတိုင်းအနိုင်ရခဲ့ပြီး (၉)နှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ်နိုင်ပွဲပျောက်ခဲ့တာပါ။

အင်္ဂလန်အသင်းအနေနဲ့ အခုပွဲမှာသရေကျခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့အခြေအနေကောင်းနေဆဲဖြစ်ပြီး

လာမယ့်နိုဝင်ဘာလအတွင်းကစားဖို့ရှိနေတဲ့ အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ပွဲတွေမှာ (၄)မှတ်ရယူနိုင်မယ်ဆိုရင်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ေျခစစ္ပြဲအိမ္ကြင္းပြဲစဥ္မွာ ပထမဆုံးအႀကိမ္ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ အဂၤလန္

အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဝင္ဘေလကြင္းမွာ ဟန္ေဂရီအသင္းနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့ၿပီး အိမ္ကြင္းမွာကစားခဲ့တဲ့ ကမာၻ႔ဖလား/ယူ႐ိုေျခစစ္ပြဲေတြမွာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ အခုပြဲမွာ ရလဒ္ေကာင္းဖို႔အတြက္ တိုက္စစ္ကစားသမား(၅)ဦးအထိပြဲထြက္အသုံးျပဳခဲ့ေပမယ့္ အေကာင္းဆုံးပုံစံမျပသႏိုင္ခဲ့သလို အဓိက,ကစားသမားေတြျဖစ္တဲ့ ဟယ္ရီကိန္း၊ စတာလင္၊ ဂရီးလစ္ရွ္တို႔ပါ ေျခပ်က္ေနတာေၾကာင့္ ဒုတိယပိုင္းမွာ (၃)ေယာက္စလုံးလူစားလဲခံခဲ့ရပါတယ္။

ဟယ္ရီကိန္းဟာ လူစားလဲမခံရခင္အခ်ိန္အထိ ေဘာလုံးထိခ်က္(၁၀)ႀကိမ္သာရွိခဲ့ၿပီး ဂိုးသမားပစ္ဖို႔ဒ္(ရႀကိမ္)ၿပီးရင္ အဂၤလန္အသင္းကစားသမားေတြထဲမွာ ေဘာလုံးထိခ်က္အနည္းဆုံးအျဖစ္ပါ မွတ္တမ္းဝင္ခဲ့တာပါ။

ပထမပိုင္းမိနစ္(၂၀)ေက်ာ္မွာ လုခ္ေရွာေၾကာင့္ ပယ္နယ္တီေပးခဲ့ရသလို အဲဒီပယ္နယ္တီကို ဟန္ေဂရီဝါရင့္တိုက္စစ္မႉးဆာလိုင္းက အမွားအယြင္းမရွိကန္သြင္းခဲ့တဲ့အတြက္ အဂၤလန္အသင္း (၁-၀)ဂိုးရလဒ္နဲ႔ေနာက္ကလိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ပြဲခ်ိန္(၃၇)မိနစ္မွာ ေနာက္ခံလူဂြၽန္စတုန္းစ္က Set-Piece ကေနတစ္ဆင့္ ရလာတဲ့အခြင့္အေရးကို Volley ကန္ခ်က္နဲ႔ေခ်ပဂိုးျပန္သြင္းယူခဲ့ၿပီး အဂၤလန္အသင္းဟာ လက္က်န္ပြဲကစားခ်ိန္မိနစ္(၅၀)ေက်ာ္အတြင္းမွာ ေနာက္ထပ္ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ အိမ္ကြင္းမွာ သေရတစ္မွတ္နဲ႔ပဲေက်နပ္ခဲ့ရပါတယ္။

အဂၤလန္အသင္းဟာ ၂၀၁၂၊ စက္တင္ဘာ(၁၁)ရက္တုန္းက ၂၀၁၄ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ယူကရိန္းအသင္းကို အိမ္ကြင္းမွာ(၁-၁)ဂိုးနဲ႔သေရက်ခဲ့တဲ့ပြဲေနာက္ပိုင္း ေျခစစ္ပြဲေတြမွာအိမ္ကြင္းပြဲတိုင္းအႏိုင္ရခဲ့ၿပီး (၉)ႏွစ္ေက်ာ္အၾကာမွာ ပထမဆုံးအႀကိမ္ႏိုင္ပြဲေပ်ာက္ခဲ့တာပါ။

အဂၤလန္အသင္းအေနနဲ႔ အခုပြဲမွာသေရက်ခဲ့ေပမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔အေျခအေနေကာင္းေနဆဲျဖစ္ၿပီး လာမယ့္ႏိုဝင္ဘာလအတြင္းကစားဖို႔ရွိေနတဲ့ အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ပြဲေတြမွာ (၄)မွတ္ရယူႏိုင္မယ္ဆိုရင္ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ပါတယ္။