
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့စကားပုံအတိုင်း ဖြစ်နေတာကတော့ ကမ္ဘကျော်ဘောလုံးသမား စီရော်နယ်ဒိုပါပဲ။ ဂျူဗင်တပ်အသင်းမှာ ဂိုးပေါက်ပျောက်နေသလို အသင်းကလည်း နောက်နှစ်ချန်ပီယံလိ၈်ဝင်ခွင့်ရဖို့တောင် အသည်းအသန် ရုန်းကန်နေရတဲ့အချိန်မှာ ကွင်းပြင်ပ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြသနာတစ်ခုဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုမူဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့အတူ လျော်ကြေးငွေ ပေါင် ၅ရသန်းနီးပါး အထိပေးလျော်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီငွေပမာဏဟာ စီရော်နယ်ဒိုရဲ့ ၂နှစ်စာ လုပ်ခလစာ ပမာဏရှိပါတယ်။
တကယ်တော့ ဒီဖြစ်ရပ်ဟာ စီရော်နယ်ဒိုတစ်ယောက် ၂၀၀၉ ခုနှစ် နွေရာသီ အားလပ်ရက်တုန်းက အမေရိကန်နိုင်ငံ လက်ဗီးကပ်စ်က နိုက်ကလပ်တစ်ခုမှာ အပန်းဖြေရင်း အဲ့အချိန်က အသက် ၂၅နှစ်အရွယ်ရှိ မော်ဒယ် ကက်သရင်းမာရော်ဂါ အပေါ်ကျူးလွန်ခဲ့တာဖြစ်ပြီး သူမဟာ လက်ရှိအချိန်မှာ အတိတ်က နစ်နာခဲ့ရတာတွေအတွက် ပေါင် ၁၈သန်း၊ အနာဂါတ်မှာ ထိခိုက်နစ်နာရမယ့် ကိစ္စတွေအတွက် ပေါင် ၁၈သန်းနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ ပျက်ဆီးဆုံးရှုံးတွေအတွက် ပေါင် ၁၈သန်း စုစုပေါင်း ပေါင် ၅၄သန်း ရယူလိုကြောင်း တောင်းဆိုလာတာပါ။ ဒီလို တောင်းဆိုမှုထဲမှာ တရားရုံးအသုံးစရိတ်အဖြစ် ပေါင် ၁.၁သန်းအထိ ထည့်သွင်းထားပါတယ်။
အဲ့တုန်းက စီရော်နယ်ဒိုဟာ သူ့ရဲ့ ယောက်ဖ၊ အခြားဆွေမျိုးတစ်ဦးတို့နဲ့ ရောက်ရှိနေခဲ့ပြီး မာရော်ဂါ ကိုတွေ့ပြီးတဲ့နောက်မှာ နှစ်ယောက်အတူသောက်သုံးပြီး စီရော်နယ်ဒိုက သူမကို လက်ဗီးကပ်စ်မြို့ကို အပေါ်စီးက မြင်ရတဲ့ ကွန်ဒို pant house တိုက်ခန်းကို ခေါ်သွားခဲ့တာပါ။
အခန်းထဲအရောက်မှာတော့ ဂျာကူဇီချိုးဖို့ စီရော်နယ်ဒိုက ပြောခဲ့ပေမယ့် မာရော်ဂါ ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ စီရော်နယ်ဒိုက မာရော်ဂါ ဖက်က ငြင်းဆန်နေပေမယ့် အလိုမတူဘဲ အဓမ္မမှုဖြစ်စဉ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နောက်နေ့မှာ မာရော်ဂါ က ဒေသခံ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့် စီရော်နယ်ဒိုရဲ့ နာမည်ကို ထည့်မပြောခဲ့ပါဘူး။ ၂၀၁၀ မှာ မာရော်ဂါ အနေနဲ့ ဒီကိစ္စကို လူအများဆီ သတင်းမဖြန့်ဖို့အတွက် ပေါင် ၃၇၅၀၀၀ နဲ့ သဘောတူခဲ့ပြီး သဘောတူညီမှုတစ်စိတ်တပိုင်းအဖြစ် ပေါင် ၂၇၀၀၀၀ အရင်ဆုံး လက်ခံရရှိခဲ့တာပါ။
ဒါပေမယ့် အဲ့တုန်းက ပေးလျော်မှုပုံစံကို လက်ခံခဲ့တာဟာ ဖိအားပေးလက်ခံခိုင်းတာတွေရှိလို့သာ ဖြစ်တယ်လို့ မာရော်ဂါက ဖွင့်ဟခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မာရော်ဂါနဲ့ သူမရဲ့ တရားရေးအဖွဲ့အစည်းက ပြန်ခေါ်သက်သေ ၆၀ကို တင်သွင်းဖို့ ကြိုးစားနေပြီး သက်သေတွေထဲမှာ ဂျူဗင်တပ်ဥက္ကဌ၊ စီရော်နယ်ဒိုရဲ့ အေးဂျင့် ေ၈ျာ့မန်ဒက်စ်တို့လို ပုဂ္ဂိုလ်တွေလည်း ပါနေပါတယ်။
ဒီကိစ္စတွေအပေါ် စီရော်နယ်ဒိုက အမြဲတမ်း ငြင်းဆိုထားခဲ့ပြီး ” မတရားပြုကျင့်တယ်ဆိုတဲ့ ကိစ္စမျိုးက စက်ဆုပ်စရာကောင်းတယ်လို့ ကျွန်တော်အမြဲတမ်း လက်ခံထားသလို ဒီကိစ္စမျိုးကိုလည်း ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါဘူး” လို့ ပြောကြားထားပါတယ်။
စီရော်နယ်ဒိုရဲ့ ဥပဒေအကြံပေးအဖွဲ့ကလည်း ဒီကိစ္စစွပ်စွဲတာက လွန်ခဲ့တဲ့ ၉နှစ်ကျော်က ဖြစ်ရက်ဖြစ်တဲ့အတွက် အခုအချိန်မှာ ကစားသမားကို ဘာမှ အရေးယူနိုင်မှာ မဟုတ်ဘဲ နာမည်ကြီး ဘောလုံးသမားတစ်ယောက်ကို ဇာတ်လမ်းဆင်ပြီး ကိုယ့်ကိုယ်ကို မီဒီယာတွေရှေ့မှာ ထင်ပေါ်အောင် လုပ်စားတာလို့ ပြောကြားထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၂၀၀၉တုန္းက ေဖာင္းဒိုင္းကိစၥတစ္ခုအတြက္ စီေရာ္နယ္ဒိုကို အမ်ိဳးသမီးတစ္ဦးက ေပါင္ ၅၇သန္း နစ္နာေၾကးေတာင္းထား
ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာ ဆိုတဲ့စကားပုံအတိုင္း ျဖစ္ေနတာကေတာ့ ကမၻေက်ာ္ေဘာလုံးသမား စီေရာ္နယ္ဒိုပါပဲ။ ဂ်ဴဗင္တပ္အသင္းမွာ ဂိုးေပါက္ေပ်ာက္ေနသလို အသင္းကလည္း ေနာက္ႏွစ္ခ်န္ပီယံလိ၈္ဝင္ခြင့္ရဖို႔ေတာင္ အသည္းအသန္ ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ ကြင္းျပင္ပ ပုဂၢိဳလ္ေရးဆိုင္ရာ ျပသနာတစ္ခုျဖစ္တဲ့ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳမူဆက္ဆံခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈနဲ႔အတူ ေလ်ာ္ေၾကးေငြ ေပါင္ ၅ရသန္းနီးပါး အထိေပးေလ်ာ္ရဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ဒီေငြပမာဏဟာ စီေရာ္နယ္ဒိုရဲ႕ ၂ႏွစ္စာ လုပ္ခလစာ ပမာဏရွိပါတယ္။
တကယ္ေတာ့ ဒီျဖစ္ရပ္ဟာ စီေရာ္နယ္ဒိုတစ္ေယာက္ ၂၀၀၉ ခုႏွစ္ ေႏြရာသီ အားလပ္ရက္တုန္းက အေမရိကန္ႏိုင္ငံ လက္ဗီးကပ္စ္က ႏိုက္ကလပ္တစ္ခုမွာ အပန္းေျဖရင္း အဲ့အခ်ိန္က အသက္ ၂၅ႏွစ္အ႐ြယ္ရွိ ေမာ္ဒယ္ ကက္သရင္းမာေရာ္ဂါ အေပၚက်ဴးလြန္ခဲ့တာျဖစ္ၿပီး သူမဟာ လက္ရွိအခ်ိန္မွာ အတိတ္က နစ္နာခဲ့ရတာေတြအတြက္ ေပါင္ ၁၈သန္း၊ အနာဂါတ္မွာ ထိခိုက္နစ္နာရမယ့္ ကိစၥေတြအတြက္ ေပါင္ ၁၈သန္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာ ပ်က္ဆီးဆုံးရႈံးေတြအတြက္ ေပါင္ ၁၈သန္း စုစုေပါင္း ေပါင္ ၅၄သန္း ရယူလိုေၾကာင္း ေတာင္းဆိုလာတာပါ။ ဒီလို ေတာင္းဆိုမႈထဲမွာ တရား႐ုံးအသုံးစရိတ္အျဖစ္ ေပါင္ ၁.၁သန္းအထိ ထည့္သြင္းထားပါတယ္။
အဲ့တုန္းက စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ေယာက္ဖ၊ အျခားေဆြမ်ိဳးတစ္ဦးတို႔နဲ႔ ေရာက္ရွိေနခဲ့ၿပီး မာေရာ္ဂါ ကိုေတြ႕ၿပီးတဲ့ေနာက္မွာ ႏွစ္ေယာက္အတူေသာက္သုံးၿပီး စီေရာ္နယ္ဒိုက သူမကို လက္ဗီးကပ္စ္ၿမိဳ႕ကို အေပၚစီးက ျမင္ရတဲ့ ကြန္ဒို pant house တိုက္ခန္းကို ေခၚသြားခဲ့တာပါ။ အခန္းထဲအေရာက္မွာေတာ့ ဂ်ာကူဇီခ်ိဳးဖို႔ စီေရာ္နယ္ဒိုက ေျပာခဲ့ေပမယ့္ မာေရာ္ဂါ ျငင္းဆိုခဲ့ပါတယ္။ ေနာက္ပိုင္းမွာ စီေရာ္နယ္ဒိုက မာေရာ္ဂါ ဖက္က ျငင္းဆန္ေနေပမယ့္ အလိုမတူဘဲ အဓမၼမႈျဖစ္စဥ္ ျဖစ္သြားခဲ့တယ္လို႔ သိရပါတယ္။
ဒီျဖစ္ရပ္နဲ႔ ပတ္သတ္ၿပီး ေနာက္ေန႔မွာ မာေရာ္ဂါ က ေဒသခံ ရဲတပ္ဖြဲ႕ကို တိုင္ၾကားခဲ့ေပမယ့္ စီေရာ္နယ္ဒိုရဲ႕ နာမည္ကို ထည့္မေျပာခဲ့ပါဘူး။ ၂၀၁၀ မွာ မာေရာ္ဂါ အေနနဲ႔ ဒီကိစၥကို လူအမ်ားဆီ သတင္းမျဖန႔္ဖို႔အတြက္ ေပါင္ ၃၇၅၀၀၀ နဲ႔ သေဘာတူခဲ့ၿပီး သေဘာတူညီမႈတစ္စိတ္တပိုင္းအျဖစ္ ေပါင္ ၂၇၀၀၀၀ အရင္ဆုံး လက္ခံရရွိခဲ့တာပါ။ ဒါေပမယ့္ အဲ့တုန္းက ေပးေလ်ာ္မႈပုံစံကို လက္ခံခဲ့တာဟာ ဖိအားေပးလက္ခံခိုင္းတာေတြရွိလို႔သာ ျဖစ္တယ္လို႔ မာေရာ္ဂါက ဖြင့္ဟခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မာေရာ္ဂါနဲ႔ သူမရဲ႕ တရားေရးအဖြဲ႕အစည္းက ျပန္ေခၚသက္ေသ ၆၀ကို တင္သြင္းဖို႔ ႀကိဳးစားေနၿပီး သက္ေသေတြထဲမွာ ဂ်ဴဗင္တပ္ဥကၠဌ၊ စီေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ ေ၈်ာ့မန္ဒက္စ္တို႔လို ပုဂၢိဳလ္ေတြလည္း ပါေနပါတယ္။
ဒီကိစၥေတြအေပၚ စီေရာ္နယ္ဒိုက အၿမဲတမ္း ျငင္းဆိုထားခဲ့ၿပီး ” မတရားျပဳက်င့္တယ္ဆိုတဲ့ ကိစၥမ်ိဳးက စက္ဆုပ္စရာေကာင္းတယ္လို႔ ကြၽန္ေတာ္အၿမဲတမ္း လက္ခံထားသလို ဒီကိစၥမ်ိဳးကိုလည္း ကြၽန္ေတာ့္ဘဝမွာ ဘယ္တုန္းကမွ မက်ဴးလြန္ခဲ့ပါဘူး” လို႔ ေျပာၾကားထားပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ဥပေဒအႀကံေပးအဖြဲ႕ကလည္း ဒီကိစၥစြပ္စြဲတာက လြန္ခဲ့တဲ့ ၉ႏွစ္ေက်ာ္က ျဖစ္ရက္ျဖစ္တဲ့အတြက္ အခုအခ်ိန္မွာ ကစားသမားကို ဘာမွ အေရးယူႏိုင္မွာ မဟုတ္ဘဲ နာမည္ႀကီး ေဘာလုံးသမားတစ္ေယာက္ကို ဇာတ္လမ္းဆင္ၿပီး ကိုယ့္ကိုယ္ကို မီဒီယာေတြေရွ႕မွာ ထင္ေပၚေအာင္ လုပ္စားတာလို႔ ေျပာၾကားထားပါတယ္။