၂၀၀၆ ခုနှစ်က ဖြစ်ရပ်ကို အမှတ်ရစေခဲ့တဲ့ မထင်မရှားလိဂ်တစ်ခုရဲ့ဖြစ်ရပ်

၁၂ စက္ကန့်အတွင်း ပြစ်ဒဏ် ၂ ကြိမ်ကျူးလွန်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အဲလက်စ်လို

================

နာမည်သိပ်မရှိတဲ့ လိဂ်တစ်ခုရဲ့ဘောလုံးသမားတစ်ဦးဟာ ၁၂ စက္ကန့်အတွင်းမှာပဲ ၂ ကြိမ်တိုင်တိုင် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကတ် ၃ ကြိမ်အပြခံရပြီး ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ East League Division မှာ ဖြစ်ပွားခဲ့ပြီး ဂါးဖို့ဒ်တောင်းကစားသမား အဲလက်စ်ဟာ ဘက်လင်တန်ရဲ့တန်ပြန်တိုက်စစ်ကို ဟန့်တားဖို့ ကြိုးစားရင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲလက်စ်ဟာ ဘက်လင်တန်ရဲ့တန်ပြန်တိုက်စစ်ကို ဟန့်တားဖို့ ကြိုးစားရင်း အ၀ါကတ်ပြခံခဲ့ရသလို ကွင်းလယ်ဒိုင်က ဖရီးကစ်ပေးချိန်မှာလည်း ယခင်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ထောက်ပြပြီး အ၀ါကတ်နောက်တစ်ကြိမ်ပြသခဲ့ကာ အနီကတ်ပါပြပြီး ထုတ်ပယ်လိုက်ပါတယ်။ ကစားသမားကတော့ မမျှတဲ့အတွက် စောဒဂတက်ခြင်းမရှိပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဒိုင်ဟောင်း ဘော်ဘီ မက်ဒလေကလည်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံချီးကျူးခဲ့ပါတယ်။ “တကယ်တော်တဲ့ ကွင်းလယ်ဒိုင်ပါ”လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ရပ်ဟာ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ကွင်းလယ်ဒိုင်ဟောင်း ဂရေဟမ်ပူးလ်ရဲ့ ဖြစ်ရပ်ကို ပြန်လည်သတိရစေခဲ့ပါတယ်။ ပူးလ်ဟာ ခရိုအေးရှား နဲ့ သြစတြေးလျတို့ ကစားခဲ့တဲ့အုပ်စုပွဲစဉ်မှာ ဂျိုးဆစ် ဆီမူနစ်ကို ၃ ကြိမ်တိုင်ကတ်ပြခဲ့ပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ပူးလ်ဟာ ပွဲကစားချိန် ၆၁ မိနစ်မှာ ဟယ်ရီကီးဝဲလ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဆီမူနစ်က အ၀ါကတ်တစ်ကြိမ်ပြသခဲ့ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၉၀ မိနစ်မှာ ပြစ်ဒဏ်ထပ်ကျူးလွန်ခဲ့တာကြောင့် နောက်ထပ်အ၀ါကတ်တစ်ကြိမ်ပြသခဲ့ပေမယ့် အနီကတ်တော့ မပြခဲ့ပဲ ပွဲသိမ်းခရာမှုတ်ချိန်မှာ ပူးလ်ကို ဒေါသတကြီးတုံ့ပြန်ခဲ့တဲ့အချိန်မှသာ တတိယမြောက် အ၀ါကတ်ပါပြသခဲ့ပြီး အနီကတ်ပြ တစ်ခါတည်းပြသခဲ့ပါတယ်။