၂၀၀၆ ကမ္ဘာ့ဖလားမှာ စီရော်နယ်လ်ဒို မျက်လုံးမှိတ်ပြခဲ့တာက ရွန်နီကိုရည်ရွယ်တာမဟုတ်ဘူးလို့ ဖာဂူဆန်ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်က ၂၀၀၆ ကမ္ဘာ့ဖလားပွဲတုန်းက ရွန်နီအနီကတ်နဲ့အထုတ်ခံခဲ့ရချိန်မှာ စီရော်နယ်လ်ဒိုဟာ မျက်လုံးတစ်ဖက်မှိတ်ပြခဲ့တာက ရွန်နီကို ရည်ရွယ်တာမဟုတ်ဘူးလို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် အင်္ဂလန်နဲ့ပေါ်တူဂီတို့ဆုံတွေ့ခဲ့တဲ့ပွဲမှာ ရွန်နီဟာ ပြိုင်ဘက်နောက်ခံလူကာဗယ်လ်ဟိုကို တက်နင်းမိသလိုဖြစ်ခဲ့ပြီး အဲဒီအချိန်မှာ

စီရော်နယ်လ်ဒိုက ရွန်နီကို အနီကတ်ပြအောင် ဒိုင်လူကြီးဆီအပြေးအလွှားလာပြီးတော့ ဖိအားပေးတောင်းဆိုခဲ့သလို ရွန်နီ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီးတဲ့နောက်

စီရော်နယ်လ်ဒိုက မျက်စိမှိတ်ပြခဲ့တာကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့သလို အဲဒီအဖြစ်အပျက်ကြောင့် စီရော်နယ်လ်ဒိုဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် စီရော်နယ်လ်ဒိုဟာ အင်္ဂလန်ပရိသတ်တွေရဲ့ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ရင်ဆိုင်ခဲ့ပြီး ၂၀၀၆-၀၇ ရာသီမစခင် ယူနိုက်တက်အသင်းနဲ့လမ်းခွဲဖို့အထိဖြစ်ခဲ့ပေမယ့်

ဖာဂူဆန်ရဲ့ဖျောင်းဖျမှုကြောင့် အသင်းမှာဆက်ကစားခဲ့တာဖြစ်သလို အဲဒီရာသီမှာ ယူနိုက်တက်အသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဖာဂူဆန်က “စီရော်နယ်လ်ဒိုဟာ ရွန်နီအနီကတ်နဲ့အထုတ်ခံခဲ့ရလို့ မျက်လုံးမှိတ်ပြခဲ့တာမဟုတ်ဘဲ အရန်ခုံပေါ်က အသင်းဖော်တွေဟာ သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ကစားဖို့သတိပေးအော်ပြောခဲ့တာကြောင့် အဲဒီလို မျက်စိမှိတ်ပြခဲ့တာပါ။

ရွန်နီဟာလည်း တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသခဲ့ပါတယ်။

သူက ကျွန်တော့်ဆီဖုန်းဆက်ပြီးတော့ “ရာသီအစပိုင်းမှာ ကျွန်တော်တို့နှစ်ယောက်အတူ ရုပ်သံအင်တာဗျူးလုပ်ပြီးတော့ ပရိသတ်တွေနားလည်အောင်ဖြေရှင်းလိုက်ရင်မကောင်းဘူးလား”လို့ ပြောခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မီဒီယာတွေကလည်း တစ်စိတ်ကိုတစ်အိတ်လုပ်ပြီးတော့ ရေးတာများပါတယ်။

ရွန်နီဟာ စီရော်နယ်လ်ဒိုကြောင့်အထုတ်ခံခဲ့ရတာမဟုတ်ဘဲ ကာဗယ်လ်ဟိုကို တက်နင်းမိခဲ့တဲ့အတွက် အနီကတ်ပြခံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလက်ခံပြီးသားဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားမှာ ပြဿနာတက်ခဲ့ကြပေမယ့် အဲဒီရာသီမှာ ရွန်နီနဲ့စီရော်နယ်လ်ဒိုတို့က ယူနိုက်တက်အသင်းအတွက်အတွဲဖက်ညီညီကစားနိုင်ခဲ့ပြီး နှစ်ယောက်ပေါင်း(၄၆)ဂိုးအထိသွင်းယူခဲ့သလို (၃)နှစ်ကြာဝေးကွာခဲ့တဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၀၆ ကမာၻ႔ဖလားမွာ စီေရာ္နယ္လ္ဒို မ်က္လုံးမွိတ္ျပခဲ့တာက ႐ြန္နီကိုရည္႐ြယ္တာမဟုတ္ဘူးလို႔ ဖာဂူဆန္ဖြင့္ဟ

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္က ၂၀၀၆ ကမာၻ႔ဖလားပြဲတုန္းက ႐ြန္နီအနီကတ္နဲ႔အထုတ္ခံခဲ့ရခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ မ်က္လုံးတစ္ဖက္မွိတ္ျပခဲ့တာက ႐ြန္နီကို ရည္႐ြယ္တာမဟုတ္ဘူးလို႔ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ၂၀၀၆ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲအျဖစ္ အဂၤလန္နဲ႔ေပၚတူဂီတို႔ဆုံေတြ႕ခဲ့တဲ့ပြဲမွာ ႐ြန္နီဟာ ၿပိဳင္ဘက္ေနာက္ခံလူကာဗယ္လ္ဟိုကို တက္နင္းမိသလိုျဖစ္ခဲ့ၿပီး အဲဒီအခ်ိန္မွာ စီေရာ္နယ္လ္ဒိုက ႐ြန္နီကို အနီကတ္ျပေအာင္ ဒိုင္လူႀကီးဆီအေျပးအလႊားလာၿပီးေတာ့ ဖိအားေပးေတာင္းဆိုခဲ့သလို ႐ြန္နီ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီးတဲ့ေနာက္ စီေရာ္နယ္လ္ဒိုက မ်က္စိမွိတ္ျပခဲ့တာကို ႐ုပ္သံကင္မရာေတြက အမိအရ႐ိုက္ကူးႏိုင္ခဲ့သလို အဲဒီအျဖစ္အပ်က္ေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ပါတယ္။

ဒီလုပ္ရပ္ေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ အဂၤလန္ပရိသတ္ေတြရဲ႕ပစ္မွတ္ထားတိုက္ခိုက္တာနဲ႔ ရင္ဆိုင္ခဲ့ၿပီး ၂၀၀၆-၀၇ ရာသီမစခင္ ယူႏိုက္တက္အသင္းနဲ႔လမ္းခြဲဖို႔အထိျဖစ္ခဲ့ေပမယ့္ ဖာဂူဆန္ရဲ႕ေဖ်ာင္းဖ်မႈေၾကာင့္ အသင္းမွာဆက္ကစားခဲ့တာျဖစ္သလို အဲဒီရာသီမွာ ယူႏိုက္တက္အသင္းပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ ဖာဂူဆန္က “စီေရာ္နယ္လ္ဒိုဟာ ႐ြန္နီအနီကတ္နဲ႔အထုတ္ခံခဲ့ရလို႔ မ်က္လုံးမွိတ္ျပခဲ့တာမဟုတ္ဘဲ အရန္ခုံေပၚက အသင္းေဖာ္ေတြဟာ သူ႔ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ကစားဖို႔သတိေပးေအာ္ေျပာခဲ့တာေၾကာင့္ အဲဒီလို မ်က္စိမွိတ္ျပခဲ့တာပါ။ ႐ြန္နီဟာလည္း တကယ့္ကို ပေရာ္ဖက္ရွင္နယ္ပီသခဲ့ပါတယ္။ သူက ကြၽန္ေတာ့္ဆီဖုန္းဆက္ၿပီးေတာ့ “ရာသီအစပိုင္းမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတူ ႐ုပ္သံအင္တာဗ်ဴးလုပ္ၿပီးေတာ့ ပရိသတ္ေတြနားလည္ေအာင္ေျဖရွင္းလိုက္ရင္မေကာင္းဘူးလား”လို႔ ေျပာခဲ့ပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ မီဒီယာေတြကလည္း တစ္စိတ္ကိုတစ္အိတ္လုပ္ၿပီးေတာ့ ေရးတာမ်ားပါတယ္။ ႐ြန္နီဟာ စီေရာ္နယ္လ္ဒိုေၾကာင့္အထုတ္ခံခဲ့ရတာမဟုတ္ဘဲ ကာဗယ္လ္ဟိုကို တက္နင္းမိခဲ့တဲ့အတြက္ အနီကတ္ျပခံရတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းလက္ခံၿပီးသားျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ၂၀၀၆ ကမာၻ႔ဖလားမွာ ျပႆနာတက္ခဲ့ၾကေပမယ့္ အဲဒီရာသီမွာ ႐ြန္နီနဲ႔စီေရာ္နယ္လ္ဒိုတို႔က ယူႏိုက္တက္အသင္းအတြက္အတြဲဖက္ညီညီကစားႏိုင္ခဲ့ၿပီး ႏွစ္ေယာက္ေပါင္း(၄၆)ဂိုးအထိသြင္းယူခဲ့သလို (၃)ႏွစ္ၾကာေဝးကြာခဲ့တဲ့ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားရယူေပးႏိုင္ခဲ့ပါတယ္။