
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တစ်ချိန်က အာဂျင်တီးနားအသင်းဂိုးပေါက်မှာ လက်စွမ်းပြကစားခဲ့တဲ့ဂိုးသမားကြီးကားလို့ရိုအာကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။
၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူပါဝင်ကစားခဲ့ပြီး အိုဝင်၊ ဘက်ခမ်၊ ရှီးယားတို့ပါဝင်တဲ့အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့်ပွဲ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ ဒေးဗစ်ဘက်တီရဲ့ အဆုံးအဖြတ်ပယ်နယ်တီကို လက်စွမ်းပြကာကွယ်ခဲ့သူဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ရိုအာဟာ စပိန်ကလပ် မာယော့ကာအသင်းမှာကစားနေတာဖြစ်ပြီး ၁၉၉၈-၉၉ ရာသီမှာ ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ရိုအာရဲ့လက်စွမ်းကို သဘောကျတာကြောင့်
ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် မယုံနိုင်လောက်အောင်ပဲ မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ရိုအာက ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၁၉၉၈-၉၉ ရာသီကုန်မှာ နာမည်ကျော်ဂိုးသမားပီတာရှမိုက်ကယ်နဲ့လမ်းခွဲခဲ့တာကြောင့် ဂိုးသမားနေရာအားဖြည့်ဖို့ ရိုအာကို ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရိုအာက ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို လက်မခံခဲ့ပါဘူး။
သူ့ရဲ့အကြောင်းပြချက်က နည်းနည်းတော့ရယ်စရာကောင်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရိုအာက သက္ကရာဇ် ၂ဝဝဝမှာ ကမ္ဘာပျက်မယ်လို့ယုံကြည်တာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ရိုအာဟာ အသက်(၃၀)အရွယ်မှာပဲ ဘောလုံးသမားဘဝကနေ ရုတ်တရက်အနားယူခဲ့ပြီး ဘာသာရေးအဖွဲ့ဖြစ်တဲ့ Seventh-day Adventist Church အဖွဲ့ဝင်တစ်ဦးအဖြစ် ဘာသာရေးဘက်ကို ဇောက်ချလုပ်ကိုင်ခဲ့တာပါ။
ရိုအာရဲ့ ယုံကြည်မှုက ဘယ်လောက်တောင်ပြင်းထန်သလဲဆိုရင် ၂၀၀၀ ခုနှစ်မှာ သေချာပေါက်ကမ္ဘာပျက်မယ်လို့ ယုံကြည်နေတာကြောင့် မာယော့ကာနဲ့တောင် စာချုပ်သက်တမ်းမတိုးဘဲ စာချုပ်လက်ကျန်ရှိနေတာတောင် ဘောလုံးသမားဘဝက အနားယူဖို့ဆုံးဖြတ်ခဲ့တဲ့အထိဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ သူထင်သလို ကမ္ဘာမပျက်တာကြောင့် ဘောလုံးလောကထဲပြန်ဝင်လာပြီး မာယော့ကာအသင်းမှာ စာချုပ်လက်ကျန်(၂)နှစ်ပြည့်အောင်ဆက်ကစားခဲ့သလို
အဲဒီနောက်မှာ အယ်လ်ဘာစီတီ၊ အိုလံပီကိုအသင်းတွေဆီပြောင်းရွှေ့ကစားခဲ့ပြီးတော့ ၂၀၀၆ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပါတယ်။
အခုအချိန်မှာ အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ ရိုအာက အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အခုလိုပြောခဲ့ပါတယ်။
“အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဘာသာရေးအရမ်းလိုက်စားခဲ့ပြီး Bible ကျမ်းစာတွေကို ဖတ်ရှုလေ့လာနေခဲ့တာဖြစ်ပါတယ်။
ဘောလုံးသမားဘဝက အနားယူဖို့ကို ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာဖြစ်ပေမယ့် အဲဒီအချိန်မှာ ကျွန်တော့်ရဲ့အယူအဆအရမှန်ကန်တယ်လို့ ယူဆခဲ့သလို ကျွန်တော့်မိသားစုကလည်း သဘောတူခဲ့ပါတယ်။
အဲဒီလိုဆုံးဖြတ်လို့ ဝေဖန်မှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပြီး မာယော့ကာအသင်းတာဝန်ရှိသူတွေက ကျွန်တော့်ကို ခေတ်နောက်ပြန်ဆွဲတဲ့သူလို့ ထင်ကြသလို ယူနိုက်တက်အသင်းကို ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးအများကြီးရမှာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို သိပ်တော့မကျေနပ်ခဲ့ကြပါဘူး”လို့ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၂ဝဝဝခုႏွစ္မွာ ကမာၻပ်က္မယ္လို႔ထင္ခဲ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တဲ့ အာဂ်င္တီးနားနာမည္ေက်ာ္ဂိုးသမားေဟာင္း
တစ္ခ်ိန္က အာဂ်င္တီးနားအသင္းဂိုးေပါက္မွာ လက္စြမ္းျပကစားခဲ့တဲ့ဂိုးသမားႀကီးကားလို႔႐ိုအာကို ပရိသတ္ေတြမွတ္မိၾကဦးမွာပါ။ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူပါဝင္ကစားခဲ့ၿပီး အိုဝင္၊ ဘက္ခမ္၊ ရွီးယားတို႔ပါဝင္တဲ့အဂၤလန္အသင္းကို အႏိုင္ရခဲ့တဲ့ရႈံးထြက္(၁၆)သင္းအဆင့္ပြဲ၊ ပယ္နယ္တီအဆုံးအျဖတ္မွာ ေဒးဗစ္ဘက္တီရဲ႕ အဆုံးအျဖတ္ပယ္နယ္တီကို လက္စြမ္းျပကာကြယ္ခဲ့သူျဖစ္ပါတယ္။
အဲဒီအခ်ိန္တုန္းက ႐ိုအာဟာ စပိန္ကလပ္ မာေယာ့ကာအသင္းမွာကစားေနတာျဖစ္ၿပီး ၁၉၉၈-၉၉ ရာသီမွာ ဖလား(၃)လုံးခ်န္ပီယံျဖစ္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက ႐ိုအာရဲ႕လက္စြမ္းကို သေဘာက်တာေၾကာင့္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ မယုံႏိုင္ေလာက္ေအာင္ပဲ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ကမ္းလွမ္းခ်က္ကို ႐ိုအာက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၁၉၉၈-၉၉ ရာသီကုန္မွာ နာမည္ေက်ာ္ဂိုးသမားပီတာရွမိုက္ကယ္နဲ႔လမ္းခြဲခဲ့တာေၾကာင့္ ဂိုးသမားေနရာအားျဖည့္ဖို႔ ႐ိုအာကို ကမ္းလွမ္းခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့လည္း ႐ိုအာက ယူႏိုက္တက္ရဲ႕ကမ္းလွမ္းခ်က္ကို လက္မခံခဲ့ပါဘူး။ သူ႔ရဲ႕အေၾကာင္းျပခ်က္က နည္းနည္းေတာ့ရယ္စရာေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႐ိုအာက သကၠရာဇ္ ၂ဝဝဝမွာ ကမာၻပ်က္မယ္လို႔ယုံၾကည္တာေၾကာင့္ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာပဲျဖစ္ပါတယ္။
ဒါ့အျပင္ ႐ိုအာဟာ အသက္(၃၀)အ႐ြယ္မွာပဲ ေဘာလုံးသမားဘဝကေန ႐ုတ္တရက္အနားယူခဲ့ၿပီး ဘာသာေရးအဖြဲ႕ျဖစ္တဲ့ Seventh-day Adventist Church အဖြဲ႕ဝင္တစ္ဦးအျဖစ္ ဘာသာေရးဘက္ကို ေဇာက္ခ်လုပ္ကိုင္ခဲ့တာပါ။ ႐ိုအာရဲ႕ ယုံၾကည္မႈက ဘယ္ေလာက္ေတာင္ျပင္းထန္သလဲဆိုရင္ ၂၀၀၀ ခုႏွစ္မွာ ေသခ်ာေပါက္ကမာၻပ်က္မယ္လို႔ ယုံၾကည္ေနတာေၾကာင့္ မာေယာ့ကာနဲ႔ေတာင္ စာခ်ဳပ္သက္တမ္းမတိုးဘဲ စာခ်ဳပ္လက္က်န္ရွိေနတာေတာင္ ေဘာလုံးသမားဘဝက အနားယူဖို႔ဆုံးျဖတ္ခဲ့တဲ့အထိျဖစ္ခဲ့တာပါ။
ဒါေပမဲ့ ၂၀၀၀ ခုႏွစ္မွာ သူထင္သလို ကမာၻမပ်က္တာေၾကာင့္ ေဘာလုံးေလာကထဲျပန္ဝင္လာၿပီး မာေယာ့ကာအသင္းမွာ စာခ်ဳပ္လက္က်န္(၂)ႏွစ္ျပည့္ေအာင္ဆက္ကစားခဲ့သလို အဲဒီေနာက္မွာ အယ္လ္ဘာစီတီ၊ အိုလံပီကိုအသင္းေတြဆီေျပာင္းေ႐ႊ႕ကစားခဲ့ၿပီးေတာ့ ၂၀၀၆ ခုႏွစ္မွာ ေဘာလုံးသမားဘဝကေန အနားယူခဲ့ပါတယ္။ အခုအခ်ိန္မွာ အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ႐ိုအာက အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ အခုလိုေျပာခဲ့ပါတယ္။ “အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္ဟာ ဘာသာေရးအရမ္းလိုက္စားခဲ့ၿပီး Bible က်မ္းစာေတြကို ဖတ္ရႈေလ့လာေနခဲ့တာျဖစ္ပါတယ္။
ေဘာလုံးသမားဘဝက အနားယူဖို႔ကို ခက္ခက္ခဲခဲဆုံးျဖတ္ခဲ့ရတာျဖစ္ေပမယ့္ အဲဒီအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕အယူအဆအရမွန္ကန္တယ္လို႔ ယူဆခဲ့သလို ကြၽန္ေတာ့္မိသားစုကလည္း သေဘာတူခဲ့ပါတယ္။ အဲဒီလိုဆုံးျဖတ္လို႔ ေဝဖန္မႈေတြအမ်ားႀကီးနဲ႔ရင္ဆိုင္ခဲ့ရၿပီး မာေယာ့ကာအသင္းတာဝန္ရွိသူေတြက ကြၽန္ေတာ့္ကို ေခတ္ေနာက္ျပန္ဆြဲတဲ့သူလို႔ ထင္ၾကသလို ယူႏိုက္တက္အသင္းကို ေရာင္းခ်ခဲ့ရင္ ေျပာင္းေ႐ႊ႕ေၾကးအမ်ားႀကီးရမွာျဖစ္တဲ့အတြက္ ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္ကို သိပ္ေတာ့မေက်နပ္ခဲ့ၾကပါဘူး”လို႔ဆိုခဲ့ပါတယ္။