
Photo Credit
Photo Credit
ချန်ပီယံလိဂ်မှာ မတူညီတဲ့ကလပ်အသင်းနှစ်သင်းနဲ့အတူ ဖလားရယူထားနိုင်ခဲ့တဲ့ နည်းပြမော်ရင်ညိုရဲ့တစ်ကျော့ပြန်ချန်ပီယံလိဂ်ပွဲက စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး စပါးအသင်းက ဦးဆောင်ဂိုးတွေ စောစောစီးစီးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့လို့ ရှုံးထွက်အဆင့် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စပါးဟာ ပွဲအစအထိုင်မကျသေးခင်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပြီး ပွဲချိန် ၆ မိနစ်မှာ အယ်လ်အရာဘီက အနိမ့်ဘောကန်ချက်နဲ့အတူ အိုလံပီယာကို့စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။
Photo Credit
ပွဲချိန် ၁၉မိနစ်မှာ ထောင့်ကန်ဘောကနေ ရူဘင်ဆီမီဒိုက ဧည့်သည်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူသွားပြီးနောက် မော်ရင်ညိုလည်း သိပ်မကြာခင် ကွင်းလယ်ခံစစ် ဒိုင်ယာရဲ့နေရာမှာ ကွင်းလယ်တိုက်စစ် အဲရစ်ဆင်ကို လူစားလဲကာ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ပထမချေပဂိုးရရှိခဲ့ပြီး ဒါတောင်မှ ပြိုင်ဘက်ကစားသမား မီရီယာရဲ့လက်ဆောင်ပေးမှုကနေ အယ်လီက သွင်းယူခဲ့တာပါ။
Photo Credit
ဒုတိယပိုင်းမှာတော့ ပွဲက စပါးရဲ့ပွဲဖြစ်သွားခဲ့ပြီး ပွဲချိန်မိနစ် ၅၀ မှာ လူးကပ်စ်မိုရာရဲ့ဖြတ်တင်ဘောကနေ ဟယ်ရီကိန်းက ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ဘောကောက်လေးက လျင်လျင်မြန်မြန် ဘောလုံးကောက်ပေးခဲ့လို့ စပါးအသင်း ဂိုးရသွားတာလို့ ဆိုနိုင်ပြီး မော်ရင်ညိုကလည်း အဲဒီကောင်လေးဆီသွားကာ လက်ချင်းရိုက် ပွေ့ဖက်ဂုဏ်ပြုခဲ့ပါတယ်။
The ball boy involved in the build up to Harry Kane’s goal for Spurs 😂 pic.twitter.com/KAWKh20LS3
— Are you shaw? (@Renshaw99) November 26, 2019
Video Credit
အဲဒီနောက် ပွဲချိန် ၇၃ မိနစ်မှာ ညာနောက်ခံလူ အော်ရီယာက စပါးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက် ၄ မိနစ်အကြာမှာ အဲရစ်ဆင်ရဲ့ပြစ်ဒဏ်ဘောကနေ ဟယ်ရီကိန်းကပဲ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၂၀ပြည့်ဖို့ ပွဲအနည်းဆုံးကစားသူအဖြစ် ၂၄ ပွဲနဲ့ စံချိန်သစ်တင်နိုင်ခဲ့ပြီး အရင်ကတော့ အီတလီတိုက်စစ်မှူးဟောင်း ဒယ်လ်ပီယာရိုက ဂျူဗင်တပ်စ်အသင်းမှာ ကစားစဉ် ၂၆ ပွဲနဲ့ စံချိန်တင်ထားခဲ့တာပါ။
Photo Credit
Zawgyi
၂ဂိုးျပတ္႐ံႈးနိမ့္ေနရာကေန ၂ဂိုးျပတ္အႏုိင္ရသြားတ့ဲ စပါးနည္းျပဘ၀ ေမာ္ရင္ညိဳရဲ႕အိမ္ကြင္းအဖြင့္ပြဲ
ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ကလပ္အသင္းႏွစ္သင္းနဲ႔အတူ ဖလားရယူထားႏိုင္ခဲ့တဲ့ နည္းျပေမာ္ရင္ညိဳရဲ႕တစ္ေက်ာ့ျပန္ခ်န္ပီယံလိဂ္ပြဲက စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး စပါးအသင္းက ဦးေဆာင္ဂိုးေတြ ေစာေစာစီးစီးေပးခဲ့ရေပမယ့္ ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြ သြင္းယူႏိုင္ခဲ့လုိ႔ ႐ံႈးထြက္အဆင့္ တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။ စပါးဟာ ပြဲအစအထုိင္မက်ေသးခင္မွာပဲ ဦးေဆာင္ဂိုးေပးလုိက္ရၿပီး ပြဲခ်ိန္ ၆ မိနစ္မွာ အယ္လ္အရာဘီက အနိမ့္ေဘာကန္ခ်က္နဲ႔အတူ အိုလံပီယာကို႔စ္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူသြားပါတယ္။
ပြဲခ်ိန္ ၁၉မိနစ္မွာ ေထာင့္ကန္ေဘာကေန ႐ူဘင္ဆီမီဒိုက ဧည့္သည္အသင္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးသြင္းယူသြားၿပီးေနာက္ ေမာ္ရင္ညိဳလည္း သိပ္မၾကာခင္ ကြင္းလယ္ခံစစ္ ဒိုင္ယာရဲ႕ေနရာမွာ ကြင္းလယ္တုိက္စစ္ အဲရစ္ဆင္ကို လူစားလဲကာ အေကာင္းဆုံးတုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ပထမေခ်ပဂိုးရရွိခဲ့ၿပီး ဒါေတာင္မွ ၿပိဳင္ဘက္ကစားသမား မီရီယာရဲ႕လက္ေဆာင္ေပးမႈကေန အယ္လီက သြင္းယူခ့ဲတာပါ။
ဒုတိယပိုင္းမွာေတာ့ ပဲြက စပါးရဲ႕ပြဲျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၅၀ မွာ လူးကပ္စ္မုိရာရဲ႕ျဖတ္တင္ေဘာကေန ဟယ္ရီကိန္းက ဒုတိယေျမာက္ေခ်ပဂုိးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီေနရာမွာ ေဘာေကာက္ေလးက လ်င္လ်င္ျမန္ျမန္ ေဘာလုံးေကာက္ေပးခဲ့လုိ႔ စပါးအသင္း ဂိုးရသြားတာလုိ႔ ဆုိႏုိင္ၿပီး ေမာ္ရင္ညိဳကလည္း အဲဒီေကာင္ေလးဆီသြားကာ လက္ခ်င္း႐ိုက္ ေပြ႕ဖက္ဂုဏ္ျပဳခဲ့ပါတယ္။
အဲဒီေနာက္ ပြဲခ်ိန္ ၇၃ မိနစ္မွာ ညာေနာက္ခံလူ ေအာ္ရီယာက စပါးအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေနာက္ ၄ မိနစ္အၾကာမွာ အဲရစ္ဆင္ရဲ႕ျပစ္ဒဏ္ေဘာကေန ဟယ္ရီကိန္းကပဲ အဆုံးသတ္ဂုိးသြင္းယူႏိုင္ခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၂၀ျပည့္ဖို႔ ပြဲအနည္းဆုံးကစားသူအျဖစ္ ၂၄ ပြဲနဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့ၿပီး အရင္ကေတာ့ အီတလီတုိက္စစ္မွဴးေဟာင္း ဒယ္လ္ပီယာ႐ိုက ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားစဥ္ ၂၆ ပြဲနဲ႔ စံခ်ိန္တင္ထားခဲ့တာပါ။