
Photo Credit
Photo Credit
အရေးကြီးအချက်များ
– ယခုရာသီ ယူနိုက်တက်ရဲ့လိဂ်အဝေးကွင်းပွဲတွေအနက် ၇၃%က နှစ်သင်းပေါင်းသွင်းဂိုး ၃ဂိုးထက် ပိုနည်းခဲ့။
– လီဗာပူးဟာ လိဂ်နောက်ဆုံး ၆ပွဲဆက် ပေးဂိုးမရှိအနိုင်ရထား။
– ယူနိုက်တက်ဟာ ယခုရာသီပရီးမီးယားလိဂ် အဝေးကွင်းမှာ ၅ပွဲအထိ အရေးနိမ့်ထားပြီး အဲဒီ ၅ပွဲစလုံး ဂိုးပေါက်ပျောက်ခဲ့ရသလို ၂-၀ ဂိုးနဲ့အရေးနိမ့်တဲ့ပွဲ ၃ပွဲရှိနေ။
Photo Credit
ခါးသီးပြိုင်ဘက်ကို လက်စားချေဖို့ အန်ဖီးလ်မှာ စောင့်နေတဲ့လီဗာပူး
လီဗာပူးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က စပါးကို လန်ဒန်မှာ ချန်ပီယံခြေစွမ်းပြသပြီး ဝ-၁ ဂိုးနဲ့အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆု ရယူဖို့ ခြေတစ်လှမ်းထပ်တိုးနိုင်ခဲ့ပါတယ်။
Photo Credit
သူတို့ဟာ ဒီရာသီမှာ စုစုပေါင်း ၂မှတ်ပဲ အမှတ်လျော့ထားပြီး အဲဒါကလည်း စူပါဆန်းဒေးမှာ ကစားမယ့် ပြိုင်ဘက် ယူနိုက်တက်နဲ့ အဝေးကွင်းမှာ သရေကျခဲ့တာဖြစ်ပေမယ့် ကျန်ပွဲတိုင်း အနိုင်ရထားလို့ အခုဆိုရင် ထိပ်ဆုံးကနေ ၁၄ မှတ်အသာနဲ့ သက်သောင့်သက်သာဦးဆောင်နေပါတယ်။
Photo Credit
လီဗာပူးဟာ အန်ဖီးလ်မှာ လိဂ် ၁၈ပွဲဆက်အနိုင်ရထားပြီး ၂၀၁၇ ဧပြီလနောက်ပိုင်း လိဂ်အိမ်ကွင်းရှုံးပွဲမရှိကစားထားပါတယ်။ ဒီအတွက်ကြောင့်လည်း အိမ်ရှင်ပရိသတ်တွေအနေနဲ့ အခါးသီးဆုံးပြိုင်ဘက်ကို အိမ်ကွင်းမှာအနိုင်ယူဖို့ ယုံကြည်ချက်ပြင်းထန်နေတာဖြစ်ပါတယ်။
Photo Credit
အားရစရာမရှိတဲ့ယူနိုက်တက်ရဲ့ အဝေးကွင်းမှတ်တမ်း
ယူနိုက်တက်ဟာ ဒီရာသီ လီဗာပူးအသင်း အမှတ်ပြည့်မရယူနိုင်တဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပေမယ့် ပ-အကျော့ကအခြေအနေနဲ့ လက်ရှိအခြေအနေက လုံးဝကိုကွာခြားနေပါပြီ။ အထူးသဖြင့် ယူနိုက်တက်ရဲ့အဝေးကွင်းမှတ်တမ်းက ဆိုးရွားနေပြီး လိဂ်အဝေးကွင်း ၁၁ပွဲမှာ ၃ပွဲပဲအနိုင်ရထားသလို ရှုံးပွဲကလည်း ၅ပွဲအထိရှိနေပါတယ်။
ပြီးတော့ အဲဒီရှုံးပွဲတွေမှာလည်း ဂိုးပေါက်ပျောက်ခဲ့ရပြီး ယူနိုက်တက်ရဲ့လိဂ်အဝေးကွင်း ၁၁ပွဲအနက် နှစ်သင်းပေါင်းသွင်းဂိုး အနည်းဆုံး ၃ဂိုးရှိတာက စုစုပေါင်း ၃ပွဲပဲရှိပါတယ်။
Photo Credit
ခံစစ်ပြန်ငြိမ်လာတဲ့လီဗာပူးနဲ့ တိုက်စစ်ဆွံ့အတတ်တဲ့ ယူနိုက်တက်တို့ အဆုံ
ယူနိုက်တက်က အဝေးကွင်းမှာ ဂိုးသွင်းစွမ်းရည်ပြသနိုင်ဖို့ ရုန်းကန်နေရချိန်မှာ လီဗာပူးကတော့ မနှစ်ကလိုတည်ငြိမ်တဲ့ခံစစ် ပြန်ရလာပါတယ်။ လီဗာပူးက လိဂ်အိမ်ကွင်းနောက်ဆုံး ၃ပွဲအနက် ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲ ၂ပွဲရှိထားသလို ယူနိုက်တက်ရဲ့ဒီရာသီအဝေးကွင်း ရှုံးပွဲတွေအနက် ၂-၀ ဂိုးရလဒ်နဲ့အရေးနိမ့်တာက ၃ပွဲအထိရှိနေပါတယ်။
Photo Credit
ကြေးအနေအထားအရတော့ လီဗာပူးက လက်ရှိအချိန်အထိ မူလဖွင့်လှစ်မှု ၁-၄၀ ကနေ ၁-၆၀ ဖြစ်နေပြီး ဂိုးပေါင်းကတော့ ၃+၄၀ မှာပဲ ငြိမ်သက်နေပါတယ်။ လီဗာပူးဘော်ဒီပဲ ကစားသင့်ပြီး ၂-၀ ဆိုတဲ့ဂိုးရလဒ်ကို အပျင်းပြေကစားကြည့်ပါ။
Photo Credit
Zawgyi
၁-၆၀ အကျောပေးထားတဲ့ လီဗာပူး အောင်နိုင်မလား…လီဗာပူး – ယူနိုက်တက်ပွဲကြိုခန့်မှန်းချက်
အရေးကြီးအချက်များ