၁-၄ ဂိုးနဲ့အရေးနိမ့်နေရာကနေ ၂ယောက်လျော့အေဂျက်စ်ကို သရေကစားခဲ့တဲ့ ချဲလ်ဆီး

Photo Credit

Photo Credit

အတော်လေးစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းက ၁-၄ ဂိုးနဲ့အရေးနိမ့်နေရာကနေ ၂ယောက်လျော့အေဂျက်စ်ကို ၄-၄ ဂိုးသရေကစားကာ အရေးပါတဲ့သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ ယမန်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့တဲ့နယ်သာလန်အမှတ်ပေးချန်ပီယံ အေဂျက်စ်ဟာ ဒုတိယပိုင်းပြန်အစ ၁၀မိနစ်အကြာမှာ ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ဂိုးကြောင့် ၁-၄ ဂိုးနဲ့ဦးဆောင်ကာ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးက စိတ်ဓာတ်မကျဘဲ အကောင်းဆုံးပြန်လာနိုင်ခဲ့တာပါ။

Photo Credit

ပွဲချိန် ၆၃ မိနစ်မှာ အသင်းခေါင်းဆောင်အက်စ်ပီလီကျူတာက ၂-၄ ဂိုးဖြစ်စေမယ့်ချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲချိန် ၆၈ မိနစ်မှာ ပွဲကဇာတ်ရှိန်အမြင့်ဆုံးရောက်သွားပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို အေဂျက်စ်နောက်ခံလူ ဒါလေးဘလင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ချိန် ကွင်းလယ်ဒိုင် ရော့ချီက ပွဲဆက်ကစားခွင့်ပြုခဲ့ပြီး ကန်ချက်က အေဂျက်စ်ရဲ့ပင်နယ်တီဧရိယာအတွင်း ဧည့်သည်နောက်ခံလူ ဗဲလ်မန်းရဲ့လက်မောင်းနဲ့သွားထိခဲ့ပါတယ်။

Photo Credit ; AP

ရော့ချီက ချဲလ်ဆီးအသင်းကို ပင်နယ်တီကန်ခွင့်ပြုခဲ့ပြီး ဘလင်းကိုလည်း ဒုတိယမြောက်အဝါကတ်ပြသကာ ထုတ်ပယ်ခဲ့သလို လက်ထိဘောကျူးလွန်ခဲ့တဲ့ ဗဲလ်မန်းကိုလည်း ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပါတယ်။ ဂျော်ဂျင်ညိုက ဒီပွဲရဲ့ဒုတိယမြောက်ပင်နယ်တီကန်သွင်းမှုအဖြစ် တတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီနောက် ပွဲချိန် ၇၄ မိနစ်မှာ နောက်ခံလူဇူးမားရဲ့ခေါင်းတိုက်ချက် ဘားထိပြန်ထွက်လာတာကို နောက်ခံလူ ရီဆီဂျိမ်းစ်က အနိမ့်ဘောပိတ်သွင်းယူနိုင်ခဲ့လို့ ချဲလ်ဆီးအသင်း စတုတ္ထမြောက်ချေပဂိုးရရှိခဲ့သလို အသက် ၁၉နှစ်အရွယ်ရှိ ဂျိမ်းစ်က ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးချန်ပီယံလိဂ်ဂိုးသွင်းရှင်ဖြစ်လာပါတယ်။

Photo Credit

အဲဒီနောက် ချဲလ်ဆီးအသင်းက အနိုင်ဂိုးရဖို့ ဖိအားပေးကစားခဲ့ပြီး ပွဲပြီးခါနီးမှာ အက်စ်ပီလီကျူတာက ပဉ္စမြောက်ဂိုးသွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲရတော့မယ်လု့ိ ထင်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ တိုက်စစ်မှူးအေဘရာဟမ်ရဲ့လက်နဲ့ထိနေလို့ ဂိုးအဖြစ် ခွင့်ပြုမခံခဲ့ရပါဘူး။ ပွဲအစကတည်းက ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး ၄မိနစ်အတွင်း အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ခဲ့ရပါတယ်။

Photo Credit

ပွဲအစ ၂မိနစ်မှာ ပရိုမက်စ်ရဲ့ဖရီးကစ်ကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ် ကိုယ့်ဂိုးကိုယ်သွင်းမိသွားသလို ပွဲချိန် ၄မိနစ်မှာ ပူလီဆစ်ကြောင့် ရရှိလာတဲ့ပင်နယ်တီကို ဂျော်ဂျင်ညိုက ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် အေဂျက်စ်က ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဇီယက်ချ်ရဲ့လှပတဲ့ထောင့်ဖြတ်ဘောကနေ ပရိုမက်စ်က ခေါင်းတိုက်သွင်းကာ ဒုတိယဂိုး၊ ဇီယက်ချ်ရဲ့ဖရီးကစ်ကန်သွင်းချက် တိုင်ထိထွက်ကာ ချဲလ်ဆီးဂိုးသမား ကီပါနဲ့ထိပြီး ဝင်သွားလို့ တတိယမြောက်ဂိုးတွေရရှိခဲ့ပါတယ်။

Photo Credit ; AP

ဒီပွဲမှာ သရေကျခဲ့တာကြောင့် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်နိုင်မယ့်အသင်းတွေက မှန်းဆရပိုခက်သွားပြီး ချဲလ်ဆီးရော အေဂျက်စ်ပါ လိုင်လီကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဗလန်စီယာနဲ့ ၇ မှတ်စီတူသွားပါတယ်။ ချဲလ်ဆီးအနေနဲ့ အုပ်စုပွဲစဉ် ၅အဖြစ် နိုဝင်ဘာလ ၂၇ရက်နေ့မှာ ဗလန်စီယာနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

၁-၄ ဂိုးနဲ႔အေရးနိမ့္ေနရာကေန ၂ေယာက္ေလ်ာ့ေအဂ်က္စ္ကို သေရကစားခဲ့တဲ့ ခ်ဲလ္ဆီး

အေတာ္ေလးစိတ္လႈပ္ရွားစရာေကာင္းတဲ့ပြဲျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းက ၁-၄ ဂိုးနဲ႔အေရးနိ္မ့္ေနရာကေန ၂ေယာက္ေလ်ာ့ေအဂ်က္စ္ကို ၄-၄ ဂိုးသေရကစားကာ အေရးပါတဲ့သေရတစ္မွတ္ရယူႏိုင္ခဲ့ပါတယ္။ ယမန္ႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အထိတက္ေရာက္ႏိုင္ခဲ့တဲ့နယ္သာလန္အမွတ္ေပးခ်န္ပီယံ ေအဂ်က္စ္ဟာ ဒုတိယပိုင္းျပန္အစ ၁၀မိနစ္အၾကာမွာ ကြင္းလယ္လူ ဗန္ဒီဘိခ္ရဲ႕ဂုိးေၾကာင့္ ၁-၄ ဂိုးနဲ႔ဦးေဆာင္ကာ အႏိုင္ရဖို႔ နီးစပ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးက စိတ္ဓာတ္မက်ဘဲ အေကာင္းဆုံးျပန္လာႏုိင္ခဲ့တာပါ။
ပြဲခ်ိန္ ၆၃ မိနစ္မွာ အသင္းေခါင္းေဆာင္အက္စ္ပီလီက်ဴတာက ၂-၄ ဂိုးျဖစ္ေစမယ့္ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ပြဲခ်ိန္ ၆၈ မိနစ္မွာ ပြဲကဇာတ္ရွိန္အျမင့္ဆုံးေရာက္သြားပါတယ္။ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္ကို ေအဂ်က္စ္ေနာက္ခံလူ ဒါေလးဘလင္း ျပစ္ဒဏ္က်ဴးလြန္ခဲ့ခ်ိန္ ကြင္းလယ္ဒိုင္ ေရာ့ခ်ီက ပြဲဆက္ကစားခြင့္ျပဳခဲ့ၿပီး ကန္ခ်က္က ေအဂ်က္စ္ရဲ႕ပင္နယ္တီဧရိယာအတြင္း ဧည့္သည္ေနာက္ခံလူ ဗဲလ္မန္းရဲ႕လက္ေမာင္းနဲ႔သြားထိခဲ့ပါတယ္။
ေရာ့ခ်ီက ခ်ဲလ္ဆီးအသင္းကို ပင္နယ္တီကန္ခြင့္ျပဳခဲ့ၿပီး ဘလင္းကိုလည္း ဒုတိယေျမာက္အ၀ါကတ္ျပသကာ ထုတ္ပယ္ခဲ့သလို လက္ထိေဘာက်ဴးလြန္ခဲ့တဲ့ ဗဲလ္မန္းကိုလည္း ၿပိဳင္ပဲြကေန ထုတ္ပယ္လုိက္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳက ဒီပြဲရဲ႕ဒုတိယေျမာက္ပင္နယ္တီကန္သြင္းမႈအျဖစ္ တတိယေျမာက္ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အဲဒီေနာက္ ပြဲခ်ိန္ ၇၄ မိနစ္မွာ ေနာက္ခံလူဇူးမားရဲ႕ေခါင္းတုိက္ခ်က္ ဘားထိျပန္ထြက္လာတာကို ေနာက္ခံလူ ရီဆီဂ်ိမ္းစ္က အနိမ့္ေဘာပိတ္သြင္းယူႏုိင္ခဲ့လုိ႔ ခ်ဲလ္ဆီးအသင္း စတုတၳေျမာက္ေခ်ပဂိုးရရွိခဲ့သလို အသက္ ၁၉ႏွစ္အရြယ္ရွိ ဂ်ိမ္းစ္က ခ်ဲလ္ဆီးအသင္းသမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးခ်န္ပီယံလိဂ္ဂုိးသြင္းရွင္ျဖစ္လာပါတယ္။
အဲဒီေနာက္ ခ်ဲလ္ဆီးအသင္းက အႏုိင္ဂိုးရဖို႔ ဖိအားေပးကစားခဲ့ၿပီး ပြဲၿပီးခါနီးမွာ အက္စ္ပီလီက်ဴတာက ပဥၥေျမာက္ဂိုးသြင္းယူကာ အံ့အားသင့္ဖြယ္ႏိုင္ပြဲရေတာ့မယ္လု႔ိ ထင္မွတ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ တုိက္စစ္မွဴးေအဘရာဟမ္ရဲ႕လက္နဲ႔ထိေနလုိ႔ ဂိုးအျဖစ္ ခြင့္ျပဳမခံခဲ့ရပါဘူး။ ပြဲအစကတည္းက ပရိသတ္ကုိ ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့ၿပီး ၄မိနစ္အတြင္း အျပန္အလွန္သြင္းဂိုးေတြျမင္ေတြ႕ခဲ့ရပါတယ္။
ပြဲအစ ၂မိနစ္မွာ ပ႐ိုမက္စ္ရဲ႕ဖရီးကစ္ကို ဖ်က္ထုတ္ဖို႔ ႀကိဳးစားရင္း ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္ ကိုယ့္ဂုိးကုိယ္သြင္းမိသြားသလို ပဲြခ်ိန္ ၄မိနစ္မွာ ပူလီဆစ္ေၾကာင့္ ရရွိလာတဲ့ပင္နယ္တီကို ေဂ်ာ္ဂ်င္ညိဳက ေခ်ပဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္ ေအဂ်က္စ္က ပြဲကို ျပန္လည္ဦးေဆာင္ႏုိင္ခဲ့ၿပီး ဇီယက္ခ်္ရဲ႕လွပတဲ့ေထာင့္ျဖတ္ေဘာကေန ပ႐ိုမက္စ္က ေခါင္းတိုက္သြင္းကာ ဒုတိယဂိုး၊ ဇီယက္ခ်္ရဲ႕ဖရီးကစ္ကန္သြင္းခ်က္ တိုင္ထိထြက္ကာ ခ်ဲလ္ဆီးဂိုးသမား ကီပါနဲ႔ထိၿပီး ၀င္သြားလုိ႔ တတိယေျမာက္ဂိုးေတြရရွိခ့ဲပါတယ္။
ဒီပြဲမွာ သေရက်ခဲ့တာေၾကာင့္ အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္တက္ႏိုင္မယ့္အသင္းေတြက မွန္းဆရပိုခက္သြားၿပီး ခ်ဲလ္ဆီးေရာ ေအဂ်က္စ္ပါ လုိင္လီကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ဗလန္စီယာနဲ႔ ၇ မွတ္စီတူသြားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ အုပ္စုပြဲစဥ္ ၅အျဖစ္ ႏို၀င္ဘာလ ၂၇ရက္ေန႔မွာ ဗလန္စီယာနဲ႔အေ၀းကြင္းပဲြကစားရမွာျဖစ္ပါတယ္။