၁၉၉၉ ဖလား(၃)လုံးချန်ပီယံအသင်းရဲ့ စံချိန်ကို လက်ရှိယူနိုက်တက်အသင်း ချိုးဖျက်နိုင်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အပြိုင်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ထိပ်ဆုံးက မန်စီးတီးနဲ့ အမှတ်မပြတ်ဖို့အတွက် အာဆင်နယ်နဲ့ပွဲမှာ ရလဒ်ကောင်းတစ်ခု ရယူဖို့လိုအပ်နေသလို သူတို့အသင်းရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ချိုးဖျက်နိုင်ဖို့အတွက်လည်း ကြိုးစားရမှာဖြစ်ပါတယ်။

အဲဒါကတော့ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ် ဖလား(၃)လုံးရခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းက တင်ရှိထားတဲ့ ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိ ပွဲဆက်အများဆုံးစံချိန်ပါပဲ။ အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ ၂၀၂၀၊ ဇန်နဝါရီလတုန်းက လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိခဲ့တာက (၁)နှစ်ကျော်ကြာရှိလာပါပြီ။

အတိအကျပြောရရင်တော့ အသင်းကို ဘရူနိုဖာနန်ဒက်စ်ရောက်လာပြီးကတည်းက ယူနိုက်တက်ဟာ အဝေးကွင်းရှုံးပွဲ မရှိတော့တာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာကတည်းက အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး အဝေးကွင်းမှာဆို ပိုခြေစွမ်းပြလေ့ရှိပါတယ်။

၂၀၂၀၊ ဖေဖော်ဝါရီလကစလို့ အဝေးကွင်း သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ဘရူနိုဖာနန်ဒက်စ်က (၁၂)ဂိုးနဲ့အများဆုံးဖြစ်နေသလို ဂိုးဖန်တီးမှုမှာလည်း စုစုပေါင်း(၇)ကြိမ်နဲ့ ထိပ်ဆုံးမှာရပ်တည်နေတာပါ။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်အသင်းဟာ ၁၉၉၉ ဖလား(၃)လုံးချန်ပီယံ အသင်းတင်ရှိခဲ့တဲ့ အဝေးကွင်း (၁၇)ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ပြီးခဲ့တဲ့တစ်ပတ်က ဖူလ်ဟမ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အမီလိုက်နိုင်ခဲ့ပြီး အခုညကစားမယ့် အာဆင်နယ်နဲ့ပွဲမှာ မရှုံးခဲ့ရင်တော့ စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဝေးကွင်း(၁၇)ပွဲဆက်ရှုံးပွဲမရှိ မှတ်တမ်းကို ပြန်ကြည့်ရင် (၁၃)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ (၅၁)မှတ်ထဲက (၄၃)မှတ်အထိ ရယူနိုင်ခဲ့သလို ရှုံးနိမ့်နေတဲ့အနေအထားကနေ နိုင်ပွဲရပြီး စုစုပေါင်း (၂၃)မှတ်အထိရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ(၁၇)ပွဲမှာ ယူနိုက်တက်ရဲ့ ဘောလုံးပိုင်ဆိုင်မှုက ပျမ်းမျှ(၅၅%)အောက်သာ ရှိခဲ့ပေမယ့် ဘောလုံးပေးပို့မှု စွမ်းရည်ဟာ (၈၄%)ရှိခဲ့တဲ့အပြင် စုစုပေါင်း(၃၈)ဂိုးအထိ သွင်းယူခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ (၂)ဂိုးနှုန်း သွင်းယူနိုင်ခဲ့ပါတယ်။

ဒ့ါအပြင် ယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု (၂၂၃)ကြိမ်ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်တာက (၉၇)ကြိမ်ရှိခဲ့သလို ခံစစ်စွမ်းဆောင်ရည်မှာတော့ ပြိုင်ဘက်အသင်းတွေက ဂိုးပေါက်ကန်သွင်းမှု အကြိမ်ပေါင်း(၂၁၀)ရှိခဲ့ပေမယ့် (၅၇)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့ ခံစစ်စွမ်းဆောင်ချက်က အကောင်းဆုံး မဖြစ်ခဲ့ဘဲ (၁၇)ပွဲမှာ အနည်းဆုံး(၁)ဂိုးပေးပြီးနောက်က လိုက်ကစားခဲ့ရတာက (၉)ပွဲအထိရှိခဲ့ပေမယ့် အဲဒီ(၉)ပွဲစလုံးကိုတော့ အနိုင်ကစားခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက မန်စီးတီးနဲ့ တစ်ပွဲပို၊ (၁)မှတ်လျော့နေတာကြောင့် အခုကစားမယ့် အာဆင်နယ်နဲ့ပွဲမှာ အမှားခံလို့ မရတော့ပါဘူး။

ယူနိုက်တက်အသင်း အာဆင်နယ်နဲ့ပွဲမှာ ရလဒ်ကောင်းတစ်ခု ရယူပြီး ၁၉၉၉ ဖလား(၃)လုံးချန်ပီယံအသင်းရဲ့ အဝေးကွင်းရှုံးပွဲမရှိ ပွဲဆက်အများဆုံး စံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၁၉၉၉ ဖလား(၃)လုံးခ်န္ပီယံအသင္းရဲ႕ စံခ်ိန္ကို လက္ရွိယူႏိုက္တက္အသင္း ခ်ိဳးဖ်က္ႏိုင္မလား

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးနဲ႔ အၿပိဳင္ျဖစ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္နဲ႔ အေဝးကြင္းပြဲစဥ္အျဖစ္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ထိပ္ဆုံးက မန္စီးတီးနဲ႔ အမွတ္မျပတ္ဖို႔အတြက္ အာဆင္နယ္နဲ႔ပြဲမွာ ရလဒ္ေကာင္းတစ္ခု ရယူဖို႔လိုအပ္ေနသလို သူတို႔အသင္းရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ခ်ိဳးဖ်က္ႏိုင္ဖို႔အတြက္လည္း ႀကိဳးစားရမွာျဖစ္ပါတယ္။ အဲဒါကေတာ့ ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္၊ FA ဖလား၊ ခ်န္ပီယံလိဂ္ ဖလား(၃)လုံးရခဲ့တဲ့ ၁၉၉၉ ခုႏွစ္တုန္းက တင္ရွိထားတဲ့ ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိ ပြဲဆက္အမ်ားဆုံးစံခ်ိန္ပါပဲ။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းဟာ ၂၀၂၀၊ ဇန္နဝါရီလတုန္းက လီဗာပူးလ္အသင္းကို အေဝးကြင္းမွာ (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိခဲ့တာက (၁)ႏွစ္ေက်ာ္ၾကာရွိလာပါၿပီ။

အတိအက်ေျပာရရင္ေတာ့ အသင္းကို ဘ႐ူႏိုဖာနန္ဒက္စ္ေရာက္လာၿပီးကတည္းက ယူႏိုက္တက္ဟာ အေဝးကြင္းရႈံးပြဲ မရွိေတာ့တာျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိလာကတည္းက အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ၿပီး အေဝးကြင္းမွာဆို ပိုေျခစြမ္းျပေလ့ရွိပါတယ္။ ၂၀၂၀၊ ေဖေဖာ္ဝါရီလကစလို႔ အေဝးကြင္း သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္က (၁၂)ဂိုးနဲ႔အမ်ားဆုံးျဖစ္ေနသလို ဂိုးဖန္တီးမႈမွာလည္း စုစုေပါင္း(၇)ႀကိမ္နဲ႔ ထိပ္ဆုံးမွာရပ္တည္ေနတာပါ။ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ယူႏိုက္တက္အသင္းဟာ ၁၉၉၉ ဖလား(၃)လုံးခ်န္ပီယံ အသင္းတင္ရွိခဲ့တဲ့ အေဝးကြင္း (၁၇)ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ကို ၿပီးခဲ့တဲ့တစ္ပတ္က ဖူလ္ဟမ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ အမီလိုက္ႏိုင္ခဲ့ၿပီး အခုညကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွာ မရႈံးခဲ့ရင္ေတာ့ စံခ်ိန္သစ္တင္ႏိုင္မွာျဖစ္ပါတယ္။

လက္ရွိယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္အေဝးကြင္း(၁၇)ပြဲဆက္ရႈံးပြဲမရွိ မွတ္တမ္းကို ျပန္ၾကည့္ရင္ (၁၃)ပြဲႏိုင္၊ (၄)ပြဲသေရက်ခဲ့ၿပီး ျဖစ္ႏိုင္ေျခရွိတဲ့ (၅၁)မွတ္ထဲက (၄၃)မွတ္အထိ ရယူႏိုင္ခဲ့သလို ရႈံးနိမ့္ေနတဲ့အေနအထားကေန ႏိုင္ပြဲရၿပီး စုစုေပါင္း (၂၃)မွတ္အထိရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီ(၁၇)ပြဲမွာ ယူႏိုက္တက္ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈက ပ်မ္းမွ်(၅၅%)ေအာက္သာ ရွိခဲ့ေပမယ့္ ေဘာလုံးေပးပို႔မႈ စြမ္းရည္ဟာ (၈၄%)ရွိခဲ့တဲ့အျပင္ စုစုေပါင္း(၃၈)ဂိုးအထိ သြင္းယူခဲ့တာေၾကာင့္ တစ္ပြဲပ်မ္းမွ် (၂)ဂိုးႏႈန္း သြင္းယူႏိုင္ခဲ့ပါတယ္။ ဒ့ါအျပင္ ယူႏိုက္တက္အသင္းဟာ ဂိုးေပါက္ကန္သြင္းမႈ (၂၂၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ဂိုးေပါက္တည့္တာက (၉၇)ႀကိမ္ရွိခဲ့သလို ခံစစ္စြမ္းေဆာင္ရည္မွာေတာ့ ၿပိဳင္ဘက္အသင္းေတြက ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ေပါင္း(၂၁၀)ရွိခဲ့ေပမယ့္ (၅၇)ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာပါ။ ဒါေပမဲ့ ယူႏိုက္တက္အသင္းရဲ႕ ခံစစ္စြမ္းေဆာင္ခ်က္က အေကာင္းဆုံး မျဖစ္ခဲ့ဘဲ (၁၇)ပြဲမွာ အနည္းဆုံး(၁)ဂိုးေပးၿပီးေနာက္က လိုက္ကစားခဲ့ရတာက (၉)ပြဲအထိရွိခဲ့ေပမယ့္ အဲဒီ(၉)ပြဲစလုံးကိုေတာ့ အႏိုင္ကစားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ယူႏိုက္တက္အသင္းဟာ ထိပ္ဆုံးက မန္စီးတီးနဲ႔ တစ္ပြဲပို၊ (၁)မွတ္ေလ်ာ့ေနတာေၾကာင့္ အခုကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွာ အမွားခံလို႔ မရေတာ့ပါဘူး။ ယူႏိုက္တက္အသင္း အာဆင္နယ္နဲ႔ပြဲမွာ ရလဒ္ေကာင္းတစ္ခု ရယူၿပီး ၁၉၉၉ ဖလား(၃)လုံးခ်န္ပီယံအသင္းရဲ႕ အေဝးကြင္းရႈံးပြဲမရွိ ပြဲဆက္အမ်ားဆုံး စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။