၁၉၉၂ အိပ်မက်တွေကို အသက်ပြန်သွင်းဖို့ ဆက်လက်ချီတက်နေဆဲ ဒိန်းမတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ပြိုင်ပွဲမှာ မထင်မှတ်တဲ့အနေအထားကနေ အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့တဲ့ဒိန်းမတ်အသင်းဟာ

အခုဆိုရင် ကွာတားဖိုင်နယ်မှာ ချက်အသင်းကို အနိုင်ယူပြပြီး ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိသွားပါပြီ။

အဓိကကွင်းလယ်လူ အဲရစ်ဆင်ရဲ့အဖြစ်အပျက်ကြောင့်သာမက အုပ်စုတွင်းနှစ်ပွဲဆက်ရှုံးခဲ့လို့ ဒိန်းမတ်အသင်းတို့ အိမ်ပြန်စောပြီလို့ အားလုံးတွက်ခဲ့ကြပေမယ့်

အုပ်စုနောက်ဆုံးပွဲမှာ ရုရှားကို ဂိုးပြတ်အနိုင်ယူပြီးတော့ အုပ်စုကတက်ခဲ့သလို ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဝေးလ်စ်နဲ့ အခု ကွာတားဖိုင်နယ်မှာ ချက်တို့ကို ဆက်တိုက်အနိုင်ယူပြပြီး

ယူရို-၁၉၉၂ ပြိုင်ပွဲတုန်းက တစ်ကမ္ဘာလုံးကပရိသတ်တွေ အံ့အားသင့်သွားအောင်လုပ်ပြခဲ့သလိုမျိုး နောက်တစ်ကြိမ်စွမ်းဆောင်ဖို့အတွက် ရှေ့ဆက်ချီတက်နေဆဲပါပဲ။

ချက်အသင်းကလည်း ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက နာမည်ကြီးနယ်သာလန်ကို ဖြုတ်ချခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း

ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်တက်ခွင့်ရရေးအတွက် ကြိုးစားခဲ့ပေမယ့် ဒိန်းမတ်အသင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

နှစ်သင်းစလုံးက ခြေစွမ်းအရရော၊ ကစားသမားစုဖွဲ့မှုအရပါ မကွာခြားတာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ဒိန်းမတ်အသင်းက အခွင့်အရေးပိုရခဲ့တယ်လို့ပြောရမယ်။

ပွဲအစ(၅)မိနစ်မှာပဲ ထောင့်ကန်ဘောကနေ Marking မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ ဒီလေးနီက ခေါင်းတိုက်သွင်းယူခဲ့ပြီး အဖွင့်ဂိုးစောစောစီးစီးရခဲ့တဲ့အတွက်လည်း

ဒိန်းမတ်အသင်း ပွဲကို ထိန်းချုပ်ကစားခွင့်ရခဲ့ပါတယ်။

ဘာစီလိုနာရဲ့အပယ်ခံ တိုက်စစ်မှူးဘရိုက်ဝိတ်ကတော့ လက်ရွေးစင်အသင်းမှာ ပုံစံကောင်းတွေပြသနေပြီး ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးသာသွင်းထားပေမယ့်

သူ့ရဲ့ တိုးအား၊ ဖန်တီးမှုတွေကြောင့် ကျန်တဲ့တိုက်စစ်အသင်းဖော်တွေအတွက် အခွင့်အရေးဖြစ်စေခဲ့တယ်။

လူငယ်တိုက်စစ်ကစားသမားလေး ဒမ်းစဂါ့တ်က ပြိုင်ပွဲတစ်လျှောက်လုံး အားရစရာကောင်းတဲ့စွမ်းဆောင်ရည်ပြသနေသလို

ဝေးလ်စ်နဲ့ပွဲမှာ ဂိုးပေါက်တွေ့ခဲ့တဲ့ တိုက်စစ်မှူးဒိုလ်ဘာ့ဂ်ကလည်း နှစ်ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တယ်။

အဲရစ်ဆင်ပါခဲ့ရင်တောင် သူ့တစ်ယောက်တည်းကိုပဲ မှီခိုကစားသွားဖို့ရှိပေမယ့် အခု အဲရစ်ဆင်မပါတော့ တစ်သင်းလုံးက စုစည်းမှုပိုကောင်းသွားပြီး

ကစားသမားတစ်ယောက်ချင်းစီက ပိုကြိုးစားကစားနေတာကြောင့် ဒိန်းမတ်အသင်း အခုလို ရလဒ်ကောင်းနေတာလို့ပဲ သတ်မှတ်ရမှာပါ။

ပထမပိုင်းပြီးခါနီး(၄၂)မိနစ်မှာ ကွင်းလယ်လူမယ်လာ ချိုးပေးလိုက်တဲ့ဘောလုံးကို ဒိုလ်ဘာ့ဂ်က အလိုက်သင့်ပိတ်သွင်းပြီး ဒုတိယဂိုးရရှိခဲ့သလို ဒိုလ်ဘာ့ဂ်ဟာ

ဒိန်းမတ်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ တိုမာဆင်၊ ဘရိုင်ယန်လော့ဒရပ်၊ ဟင်းနရစ်လာဆန်၊ ဖရန့်ခ်အာနီဆင်တို့လိုပဲ ယူရိုပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒုတိယပိုင်းမှာတော့ ချက်အသင်း ချေပဂိုးပြန်ရဖို့ အားထည့်ကစားခဲ့ပြီး ပွဲပြန်စလို့မိနစ်ပိုင်းအကြာမှာပဲ ဆိုဖယ်လ်ရဲ့ပေးပို့မှုကနေ တိုက်စစ်မှူးပက်ထရစ်ရှစ်ခ်က

ပိတ်သွင်းခဲ့တာကြောင့် ချက်အသင်း မျှော်လင့်ချက်ပြန်ရှင်သန်လာခဲ့ပါတယ်။

ပက်ထရစ်ရှစ်ခ်ဟာ ယူရို-၂၀၂၀ပြိုင်ပွဲမှာ သွင်းဂိုး(၅)ဂိုးအထိရှိလာပြီး သွင်းဂိုးအများဆုံးစာရင်းမှာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုနဲ့ အရေအတွက်ချင်းတူညီသွားပါပြီ။

ချေပဂိုးတစ်ဂိုး စောစောစီးစီရလိုက်လို့ ချက်အသင်းအတွက် သရေရလဒ်အတွက် အချိန်တွေအများကြီးရခဲ့ပေမယ့် ကွင်းလယ်က ဖန်တီးနိုင်စွမ်းအားနည်းမှု၊

ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေးက အလယ်အလတ်အဆင့်သာရှိတဲ့အပြင် အခွင့်အရေးတချို့ကိုလည်း ဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကာကွယ်နိုင်ခဲ့လို့ ဂိုးထပ်မရခဲ့ပါဘူး။

ဒိန်းမတ်အသင်းကတောင် တန်ပြန်တိုက်စစ်ကနေ ဂိုးရမယ့်အခွင့်အရေးကောင်းတွေ ရခဲ့ပါသေးတယ်။

ပွဲအပြီးမှာတော့ ဒိန်းမတ်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ၁၉၉၂ နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်တက်ခဲ့သလို ဆီမီးဖိုင်နယ်နောက်တစ်ကြိမ်ပြန်တက်ဖို့

(၂၉)နှစ်အထိကြာခဲ့တာကြောင့် နှစ်အကြာဆုံးအချိန်ယူခဲ့ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၉၉၂ အိပ္မက္ေတြကို အသက္ျပန္သြင္းဖို႔ ဆက္လက္ခ်ီတက္ေနဆဲ ဒိန္းမတ္

ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ မထင္မွတ္တဲ့အေနအထားကေန အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ခဲ့တဲ့ဒိန္းမတ္အသင္းဟာ အခုဆိုရင္ ကြာတားဖိုင္နယ္မွာ ခ်က္အသင္းကို အႏိုင္ယူျပၿပီး ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ရွိသြားပါၿပီ။

အဓိကကြင္းလယ္လူ အဲရစ္ဆင္ရဲ႕အျဖစ္အပ်က္ေၾကာင့္သာမက အုပ္စုတြင္းႏွစ္ပြဲဆက္ရႈံးခဲ့လို႔ ဒိန္းမတ္အသင္းတို႔ အိမ္ျပန္ေစာၿပီလို႔ အားလုံးတြက္ခဲ့ၾကေပမယ့္ အုပ္စုေနာက္ဆုံးပြဲမွာ ႐ုရွားကို ဂိုးျပတ္အႏိုင္ယူၿပီးေတာ့ အုပ္စုကတက္ခဲ့သလို ရႈံးထြက္(၁၆)သင္းအဆင့္မွာ ေဝးလ္စ္နဲ႔ အခု ကြာတားဖိုင္နယ္မွာ ခ်က္တို႔ကို ဆက္တိုက္အႏိုင္ယူျပၿပီး ယူ႐ို-၁၉၉၂ ၿပိဳင္ပြဲတုန္းက တစ္ကမာၻလုံးကပရိသတ္ေတြ အံ့အားသင့္သြားေအာင္လုပ္ျပခဲ့သလိုမ်ိဳး ေနာက္တစ္ႀကိမ္စြမ္းေဆာင္ဖို႔အတြက္ ေရွ႕ဆက္ခ်ီတက္ေနဆဲပါပဲ။

ခ်က္အသင္းကလည္း ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက နာမည္ႀကီးနယ္သာလန္ကို ျဖဳတ္ခ်ခဲ့ၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ဆီမီးဖိုင္နယ္တက္ခြင့္ရေရးအတြက္ ႀကိဳးစားခဲ့ေပမယ့္ ဒိန္းမတ္အသင္းကို မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။ ႏွစ္သင္းစလုံးက ေျခစြမ္းအရေရာ၊ ကစားသမားစုဖြဲ႕မႈအရပါ မကြာျခားတာေၾကာင့္ ပြဲက အႀကိတ္အနယ္ရွိခဲ့ၿပီး ဒိန္းမတ္အသင္းက အခြင့္အေရးပိုရခဲ့တယ္လို႔ေျပာရမယ္။

ပြဲအစ(၅)မိနစ္မွာပဲ ေထာင့္ကန္ေဘာကေန Marking မရွိဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္ေနတဲ့ ဒီေလးနီက ေခါင္းတိုက္သြင္းယူခဲ့ၿပီး အဖြင့္ဂိုးေစာေစာစီးစီးရခဲ့တဲ့အတြက္လည္း ဒိန္းမတ္အသင္း ပြဲကို ထိန္းခ်ဳပ္ကစားခြင့္ရခဲ့ပါတယ္။

ဘာစီလိုနာရဲ႕အပယ္ခံ တိုက္စစ္မႉးဘ႐ိုက္ဝိတ္ကေတာ့ လက္ေ႐ြးစင္အသင္းမွာ ပုံစံေကာင္းေတြျပသေနၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ဂိုးသာသြင္းထားေပမယ့္ သူ႔ရဲ႕ တိုးအား၊ ဖန္တီးမႈေတြေၾကာင့္ က်န္တဲ့တိုက္စစ္အသင္းေဖာ္ေတြအတြက္ အခြင့္အေရးျဖစ္ေစခဲ့တယ္။

လူငယ္တိုက္စစ္ကစားသမားေလး ဒမ္းစဂါ့တ္က ၿပိဳင္ပြဲတစ္ေလွ်ာက္လုံး အားရစရာေကာင္းတဲ့စြမ္းေဆာင္ရည္ျပသေနသလို ေဝးလ္စ္နဲ႔ပြဲမွာ ဂိုးေပါက္ေတြ႕ခဲ့တဲ့ တိုက္စစ္မႉးဒိုလ္ဘာ့ဂ္ကလည္း ႏွစ္ပြဲဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့တယ္။

အဲရစ္ဆင္ပါခဲ့ရင္ေတာင္ သူ႔တစ္ေယာက္တည္းကိုပဲ မွီခိုကစားသြားဖို႔ရွိေပမယ့္ အခု အဲရစ္ဆင္မပါေတာ့ တစ္သင္းလုံးက စုစည္းမႈပိုေကာင္းသြားၿပီး ကစားသမားတစ္ေယာက္ခ်င္းစီက ပိုႀကိဳးစားကစားေနတာေၾကာင့္ ဒိန္းမတ္အသင္း အခုလို ရလဒ္ေကာင္းေနတာလို႔ပဲ သတ္မွတ္ရမွာပါ။

ပထမပိုင္းၿပီးခါနီး(၄၂)မိနစ္မွာ ကြင္းလယ္လူမယ္လာ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ဒိုလ္ဘာ့ဂ္က အလိုက္သင့္ပိတ္သြင္းၿပီး ဒုတိယဂိုးရရွိခဲ့သလို ဒိုလ္ဘာ့ဂ္ဟာ ဒိန္းမတ္ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ တိုမာဆင္၊ ဘ႐ိုင္ယန္ေလာ့ဒရပ္၊ ဟင္းနရစ္လာဆန္၊ ဖရန႔္ခ္အာနီဆင္တို႔လိုပဲ ယူ႐ိုၿပိဳင္ပြဲမွာ (၃)ဂိုးသြင္းယူႏိုင္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဒုတိယပိုင္းမွာေတာ့ ခ်က္အသင္း ေခ်ပဂိုးျပန္ရဖို႔ အားထည့္ကစားခဲ့ၿပီး ပြဲျပန္စလို႔မိနစ္ပိုင္းအၾကာမွာပဲ ဆိုဖယ္လ္ရဲ႕ေပးပို႔မႈကေန တိုက္စစ္မႉးပက္ထရစ္ရွစ္ခ္က ပိတ္သြင္းခဲ့တာေၾကာင့္ ခ်က္အသင္း ေမွ်ာ္လင့္ခ်က္ျပန္ရွင္သန္လာခဲ့ပါတယ္။

ပက္ထရစ္ရွစ္ခ္ဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ သြင္းဂိုး(၅)ဂိုးအထိရွိလာၿပီး သြင္းဂိုးအမ်ားဆုံးစာရင္းမွာ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုနဲ႔ အေရအတြက္ခ်င္းတူညီသြားပါၿပီ။ ေခ်ပဂိုးတစ္ဂိုး ေစာေစာစီးစီရလိုက္လို႔ ခ်က္အသင္းအတြက္ သေရရလဒ္အတြက္ အခ်ိန္ေတြအမ်ားႀကီးရခဲ့ေပမယ့္ ကြင္းလယ္က ဖန္တီးႏိုင္စြမ္းအားနည္းမႈ၊ ကစားသမားတစ္ဦးခ်င္းစီရဲ႕ အရည္အေသြးက အလယ္အလတ္အဆင့္သာရွိတဲ့အျပင္ အခြင့္အေရးတခ်ိဳ႕ကိုလည္း ဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကာကြယ္ႏိုင္ခဲ့လို႔ ဂိုးထပ္မရခဲ့ပါဘူး။

ဒိန္းမတ္အသင္းကေတာင္ တန္ျပန္တိုက္စစ္ကေန ဂိုးရမယ့္အခြင့္အေရးေကာင္းေတြ ရခဲ့ပါေသးတယ္။ ပြဲအၿပီးမွာေတာ့ ဒိန္းမတ္အသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ၁၉၉၂ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ဆီမီးဖိုင္နယ္တက္ခဲ့သလို ဆီမီးဖိုင္နယ္ေနာက္တစ္ႀကိမ္ျပန္တက္ဖို႔ (၂၉)ႏွစ္အထိၾကာခဲ့တာေၾကာင့္ ႏွစ္အၾကာဆုံးအခ်ိန္ယူခဲ့ရတဲ့အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။