၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲက မာရာဒိုနာရဲ့ပုံရိပ်နဲ့ခိုင်းနှိုင်းချီးကျူးခံနေရတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဥရုဂွေးအသင်းကို (၃-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီကို ပြိုင်ဘက်ကစားသမား(၆)ဦးက ဝန်းရံတားဆီးနေကြတဲ့ပုံက

၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားဂန္ထဝင်ကစားသမားမာရာဒိုနာရဲ့ပုံရိပ်နဲ့ဆင်တူနေတယ်ဆိုပြီး ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဘယ်လ်ဂျီယံအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ မာရာဒိုနာကို ပြိုင်ဘက်ကစားသမား(၆)ဦးက ဟန့်တားဖို့ပြင်ဆင်နေတဲ့ဓာတ်ပုံက အခုအချိန်အထိ မီဒီယာစာမျက်နှာတွေပေါ်မှာ ရေပန်းစားနေဆဲဖြစ်ပြီး

အခု မက်ဆီကလည်း ဥရုဂွေးကစားသမား(၆)ဦးကို လှည့်စားပြီးတော့ ညာခြမ်းက လိုဆယ်ဆိုကို ဘောလုံးထိုးပေးလိုက်တာကနေ လိုဆယ်ဆိုက မာတီနက်ဇ်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် အဖွင့့်ဂိုးကို (၃၈)မိနစ်မှာသွင်းယူခဲ့ပြီး တောင်အမေရိက,ကစားသမားတွေထဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အာဂျင်တီးနားကစားသမားဘဝတစ်လျှောက် မက်ဆီသွင်းယူခဲ့တဲ့သွင်းဂိုးအရေအတွက်က ဂိုး(၈၀)အထိရှိလာပြီဖြစ်လို့ အခုလိုစံချိန်ကောင်းပိုင်ဆိုင်ခဲ့တာဖြစ်ပြီး တောင်အမေရိကဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ မာရာဒိုနာ၊ ပီလီ၊ ရော်နယ်လ်ဒိုတို့တောင် မက်ဆီလိုမျိုး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဥရုဂွေးနဲ့ပွဲအပြီးမှာ မက်ဆီက “ကျွန်တော်တို့ဟာ ဒီပွဲမှာအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

အရာအားလုံးက ကျွန်တော်တို့ ပြင်ဆင်ထားတဲ့အတိုင်းကွက်တိဖြစ်ခဲ့ပါတယ်။

ဥရုဂွေးအသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းပါ။

ကျွန်တော်တို့ အဖွင့်ဂိုးရခဲ့ပြီးတဲ့နောက် သူတို့အသင်းရဲ့ Space တွေမှာ နေရာယူထိုးဖောက်ကစားခဲ့ပြီး နောက်ထပ်ဂိုးတွေထပ်ရခဲ့တာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ တောင်အမေရိကဇုန်မှာ ဘရာဇီးလ်အသင်းက(၂၈)မှတ်နဲ့ဦးဆောင်နေပြီး အာဂျင်တီးနားအသင်းကတော့ (၆)မှတ်အကွာနဲ့ ဖိအားပေးနေတာဖြစ်ပါတယ်။

တောင်အမေရိကဇုန်မှာ ထိပ်ဆုံး(၄)သင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မှာဖြစ်တာကြောင့် (၁၆)မှတ်စီရထားတဲ့ အီကွေဒေါ(အဆင့်၃)၊ ဥရုဂွေး(အဆင့်၄)တို့ကို အမှတ်ဖြတ်ထားနိုင်တဲ့ အာဂျင်တီးနားအသင်းအတွက် ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသလောက်ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၉၈၂ ကမာၻ႔ဖလားၿပိဳင္ပြဲက မာရာဒိုနာရဲ႕ပုံရိပ္နဲ႔ခိုင္းႏႈိင္းခ်ီးက်ဴးခံေနရတဲ့ မက္ဆီ

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းက ဥ႐ုေဂြးအသင္းကို (၃-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲတုန္းက အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီကို ၿပိဳင္ဘက္ကစားသမား(၆)ဦးက ဝန္းရံတားဆီးေနၾကတဲ့ပုံက ၁၉၈၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားဂႏၴဝင္ကစားသမားမာရာဒိုနာရဲ႕ပုံရိပ္နဲ႔ဆင္တူေနတယ္ဆိုၿပီး ပရိသတ္ေတြက ခ်ီးက်ဴးေနၾကပါတယ္။

၁၉၈၂ ကမာၻ႔ဖလားၿပိဳင္ပြဲ၊ ဘယ္လ္ဂ်ီယံအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ မာရာဒိုနာကို ၿပိဳင္ဘက္ကစားသမား(၆)ဦးက ဟန႔္တားဖို႔ျပင္ဆင္ေနတဲ့ဓာတ္ပုံက အခုအခ်ိန္အထိ မီဒီယာစာမ်က္ႏွာေတြေပၚမွာ ေရပန္းစားေနဆဲျဖစ္ၿပီး အခု မက္ဆီကလည္း ဥ႐ုေဂြးကစားသမား(၆)ဦးကို လွည့္စားၿပီးေတာ့ ညာျခမ္းက လိုဆယ္ဆိုကို ေဘာလုံးထိုးေပးလိုက္တာကေန လိုဆယ္ဆိုက မာတီနက္ဇ္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲမွာ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ အဖြင့့္ဂိုးကို (၃၈)မိနစ္မွာသြင္းယူခဲ့ၿပီး ေတာင္အေမရိက,ကစားသမားေတြထဲမွာ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

အာဂ်င္တီးနားကစားသမားဘဝတစ္ေလွ်ာက္ မက္ဆီသြင္းယူခဲ့တဲ့သြင္းဂိုးအေရအတြက္က ဂိုး(၈၀)အထိရွိလာၿပီျဖစ္လို႔ အခုလိုစံခ်ိန္ေကာင္းပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ေတာင္အေမရိကဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ မာရာဒိုနာ၊ ပီလီ၊ ေရာ္နယ္လ္ဒိုတို႔ေတာင္ မက္ဆီလိုမ်ိဳး ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဥ႐ုေဂြးနဲ႔ပြဲအၿပီးမွာ မက္ဆီက “ကြၽန္ေတာ္တို႔ဟာ ဒီပြဲမွာအေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္။ အရာအားလုံးက ကြၽန္ေတာ္တို႔ ျပင္ဆင္ထားတဲ့အတိုင္းကြက္တိျဖစ္ခဲ့ပါတယ္။ ဥ႐ုေဂြးအသင္းက အသင္းေကာင္းတစ္သင္းျဖစ္သလို ၿပိဳင္ဘက္ေတြကို ဒုကၡေပးႏိုင္စြမ္းရွိတဲ့အသင္းပါ။

ကြၽန္ေတာ္တို႔ အဖြင့္ဂိုးရခဲ့ၿပီးတဲ့ေနာက္ သူတို႔အသင္းရဲ႕ Space ေတြမွာ ေနရာယူထိုးေဖာက္ကစားခဲ့ၿပီး ေနာက္ထပ္ဂိုးေတြထပ္ရခဲ့တာပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ၊ ေတာင္အေမရိကဇုန္မွာ ဘရာဇီးလ္အသင္းက(၂၈)မွတ္နဲ႔ဦးေဆာင္ေနၿပီး အာဂ်င္တီးနားအသင္းကေတာ့ (၆)မွတ္အကြာနဲ႔ ဖိအားေပးေနတာျဖစ္ပါတယ္။ ေတာင္အေမရိကဇုန္မွာ ထိပ္ဆုံး(၄)သင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္မွာျဖစ္တာေၾကာင့္ (၁၆)မွတ္စီရထားတဲ့ အီေကြေဒါ(အဆင့္၃)၊ ဥ႐ုေဂြး(အဆင့္၄)တို႔ကို အမွတ္ျဖတ္ထားႏိုင္တဲ့ အာဂ်င္တီးနားအသင္းအတြက္ ေျခစစ္ပြဲေအာင္ျမင္ဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။