၁၉၆၆ ခုနှစ်နောက်ပိုင်း ရှုံးထွက်အဆင့်မှာ ဂျာမနီကို တစ်ခါမှ မနိုင်ဘူးသေးတဲ့ အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ် ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် (၁၀:၃၀)အချိန်ကျရင် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

နှစ်သင်းစလုံး အစဉ်အလာပြိုင်ဘက်တွေဖြစ်သလို နိုင်ငံသမိုင်းကြောင်းအစဉ်အလာ၊ ဘောလုံးသမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာကြောင့် ဒီနှစ်သင်းဆုံတွေ့ရင် အမြဲတမ်းပွဲဆူလေ့ရှိပါတယ်။

အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ဟာ ကမ္ဘာ့ဖလား/ယူရိုပြိုင်ပွဲနှစ်ခုမှာ အခုပွဲအပါအဝင် စုစုပေါင်း(၈)ကြိမ်အထိဆုံတွေ့ဖူးပြီး ဒါက ဘောလုံးသမိုင်းတစ်လျှောက် ပြိုင်ပွဲကြီးတွေမှာ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုအများဆုံးပါပဲ။

အင်္ဂလန်အသင်းအနေနဲ့ ဝင်ဘလေကွင်းမှာကစားရတာကြောင့် အိမ်ကွင်းအားသာချက်ရှိနေပေမယ့် နှစ်ပေါင်းများစွာ မချိုးဖျက်နိုင်သေးတဲ့ မှတ်တမ်းဆိုးတစ်ခုလည်းရှိနေပါတယ်။

အဲဒါကတော့ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း နှစ်ပေါင်း(၅၀)ကျော်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီအသင်းနဲ့ ဆုံတွေ့ခဲ့တိုင်း အင်္ဂလန်အသင်း အနိုင်မရဖူးသေးတာပါပဲ။

အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို အချိန်ပိုမှာသွင်းယူခဲ့တဲ့ဂိုးတွေနဲ့အတူ (၄-၂)ဂိုးရလဒ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပြီး

အဲဒီနောက်ပိုင်း အံ့အားသင့်စရာကောင်းလောက်အောင် ရှုံးထွက်အဆင့်တွေမှာ ဂျာမနီကို အနိုင်မရတော့တာက (၅၅)နှစ်အထိကြာမြင့်နေပါပြီ။

၁၉၇၀ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ဂျာမနီအသင်းက (၃-၂)ဂိုးနဲ့ အင်္ဂလန်ကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲရှုံးကြွေးပြန်ဆပ်ခဲ့သလို ၁၉၉၀ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာလည်း ဂျာမနီအသင်းကပဲ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြန်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူရို-၉၆ ပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမနီအသင်းဟာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အိမ်ရှင်အင်္ဂလန်ကို

ထပ်မံအနိုင်ရခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်မှာတော့ ဂျာမနီက (၄-၁)ဂိုးရလဒ်နဲ့ အင်္ဂလန်ကို အရှက်တကွဲဖြစ်စေခဲ့ပါတယ်။

(၇)နှစ်အကြာမှာတော့ ယူရို-၂၀၂၀ ပြိုင်ပွဲရှုံးထွက်(၁၆)သင်းအဆင့်မှာ ဒီနှစ်သင်း ပထမဆုံးအကြိမ် ပြန်ဆုံတွေ့နေပါပြီ။

အင်္ဂလန်အသင်းအတွက် နောက်ထပ်စိုးရိမ်စရာကောင်းတဲ့ မှတ်တမ်းဆိုးတစ်ခုကလည်း ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် (၅၃)နှစ်တာကာလအတွင်း အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်ပွဲတွေမှာ တစ်ကြိမ်သာအနိုင်ရခဲ့တာပါပဲ။

အင်္ဂလန်အသင်းဟာ ယူရို-၁၉၆၈ ဆီမီးဖိုင်နယ်မှာ ယူဂိုဆလားဗီးယားကို ရှုံး၊ ယူရို-၁၉၉၆ ကွာတားဖိုင်နယ်မှာ စပိန်ကို ပယ်နယ်တီနဲ့အနိုင်ယူခဲ့ပေမယ့်

ဆီမီးဖိုင်နယ်မှာတော့ ဂျာမနီကို ပယ်နယ်တီနဲ့ပဲ ရှုံးနိမ့်ပြီး ၂၀၀၄ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီ၊ ၂၀၁၂ ကွာတားဖိုင်နယ်မှာ အီတလီနဲ့ ၂၀၁၂ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အိုက်စလန်တို့ကို ရှုံးနိမ့်ခဲ့တာပါ။

ဒီလိုမှတ်တမ်းဆိုးတွေပိုင်ဆိုင်ထားတဲ့ အင်္ဂလန်အသင်းအနေနဲ့ အခုဂျာမနီနဲ့ကစားမယ့်ပွဲမှာ နိုင်ပွဲရယူပြီး နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ အစဉ်အလာဆိုးတွေ၊ ရာဇဝင်ပြိုင်ဘက် ဂျာမနီနဲ့ ရှုံးထွက်အဆင့်တွေမှာ ဆုံတွေ့တိုင်း ရလဒ်မကောင်းခဲ့တာတွေကို ရပ်တန့်နိုင်မလား . . .

ဒါမှမဟုတ် ကြမ္မာဆိုးတွေပဲ ဆက်လက်ပိုင်ဆိုင်သွားမလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၁၉၆၆ ခုႏွစ္ေနာက္ပိုင္းကတည္းက ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြရဲ႕ ရႈံးထြက္အဆင့္မွာ ဂ်ာမနီကို တစ္ခါမွ မႏိုင္ဘူးေသးတဲ့ အဂၤလန္

ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအျဖစ္ ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့ အဂၤလန္နဲ႔ ဂ်ာမနီအသင္းတို႔ဟာ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀)အခ်ိန္က်ရင္ ဝင္ဘေလကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ႏွစ္သင္းစလုံး အစဥ္အလာၿပိဳင္ဘက္ေတြျဖစ္သလို ႏိုင္ငံသမိုင္းေၾကာင္းအစဥ္အလာ၊ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တာေၾကာင့္ ဒီႏွစ္သင္းဆုံေတြ႕ရင္ အၿမဲတမ္းပြဲဆူေလ့ရွိပါတယ္။

အဂၤလန္နဲ႔ ဂ်ာမနီအသင္းတို႔ဟာ ကမာၻ႔ဖလား/ယူ႐ိုၿပိဳင္ပြဲႏွစ္ခုမွာ အခုပြဲအပါအဝင္ စုစုေပါင္း(၈)ႀကိမ္အထိဆုံေတြ႕ဖူးၿပီး ဒါက ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲႀကီးေတြမွာ ႏွစ္သင္းထိပ္တိုက္ေတြ႕ဆုံမႈအမ်ားဆုံးပါပဲ။ အဂၤလန္အသင္းအေနနဲ႔ ဝင္ဘေလကြင္းမွာကစားရတာေၾကာင့္ အိမ္ကြင္းအားသာခ်က္ရွိေနေပမယ့္ ႏွစ္ေပါင္းမ်ားစြာ မခ်ိဳးဖ်က္ႏိုင္ေသးတဲ့ မွတ္တမ္းဆိုးတစ္ခုလည္းရွိေနပါတယ္။ အဲဒါကေတာ့ ၁၉၆၆ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ႏွစ္ေပါင္း(၅၀)ေက်ာ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြရဲ႕ ရႈံးထြက္အဆင့္မွာ ဂ်ာမနီအသင္းနဲ႔ ဆုံေတြ႕ခဲ့တိုင္း အဂၤလန္အသင္း အႏိုင္မရဖူးေသးတာပါပဲ။

အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၁၉၆၆ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက အဂၤလန္အသင္းဟာ ဂ်ာမနီအသင္းကို အခ်ိန္ပိုမွာသြင္းယူခဲ့တဲ့ဂိုးေတြနဲ႔အတူ (၄-၂)ဂိုးရလဒ္နဲ႔ အႏိုင္ရဗိုလ္စြဲခဲ့ၿပီး အဲဒီေနာက္ပိုင္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ရႈံးထြက္အဆင့္ေတြမွာ ဂ်ာမနီကို အႏိုင္မရေတာ့တာက (၅၅)ႏွစ္အထိၾကာျမင့္ေနပါၿပီ။ ၁၉၇၀ ကမာၻ႔ဖလားကြာတားဖိုင္နယ္မွာ ဂ်ာမနီအသင္းက (၃-၂)ဂိုးနဲ႔ အဂၤလန္ကိုအႏိုင္ယူၿပီး ကမာၻ႔ဖလားဗိုလ္လုပြဲရႈံးေႂကြးျပန္ဆပ္ခဲ့သလို ၁၉၉၀ ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာလည္း ဂ်ာမနီအသင္းကပဲ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့ျပန္ပါတယ္။

အဂၤလန္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ယူ႐ို-၉၆ ၿပိဳင္ပြဲတုန္းက ဆီမီးဖိုင္နယ္အဆင့္မွာ ဂ်ာမနီအသင္းဟာ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အိမ္ရွင္အဂၤလန္ကို ထပ္မံအႏိုင္ရခဲ့ၿပီး ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ေနာက္ဆုံးအႀကိမ္ဆုံေတြ႕ခဲ့တဲ့ ၂၀၁၄ ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္မွာေတာ့ ဂ်ာမနီက (၄-၁)ဂိုးရလဒ္နဲ႔ အဂၤလန္ကို အရွက္တကြဲျဖစ္ေစခဲ့ပါတယ္။ (၇)ႏွစ္အၾကာမွာေတာ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရႈံးထြက္(၁၆)သင္းအဆင့္မွာ ဒီႏွစ္သင္း ပထမဆုံးအႀကိမ္ ျပန္ဆုံေတြ႕ေနပါၿပီ။

အဂၤလန္အသင္းအတြက္ ေနာက္ထပ္စိုးရိမ္စရာေကာင္းတဲ့ မွတ္တမ္းဆိုးတစ္ခုကလည္း ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၅၃)ႏွစ္တာကာလအတြင္း အဂၤလန္အသင္းဟာ ရႈံးထြက္အဆင့္ပြဲေတြမွာ တစ္ႀကိမ္သာအႏိုင္ရခဲ့တာပါပဲ။ အဂၤလန္အသင္းဟာ ယူ႐ို-၁၉၆၈ ဆီမီးဖိုင္နယ္မွာ ယူဂိုဆလားဗီးယားကို ရႈံး၊ ယူ႐ို-၁၉၉၆ ကြာတားဖိုင္နယ္မွာ စပိန္ကို ပယ္နယ္တီနဲ႔အႏိုင္ယူခဲ့ေပမယ့္ ဆီမီးဖိုင္နယ္မွာေတာ့ ဂ်ာမနီကို ပယ္နယ္တီနဲ႔ပဲ ရႈံးနိမ့္ၿပီး ၂၀၀၄ ကြာတားဖိုင္နယ္မွာ ေပၚတူဂီ၊ ၂၀၁၂ ကြာတားဖိုင္နယ္မွာ အီတလီနဲ႔ ၂၀၁၂ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အိုက္စလန္တို႔ကို ရႈံးနိမ့္ခဲ့တာပါ။

ဒီလိုမွတ္တမ္းဆိုးေတြပိုင္ဆိုင္ထားတဲ့ အဂၤလန္အသင္းအေနနဲ႔ အခုဂ်ာမနီနဲ႔ကစားမယ့္ပြဲမွာ ႏိုင္ပြဲရယူၿပီး ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေနၿပီျဖစ္တဲ့ အစဥ္အလာဆိုးေတြ၊ ရာဇဝင္ၿပိဳင္ဘက္ ဂ်ာမနီနဲ႔ ရႈံးထြက္အဆင့္ေတြမွာ ဆုံေတြ႕တိုင္း ရလဒ္မေကာင္းခဲ့တာေတြကို ရပ္တန႔္ႏိုင္မလား . .ဒါမွမဟုတ္ ၾကမၼာဆိုးေတြပဲ ဆက္လက္ပိုင္ဆိုင္သြားမလားဆိုတာကေတာ့ . . .