၁၉၆၁-၆၂ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ရင်ဆိုင်နေရပြီး တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်လ်ဒိုနဲ့လမ်းခွဲခဲ့ပြီးကတည်းက ရုန်းကန်နေရတဲ့ဂျူဗင်တပ်စ်အသင်းဟာ မနေ့က,ကစားခဲ့တဲ့ အေစီမီလန်နဲ့ပွဲမှာ (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့် ၁၉၆၁-၆၂ ရာသီနောက်ပိုင်း နှစ်ပေါင်း(၆၀)အတွင်းအဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပွဲအစ(၄)မိနစ်မှာ မိုရာတာသွင်းယူခဲ့တဲ့ဂိုးနဲ့ ပထမပိုင်းအပြီးအထိ ဦးဆောင်နိုင်ခဲ့ပေမယ့် (၇၆)မိနစ်မှာ အေစီမီလန်တောင်ပံတိုက်စစ်ကစားသမား ရယ်ဘစ်က ချေပဂိုးပြန်သွင်းယူခဲ့တာကြောင့်

တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ရယ်ဘစ်ဟာ ၁၉၉၄-၉၅ ရာသီနောက်ပိုင်း ဂျူဗင်တပ်စ်အသင်းနဲ့ဆုံတွေ့ခဲ့တဲ့ စီးရီးအေ(၃)ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးမိုရာတာကတော့ ၁၉၉၆၊ ဖေဖော်ဝါရီလတုန်းက ပွဲအစ(၃)မိနစ်နဲ့ဂိုးသွင်းယူခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားဟောင်း အန်တိုနီယိုကွန်တီနောက်ပိုင်း ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေမှာအမြန်ဆုံးဂိုးသွင်းသူအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ မသွင်းယူနိုင်ခဲ့ပါဘူး။

အခုဆိုရင် ၂၀၂၁-၂၂ ရာသီ စီးရီအေးပွဲစဉ်(၄)ပွဲကစားပြီးချိန်မှာ ဂျူဗင်တပ်စ်အသင်းဟာ အူဒီးနီးစ်နဲ့သရေ၊ အမ်ပိုလီနဲ့နာပိုလီတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အခု အေစီမီလန်နဲ့သရေထပ်ကျခဲ့တာကြောင့်

၁၉၆၁-၆၂ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ ရင်ဆိုင်နေရတဲ့အပြင် အသင်းသမိုင်းတစ်လျှောက် စတုတ္ထမြောက်အဖြစ် ရာသီအစ(၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာပဲဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၁၉၄၂-၄၃၊ ၁၉၅၅-၅၆၊ ၁၉၆၁-၆၂ ရာသီနဲ့ ဒီရာသီတွေမှာ စီးရီးအေရာသီအစ(၄)ပွဲကစားပြီး နိုင်ပွဲတစ်ပွဲမှမရသေးတဲ့မှတ်တမ်းဆိုင်းပိုင်ဆိုင်ခဲ့ရသလို အခုလောလောဆယ် ရမှတ်(၂)မှတ်သာရထားသေးတာကြောင့် တန်းဆင်းဇုန်အဆင့်(၁၈)နေရာမှာ ရပ်တည်နေရပါတယ်။

စီးရီးအေချန်ပီယံဆုကို (၉)နှစ်ဆက်တိုက်ရရှိခဲ့ပေမယ့် မနှစ်က အင်တာမီလန်အသင်းဆီ ချန်ပီယံဘွဲ့လွှဲပြောင်းပေးခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းဟာ တစ်ချိန်တုန်းက အသင်းနဲ့အတူအောင်မြင်မှုတွေရယူခဲ့တဲ့ နည်းပြအယ်လီဂရီကို ပြန်လည်ခန့်အပ်ခဲ့ပေမယ့်

စိတ်ပျက်စရာ ရလဒ်တွေနဲ့ရင်ဆိုင်နေရပြီး ရာသီအစ(၄)ပွဲကစားပြီးချိန်မှာပဲ ထိပ်ဆုံးက အင်တာမီလန်နဲ့ (၈)မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၉၆၁-၆၂ ရာသီေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစနဲ႔ရင္ဆိုင္ေနရၿပီး တန္းဆင္းဇုန္ထဲေရာက္ေနတဲ့ ဂ်ဴဗင္တပ္စ္

စီေရာ္နယ္လ္ဒိုနဲ႔လမ္းခြဲခဲ့ၿပီးကတည္းက ႐ုန္းကန္ေနရတဲ့ဂ်ဴဗင္တပ္စ္အသင္းဟာ မေန႔က,ကစားခဲ့တဲ့ ေအစီမီလန္နဲ႔ပြဲမွာ (၁-၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္ ၁၉၆၁-၆၂ ရာသီေနာက္ပိုင္း ႏွစ္ေပါင္း(၆၀)အတြင္းအဆိုး႐ြားဆုံးရာသီအစနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ပြဲအစ(၄)မိနစ္မွာ မိုရာတာသြင္းယူခဲ့တဲ့ဂိုးနဲ႔ ပထမပိုင္းအၿပီးအထိ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ (၇၆)မိနစ္မွာ ေအစီမီလန္ေတာင္ပံတိုက္စစ္ကစားသမား ရယ္ဘစ္က ေခ်ပဂိုးျပန္သြင္းယူခဲ့တာေၾကာင့္ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့ၿပီး ရယ္ဘစ္ဟာ ၁၉၉၄-၉၅ ရာသီေနာက္ပိုင္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ စီးရီးေအ(၃)ပြဲဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့တဲ့ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးမိုရာတာကေတာ့ ၁၉၉၆၊ ေဖေဖာ္ဝါရီလတုန္းက ပြဲအစ(၃)မိနစ္နဲ႔ဂိုးသြင္းယူခဲ့ဖူးတဲ့ နာမည္ေက်ာ္ကစားသမားေဟာင္း အန္တိုနီယိုကြန္တီေနာက္ပိုင္း ဂ်ဴဗင္တပ္စ္အသင္းအတြက္ စီးရီးေအမွာအျမန္ဆုံးဂိုးသြင္းသူအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ လိုအပ္တဲ့ အႏိုင္ဂိုးကိုေတာ့ မသြင္းယူႏိုင္ခဲ့ပါဘူး။

အခုဆိုရင္ ၂၀၂၁-၂၂ ရာသီ စီးရီေအးပြဲစဥ္(၄)ပြဲကစားၿပီးခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းဟာ အူဒီးနီးစ္နဲ႔သေရ၊ အမ္ပိုလီနဲ႔နာပိုလီတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး အခု ေအစီမီလန္နဲ႔သေရထပ္က်ခဲ့တာေၾကာင့္ ၁၉၆၁-၆၂ ရာသီေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစရလဒ္နဲ႔ ရင္ဆိုင္ေနရတဲ့အျပင္ အသင္းသမိုင္းတစ္ေလွ်ာက္ စတုတၳေျမာက္အျဖစ္ ရာသီအစ(၄)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာပဲျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ၁၉၄၂-၄၃၊ ၁၉၅၅-၅၆၊ ၁၉၆၁-၆၂ ရာသီနဲ႔ ဒီရာသီေတြမွာ စီးရီးေအရာသီအစ(၄)ပြဲကစားၿပီး ႏိုင္ပြဲတစ္ပြဲမွမရေသးတဲ့မွတ္တမ္းဆိုင္းပိုင္ဆိုင္ခဲ့ရသလို အခုေလာေလာဆယ္ ရမွတ္(၂)မွတ္သာရထားေသးတာေၾကာင့္ တန္းဆင္းဇုန္အဆင့္(၁၈)ေနရာမွာ ရပ္တည္ေနရပါတယ္။ စီးရီးေအခ်န္ပီယံဆုကို (၉)ႏွစ္ဆက္တိုက္ရရွိခဲ့ေပမယ့္ မႏွစ္က အင္တာမီလန္အသင္းဆီ ခ်န္ပီယံဘြဲ႕လႊဲေျပာင္းေပးခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ တစ္ခ်ိန္တုန္းက အသင္းနဲ႔အတူေအာင္ျမင္မႈေတြရယူခဲ့တဲ့ နည္းျပအယ္လီဂရီကို ျပန္လည္ခန႔္အပ္ခဲ့ေပမယ့္ စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ရင္ဆိုင္ေနရၿပီး ရာသီအစ(၄)ပြဲကစားၿပီးခ်ိန္မွာပဲ ထိပ္ဆုံးက အင္တာမီလန္နဲ႔ (၈)မွတ္အထိကြာဟေနၿပီျဖစ္ပါတယ္။